NCA လက်မှတ်ထိုးရန် UNFC ကို အပစ်ရပ် ရှစ်ဖွဲ့ခေါင်းဆောင်များ တိုက်တွန်း

NCA လက်မှတ်ထိုး ရှစ်ဖွဲ့နှင့် UNFC ခေါင်းဆောင်များ ဇန်န၀ါရီ ၁၃ ရက်က တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ - အောင်အောင်(ချင်းမိုင်))

 တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ထိုး သင့်ကြောင်း ညီညွတ်သောတိုင်း ရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ(UNFC)ခေါင်းဆောင် များနှင့် တွေ့ဆုံစဉ် NCA လက် မှတ်ထိုးရှစ်ဖွဲ့ခေါင်းဆောင်များ ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)က တိုက်တွန်းခဲ့သည်။


UNFC ဥက္ကဋ္ဌနိုင်ဟံသာနှင့် PPST ခေါင်းဆောင်များသည် ဇန်န၀ါရီ ၁၃ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ၂ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးစဉ် NCA တွင် ပါဝင်လက်မှတ်ထိုးသင့်ကြောင်း တိုက်တွန်းခဲ့သည်။

‘‘ဘာကြောင့် UNFC ကို PPST က NCA လက်မှတ်ထိုး သင့်တယ်ဆိုတဲ့အကြောင်းကို ရှင်းပြတဲ့အခါ လက်မှတ်ထိုးပြီး ရင် အဖွဲ့တွေများလာမယ်။ အ တွင်းစည်းကနေပြီးတော့ညီညွတ် မှုကို တည်ဆောက်ပြီး ကြိုးပမ်း ခြင်းအားဖြင့် အကျိုးရှိနိုင်တယ်လို့ ကျွန်တော်တို့ကမြင်တယ်။ အဲဒီ အပေါ်မှာ UNFC ကို PPSTအနေ နဲ့ လက်မှတ်ထိုးသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်တာဖြစ် တယ်လို့ အဲဒီလိုရှင်းပြတယ်’’ ဟု PPST အဖွဲ့ဝင် ခိုင်စိုးနိုင်အောင် က ပြောသည်။

UNFC ခေါင်းဆောင်များက လည်း အကယ်၍၎င်းတို့အဆိုပြု ထားသည့်နိုင်ငံရေး၊ စစ်ရေးပိုင်း ဆိုင်ရာအချက်များ ပြေလည်မှုရ ပါက ယင်းအချက်များ သဘော တူညီမှုကို ငြိမ်းချမ်းရေးကော်မ ရှင်နှင့် UNFC ကိုယ်စားလှယ်အဖွဲ့  (DPN)အကြား လက်မှတ်ထိုးခြင်း မျိုးမဟုတ်ဘဲ UNFC နှင့် ဒေါ် အောင်ဆန်းစုကြည် ဥက္ကဋ္ဌတာ ၀န်ယူထားသည့် အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC)အကြား လက်မှတ်ထိုးခြင်းမျိုး ဖြစ်ပေါ် လာရေး ၀ိုင်းဝန်းကူညီပေးရန် ဆွေးနွေးခဲ့ကြောင်း ခိုင်စိုးနိုင် အောင်က ဆိုသည်။

ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး UNFC ကိုယ်စားလှယ်များထံ ဆက်သွယ်ရာ အဆက်အသွယ် မရပေ။ ဆွေးနွေးပွဲတွင် အပစ်ရပ် ရှစ်ဖွဲ့ဘက်မှ ခိုင်စိုးနိုင်အောင်၊ KNU ဒုဥက္ကဋ္ဌပဒိုစောကွယ်ထူး ၀င်း၊ ABSDF ဥက္ကဋ္ဌဦး သံခဲ၊ RCSS မှဗိုလ်မှူးကြီးစိုင်းငင်းတို့ တက်ရောက်ပြီး UNFC ဥက္ကဋ္ဌ နိုင်ဟံသာဦးဆောင်သည့် ကိုယ် စားလှယ်များတက်ရောက်သည်။