တန်းတက်မြ၀တီနှင့် မကွေးအသင်းတို့ အနိုင်၊ အရှုံးမပေါ်

မြန်မာလိဂ်သုံးပွဲဆက် ဂိုးမရှိသရေရလဒ် ထွက်ပေါ်
မြ၀တီအသင်းနှင့် မကွေးအသင်း အကြိတ်အနယ်ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)

 မြန်မာလိဂ်ပွဲစဉ်(၁)တတိယရက်တွင်   တန်းတက်မြ၀တီအသင်းနှင့်   မကွေးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်၊ အရှုံးအဖြေမပေါ်ဘဲ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။ ဇန်န၀ါရီ ၁၃ ရက်က ရန်ကုန်မြို့ အောင်ဆန်းအားက စားကွင်း၌ ယှဉ်ပြိုင်သည့် အဆိုပါ ပွဲတွင် နှစ်သင်းစလုံး ပြည်ပကစား သမားခေါ်ယူထားခြင်း မရှိ၍ ပြည်တွင်းကစားသမားများဖြင့်သာ ပွဲ ထွက်ခဲ့သည်။

မြ၀တီအသင်းသည် ယခုနှစ် တွင် ပထမဦးဆုံး လိဂ်-၁ သို့ တန်းတက်လာသည့် အသင်းဖြစ် သော်လည်း မကွေးအသင်းကို အကောင်းဆုံး ယှဉ်ကစားနိုင်ခဲ့သည်။ ပွဲချိန်ပထမပိုင်းတွင်နှစ်သင်း စလုံး ဂိုးသွင်းခွင့်များရခဲ့သော် လည်း တိုက်စစ်မှူးများ အသုံးမ ချနိုင်သဖြင့် ဂိုးမရှိသရေကျခဲ့ သည်။

ဒုတိယပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန်ရှိခဲ့ပြီး အပိုင်ဂိုးသွင်း ခွင့်အချို့ ရခဲ့သော်လည်း တိုက် စစ်မှူးများ အဆုံးသတ်အားနည်း မှုကြောင့် ဂိုးမရှိသရေ ရလဒ်သာ ထွက်ပေါ်ခဲ့သည်။

၂၀၁၈ မြန်မာလိဂ်ပွဲစဉ်(၁) ပထမရက်တွင် စစ်ကိုင်းနှင့် ရခိုင် အသင်း၊ ဒုတိယရက်တွင် ဇွဲကပင် နှင့် ရှမ်းအသင်းတို့ယှဉ်ပြိုင်ရာ နှစ် ပွဲစလုံးဂိုးမရှိ သရေကျခဲ့သည်။ ထို့ကြောင့် မြန်မာလိဂ်သုံးပွဲပြီး နောက် ဂိုးသွင်းယူနိုင်ခြင်း မရှိ သေးဘဲ သုံးပွဲဆက်ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်သည်။

မြန်မာလိဂ်လက်ကျန်ပွဲများ ကို ဇန်န၀ါရီ ၁၄ ရက် (ယနေ့) တွင်ပဲခူးမြို့ ဂရင်းရွိုင်ရယ်ကွင်း၌ ဟံသာဝတီနှင့် ရန်ကုန်၊ ဇန်န၀ါ ရီ ၁၅ ရက်တွင် မော်လမြိုင်ကွင်း ၌ ဆောက်သမ်းမြန်မာနှင့် GFA၊ မန္တလာသီရိကွင်း၌ ရတနာပုံနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်သည်။