သမ္မတ အလုပ်ကိုမလုပ်ဘဲ တီဗီကြည့်ပြီး တွစ်တာသုံးနေသူ ထရန့်

ဘဲဥပုံရုံးခန်းအတွင်းမှ ဒေါ်နယ်ထရန့် (Getty Images)

မကြာသေးခင်က ထွက်ပေါ်လာ သည့် Axios မီဒီယာ၏ သတင်း တစ်ပုဒ်က အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ သမ္မတ ထရန့် တစ်ယောက်နေ့တိုင်း ဘာများ လုပ်နေသလဲဆိုသည်မှာ လူအ များစု မှန်းဆထားသည့် အတိုင်း ပင်ဖြစ်ကြောင်း အတည်ပြုပေးခဲ့ သည်။ ထိုသတင်းက သမ္မတ ထရန့်သည် သူ၏အလုပ်ချိန်တော် တော်များကို ရုပ်မြင်သံကြား ကြည့်ခြင်း၊  ဆိုရှယ်  မီဒီယာတွစ်တာသုံးခြင်းဖြင့် အချိန်ဖြုန်းနေသည်ဆိုသည်ပင်။ အဆိုပါ သတင်းတွင် သမ္မတသည် နာရီအ နည်းငယ်လောက်သာ တကယ် အလုပ်လုပ်သည်။ ပထမဆုံး သမ္မတတာဝန်ယူခါစ အချိန်ထက် စာလျှင်  သမ္မတထရန့်သည် အ လုပ်ကို နောက်ကျမှဝင်သကဲ့သို့ အစည်းအဝေးများလည်း အနည်း ငယ်မျှသာ လုပ်သည်ဟု ထောက် ပြထား၏။

ယမန်နှစ်ကထက်စာလျှင် ထရန့်သည် အစည်းအဝေးများ အတွက် အချိန်အနည်းငယ်ပဲပေး သည်။ သူ၏တာဝန်ထမ်းဆောင်ရ မည့်အချိန်ဇယားကို သမ္မတ၏သီး သန့်အချိန်ဆိုပြီး ဘာမှန်းမသိရ သည့် လုပ်ဆောင်မှုများဖြင့် အချိန်ကုန်သည်ဟု ဆိုသည်။ တကယ်တမ်းမှာ သမ္မတသည် ရုပ်မြင်သံကြား ကြည့်နေခြင်း၊ ဖုန်းများခေါ်ခြင်းနှင့် တွစ်တာသုံးနေခြင်းဖြစ်သည်ဟု သူ၏လက်ထောက်များက ဆိုသည်။

အဆိုပါ သတင်းဆောင်းပါး တွင် ‘‘သမ္မတရုံးခန်းက ထရန့်၏ အလုပ်လုပ်သည့်နေ့ရက်များက တိုလွန်းလှ၏။ နံနက် ၁၁ နာရီက နေ ညနေ ၆ နာရီအထိပဲ ဖြစ် သည်။ ထို့နောက် သူ၏သမ္မတ နားနေဆောင်သို့ ပြန်၏။ ရုံးခန်း မှာ ရှိနေစဉ်မှာလည်း သူကအမြဲ တမ်းအစည်းအဝေး တစ်ခု၊ နှစ်ခု သာလုပ်၏။ အများအားဖြင့် သမ္မ တရုံးခန်းနှင့်ကပ်လျက် ထမင်းစား ခန်းမှာ ဖုန်းများခေါ်ပြီး ရုပ်မြင်သံ ကြားသတင်းများကို ကြည့်နေ တတ်သည်။ ထို့နောက်၏ သူ၏ နားနေဆောင်သို့ ပြန်လာပြီးဖုန်း များခေါ်ကာ ရုပ်မြင်သံကြားကို ထပ်ကြည့်ပြန်၏’’

ထရန့်သည် သူ၏လုပ်ငန်း ခွင်ကို အမေရိကန်အများစုထက် အလုပ်ချိန် သုံးနာရီ၊ လေးနာရီ နောက်ကျပြီးမှ စသည်။ နံနက် ၁၁ နာရီအထိ သူ၏ပထမဆုံးဝန် ထမ်းများကို ညွှန်ကြားရမည့် အ စည်းအဝေးကို မလုပ်သေးချေ။ ကြည့်ရသည်မှာ ထရန့်သည် နံနက်အစောပိုင်း နာရီများ၌တစ် ဆင့်ခံ သတင်းရင်းမြစ်များဖြစ် သည့် တွစ်တာနှင့် သူ့အကြိုက် ဆုံး Fox and Friends ရုပ်သံအစီ အစဉ်ကနေ သတင်းအချက်အ လက်များ ရယူနေပုံရသည်။

နယူးယောက်တိုင်းမ် သတင်းစာက ရေးသားထားသော ထရန့်၏ မနက်ပိုင်းအချိန်ဇယား မှာ မှန်ကန်ကြောင်း Axios က အ တည်ပြုခဲ့သည်။

‘‘ထရန့်သည် နံနက်တိုင်း ၅ နာရီခွဲခန့်မှာ နိုးလာပြီး သူ၏အိပ် ခန်းကနေ ရုပ်မြင်သံကြားကို ဖွင့် သည်။ သတင်းအတွက် စီအင်န် အင်န်ကို ကြည့်၏။ ထို့နောက် သူ့ စိတ်ကို သက်သာရာရအောင် မက်ဆေ့ခ်ျများ ရေးဖို့အတွက် အကြံဉာဏ်ရရေးအတွက် Fox and Friends ရုပ်သံအစီအစဉ်ကို ကြည့်သည်။ တစ်ခါတစ်ရံတွင် MSNBC ရုပ်သံက MorningJoe  အစီအစဉ်ကိုကြည့်၏။ ထိုအစီအစဉ်၏ သူ့အပေါ် ဝေဖန်ချက် များက သူ့ကိုတစ်နေ့တာအတွက် ဒေါမာန်တက်ကြွစေသည်ဟု မိတ်ဆွေများက ထင်ကြသည်။

စွမ်းအင်အပြည့်၊ ဒေါသအ ပြည့်၊ တစ်ခါတစ်ရံ နှစ်မျိုးစလုံးဖြင့်ထရန့်သည် သူ၏အိုင်ဖုန်းကို ကိုင်သည်။ တစ်ခါတစ်ရံခေါင်း အုံးပေါ်မှာ လှဲနေရင်းနှင့် သူကတွစ်တာ သုံးချင်သုံးတတ်သည်ဟု သူ၏၀န်ထမ်းများက ဆိုသည်။ တစ်ခါတလေ ရုံးခန်းဘေးက တခြားရုပ်မြင်သံကြားတစ်လုံးကို ကြည့်နေရင်းလည်း တွစ်တာမှာ စာရေးတင်တတ်၏။ တစ်ခါတလေ အစိုးရအဖွဲ့ အစည်းအဝေးခန်းသို့ သွားရာလမ်းမှာ၊ တစ်နေ့တာအတွက် အ၀တ်အစားလဲရင်း၊ ရံဖန်ရံခါ ည၀တ်စုံနှင့်ပင် သူက တွစ်တာမှာ စာရေးတတ်သည်’’ဟု နယူးယောက်တိုင်းမ် သတင်းစာက ရေးသားခဲ့၏။

ထရန့်၏ နေ့များသည် စနစ် တကျပြင်ဆင်ထားခြင်း မရှိသကဲ့ သို့ စည်းကမ်းတကျလည်း မရှိ ဟု အိမ်ဖြူတော်ဝန်ထမ်းများက ပြော ကြားကြောင်း Axios သတင်းက ရေးသားထားသည်။

 သူနှင့် ပြောင်းပြန် ယခင် သမ္မတဟောင်းများကမူ သူတို့ အိမ်ဖြူတော်မှာရှိစဉ်က နေ့စဉ်အ လုပ်အချိန်ဇယားမှာ ထရန့်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ သမ္မတ ဘားရက်အိုးဘားမားက နေ့စဉ်အလုပ်ချိန်ကို ခပ်စောစော စသည်။ သူသည် နံနက်တိုင်း ရုံး ခန်းမှာရှိစဉ် လေ့ကျင့်ခန်းလုပ် တတ်သူဟု သိကြသည်။ နံနက် ၈ နာရီခွဲတွင် အိုဘားမားသည် ၀န်ထမ်းများကို ပထမဆုံးလုပ် ဆောင်စရာများ ညွှန်ကြားသည့် အစည်းအဝေး လုပ်ပြီးဖြစ်သည်။ ထို့နောက်သူသည် ညနေ ၆ နာရီ အထိ (သို့မဟုတ်) ညနေ ၆ နာရီ ကျော်သည်အထိ ဖုန်းများ အပြန် အလှန်ခေါ်ပြောပြီး အစည်းအ ဝေးများ လုပ်သည်။

သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ် မှာလည်း နေ့စဉ်တာဝန်ကို စော စောစလုပ်သူ ဖြစ်သည်။ နေ့ခင်း တစ်ရေးတမောအိပ်ချိန်နှင့် လေ့ ကျင့်ခန်းလုပ်ချိန်မှအပ တစ်နေ့ ရှစ်နာရီတောက်လျှောက် သူက အလုပ်လုပ်သည်။ အိပ်ရာကို ည ၁၀ နာရီထိုးမှာ ၀င်တတ်သည်။

အိမ်ဖြူတော် ပြန်ကြားရေး မှူး ဆာရာဟူကာဘီးက Axios မှ သမ္မတထရန့်၏ အလုပ်ချိန်အ ကြောင်း သတင်းကို ထူးထူးဆန်း ဆန်း ရယ်မောတုံ့ပြန်သည်။

‘‘သမ္မတ ထရန့်က ကျွန်မ တွေ့သမျှထဲမှာတော့ အလုပ်လုပ် ဆုံး လူတစ်ယောက်ပဲ။ နာရီများ စွာ၊ ရက်ပေါင်းများစွာ စိတ်နှစ် ပြီး တစ်နှစ်လုံး၊ တစ်ပတ်လုံး၊ နေ့တိုင်းလိုလို အလုပ်လုပ်တယ်။ သတင်းထောက်တွေကတောင် ပြောဖူးတယ်။ သူတို့အနေနဲ့ သမ္မတအလုပ်လုပ်တာကို အရှိန်လျှော့စေချင်တယ်။ ဘာလို့လဲဆိုတော့ သူ့ကိုအမီလိုက်ရတာ တစ်ခါတလေ မလွယ်လွန်းလို့တဲ့’’

မျှမျှတတ ပြောရလျှင် အမေရိကန်များအနေဖြင့် သမ္မတထရန့်ကို အမီလိုက်ရသည်မှာ မလွယ်ရေးချမလွယ် ဖြစ်နေသည်က အမှန်ပင် ဖြစ်သည်။

(Axios ၏ Trump's Secret, Shrinking Schedule ကို ဘာ သာပြန်ဆိုသည်။ )