မန်ယူအသင်း ကမ်းလှမ်းချက်ကို ပယ်ချခဲ့ဟု ဂျာဂန်ကလော့ပ်ဖွင့်ဟ

AFP

လီဗာပူး - လီဗာပူးအသင်းကို မကိုင်တွယ်မီ မန်ယူနည်းပြအ ဖြစ် ဒေးဗစ်မိုယက်စ်နေရာ ဆက်ခံနိုင်မည့် အခွင့်အရေးကို ပယ်ချခဲ့ ကြောင်း ဂျာဂန်ကလော့ပ်က ပြောကြားသည်။

ကလော့ပ်သည် ဒေါ့မွန် နည်းပြအဖြစ် နုတ်ထွက်ပြီး လေး လအကြာတွင် လီဗာပူး၌ ဘရန် ဒန်ရော်ဂျာနေရာတွင် အစားထိုး ဝင်ရောက်ခဲ့သည်။

ကလော့ပ် (၅၀)နှစ်သည် ဒေါ့မွန်နှင့်အတူ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုနှစ်ကြိမ် ဆက်တိုက်ရ ခဲ့ပြီး ဥရောပဘောလုံးလောက တွင် အသင်းအများအပြားက အလိုရှိသူဖြစ်ခဲ့သည်။

မန်ယူအသင်းသည် ၂၀၁၄ -၁၅ ရာသီအတွက် လူးဝစ်ဗန် ဂါးလ်အား နည်းပြအဖြစ် မခန့် အပ်မီ မိမိကို ချဉ်းကပ်ခဲ့သည်ဟု Sky Sports က ပြုလုပ်သော လီဗာပူးကစားသမားဟောင်း ဖီးလ်သော်ပဆင်နှင့် တွေ့ဆုံမေးမြန်းမှု တွင် ကလော့ပ်က ဖွင့်ဟသည်။

‘‘ဟုတ်ပါတယ်။ မန်ယူအ သင်းဆီက စိတ်ဝင်စားမှုရှိခဲ့ပါ တယ်။ လွန်ခဲ့တဲ့ တစ်နှစ်၊ တစ် နှစ်ခွဲလောက်ကပါ။ ဒါပေမဲ့လည်း ကျွန်တော်ဘက်က  မှန်တယ်လို့ မခံစားခဲ့ရဘူး။ မန်ယူဟာ ကျွန် တော် နည်းပြချင်တဲ့ အသင်း မဟုတ်ဘူးလို့ မပြောပါဘူး။ မှန် မှန်ကန်ကန်မခံစားခဲ့တာပါ’’ဟု ကလော့ပ်ကပြောသည်။

၎င်းအနေဖြင့် ဘောလုံး လောကမှ ခေတ္တအနားယူလိုခဲ့ သည်ဟု ကလော့ပ်ကပြောသည်။ ထို့အပြင် ၎င်းသည် ဘောလုံးကို အချစ်ဟု ခံစားသူဖြစ်ကြောင်း ဝန်ခံခဲ့ပြီး လီဗာပူးက ခေါ်သောအခါ မိမိရင်တွင်းမှ ဘောလုံးချစ်သူ က မငြင်းပယ်နိုင်ခဲ့ကြောင်း ကလော့ပ်က ဆက်လက်ပြော သည်။

‘‘အသင်းတွေ အများကြီးက  ကျွန်တော့်ကို ခေါ်ပါတယ်။ ကျွန် တော် အနားယူချင်တယ်လို့ပဲ ပြောခဲ့တယ်။ ဒါပေမဲ့လည်း လီဗာပူးက ခေါ်တော်ဆင့်လာရင် ကျွန် တော်သွားမယ်ဆိုတာ ကျွန်တော့် ဇနီးတောင် သိပါတယ်’’ ဟု ကလော့ပ်က ပြောသည်။ ထို့အ ပြင် လီဗာပူးသို့ ရောက်လာပြီး ငြိတွယ်ခဲ့ရသည်ဟု ကလော့ပ်ကဆိုသည်။            —Ref:Goal