ဟာဝိုင်အီတွင် မှားယွင်းသော ဒုံးကျည်သတိပေးစနစ် ပေါ်ထွက်လာ၍ ပြည်သူများ အထိတ်တလန့်ဖြစ်

 မှားယွင်းသတိပေး အချက်ပြမိကြောင်း မကြေညာ မီ ဒုံးကျည်တစ်စင်းပျံသန်းလာပြီ ဆိုသော သတိပေးတပ်လှန့်မှု ကြောင့် ဇန်နဝါရီ ၁၃ ရက်က ဟာဝိုင်အီဒေသခံများ အထိတ်တလန့် ဖြစ်ခဲ့သည်။

‘‘ပဲ့ထိန်းဒုံးကျည်ခြိမ်း ခြောက်မှုက ဟာဝိုင်အီကို တည့် တည့်လာနေပြီ။ ချက်ချင်းအကာ အကွယ်ယူကြပါ။ ဒါက အစမ်း လေ့ကျင့်မှုတစ်ခုမဟုတ်ပါဘူး’’ ဟု ပြောကြားသော မက်ဆေ့ခ်ျ တစ်ခုကို မိုဘိုင်းဖုန်းအသုံးပြုသူ များလက်ခံရရှိခဲ့သည်။

ဟာဝိုင်အီပြည်နယ်အုပ်ချုပ် ရေးမှူး ဒေးဗစ်အိုင်ဂီက ယခုကိစ္စ ကို တောင်းပန်ခဲ့ပြီး ယင်းမှာ ဝန် ထမ်းတစ်ဦးက ခလုတ်မှားယွင်း နှိပ်မိသဖြင့် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယခုဖြစ်ရပ်ကို အပြည့်အဝ စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောသည်။

မြောက်ကိုရီးယားဒုံးကျည် အန္တရာယ်ကြောင့် ဟာဝိုင်အီပြည် နယ်တွင် ဒုံးကျည်သတိပေးအ ချက်ပြစနစ်တပ်ဆင်ထားသည်။

ဟာဝိုင်အီပြည်နယ်တွင် စစ် အေးတိုက်ပွဲပြီးဆုံးပြီးနောက် နျူသတိပေးဥသြဆွဲမှု ပထမဆုံးအ ကြိမ်အဖြစ် ဒီဇင်ဘာက စမ်းသပ် ခဲ့သည်။

မှားယွင်းသတိပေးအချက် ပြ မက်ဆေ့ခ်ျကို ပြည်သူများ၏ မိုဘိုင်းဖုန်းများသို့သာမက ရုပ်သံနှင့် အသံလွှင့်ရုံများကလည်း ထုတ်လွှင့်ခဲ့သည်။

ယင်းသို့ မှားယွင်းသတိပေး မှုကို ၁၈ မိနစ်အကြာတွင် အီး မေးလ်ပို့ကာ ပြန်လည်ပြင်ဆင် နိုင်ခဲ့သည်။

ပြည်နယ်အရေးပေါ်စီမံခန့် ခွဲရေးအေဂျင်စီ (EMA) တွင် တာ ဝန်ကျဝန်ထမ်းတွဲဆိုင်းပြောင်းလဲ စဉ်အတွင်း လူ့အမှားကြောင့် ယင်းသို့ မှားယွင်းသတိပေးအချက်ပြခဲ့ကြောင်း ဒေးဗစ်အိုင်ဂီကပြောသည်။

ဇန်နဝါရီ ၅ ရက်ကလည်း ဂျပန်နိုင်ငံတွင် ငလျင်သတိပေး အချက်ပြစနစ် ပြည်သူသန်းပေါင်း များစွာသို့ မှားယွင်းပေးပို့မိသဖြင့် အထိတ်တလန့်ဖြစ်ခဲ့ပြီး တိုကျို သယ်ယူပို့ဆောင်ရေးစနစ် ဖရိုဖရဲ ဖြစ်ခဲ့သည်။

—Ref:BBC

More in World News Section