ယူ-၁၃ အမျိုးသမီးဘောလုံးပြိုင်ပွဲ ကွာတားအဆင့်တက်အသင်းများ ပေါ်ထွက်

ရန်ကုန်မြို့တွင် ကျင်းပ နေသော ယူ-၁၃ ပြည်နယ်နှင့် တိုင်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များအပြီး၌ ကွာတားဖိုင်နယ်အဆင့် တက် ရောက်သည့်အသင်းများ ထွက် ပေါ်ခဲ့သည်။

ဇန်န၀ါရီ ၁၃ ရက်က ရန်ကုန်မြို့အမျိုးသားဘောလုံးအကယ် ဒမီ သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပသည့် အုပ်စု နောက်ဆုံးပွဲစဉ်များတွင် တနင်္သာရီအသင်းက ရန်ကုန်အသင်းကို ၇-၀ဂိုး  ဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ အခြားပွဲစဉ်တွင် ကချင်အသင်းက ကရင်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ပြည်နယ် နှင့်တိုင်း  ပြိုင်ပွဲဝင်အသင်း ၁၇ သင်း အုပ်စုလေးခုခွဲ၍ ယှဉ်ပြိုင်ခဲ့သည်။ အုပ်စုနောက်ဆုံးပွဲစဉ်များအပြီး အုပ်စု (က)တွင် တနင်္သာရီနှင့် ရှမ်း (မြောက်)၊ အုပ်စု (ခ) တွင် ရှမ်း (တောင်)နှင့် မကွေး၊ အုပ်စု (ဂ) တွင် ရှမ်း (အရှေ့)နှင့် ဧရာဝတီ၊ အုပ်စု (ဃ)တွင် စစ်ကိုင်းနှင့် နေပြည်တော်အသင်းတို့ ကွာတားအဆင့်တက်ရောက်ခဲ့သည်။

ကွာတားဖိုင်နယ်ပွဲများကို ဇန်န၀ါရီ ၁၄ ရက် (ယနေ့)တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး စစ်ကိုင်းနှင့် မကွေး၊ ရှမ်း (တောင်)နှင့် နေပြည်တော်၊ ရှမ်း (အရှေ့)နှင့် ရှမ်း (မြောက်)၊ တနင်္သာရီနှင့် ဧရာဝတီတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်နှင့် ကမ္ဘောဇဘဏ်တို့ ကြီးမှူး ကျင်းပသည့် KBZ Bank U-13 Girls Tournament 2018 (States & Regions) ပြိုင်ပွဲကို ဇန်န၀ါရီ ၆ ရက်မှ ၁၈ ရက်အထိ ရန်ကုန်မြို့ အမျိုးသားဘောလုံး အကယ်ဒမီမြက်ခင်းတုကွင်းတွင်  ကျင်းပနေခြင်းဖြစ်သည်။