အာဆီယံ-အိန္ဒိယထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသို့သွားမည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယခုလတတိယပတ်အတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက အတည်ပြု ပြောကြား သည်။


နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ယခုလအတွင်း အိန္ဒိယတွင် ပြုလုပ်မည့် အာဆီယံ-အိန္ဒိယဆွေးနွေးဖက်ဆက်ဆံရေး ထိပ်သီးအစည်းအဝေးနှင့် အိန္ဒိယ နိုင်ငံ၏ အမျိုးသားနေ့အခမ်းအ နားသို့ တက်ရောက်မည် ဖြစ် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက 7Day Daily သတင်းစာအား ပြောသည်။

အာဆီယံ-အိန္ဒိယဆွေးနွေး ဖက်ဆက်ဆံရေးထိပ်သီးအစည်း အဝေးကို နယူးဒေလီ၌ ဇန်န၀ါရီ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ (၆၉) နှစ် မြောက် အမျိုးသားနေ့အခမ်းအ နားကိုမူ ဇန်န၀ါရီ ၂၆ ရက်တွင် ကျင်းပမည် ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၏ အိန္ဒိယခရီးစဉ်ကို ထုတ်ပြန်ကြေညာပေးမည်ဖြစ်သော်လည်း လက်ရှိအချိန်တွင် ခရီးစဉ်အသေးစိတ်ကို ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ဦးမြင့်သူက ရှင်းပြသည်။

သို့ဖြစ်ရာ အဆိုပါခရီးစဉ် သည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ၂၀၁၈ အတွင်း ပထမဆုံးပြည်ပခရီးစဉ်ဖြစ်လာမည် ဖြစ်သည်။

အာဆီယံ-အိန္ဒိယဆွေးနွေး ဖက်ဆက်ဆံရေး ထိပ်သီးအစည်း အဝေးနှင့် ပတ်သက်၍ အိန္ဒိယ ၀န်ကြီးချုပ် မိုဒီက ၂၀၁၇ နိုဝင်ဘာတွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသောအာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ် နှံမှုညီလာခံ၌ တရားဝင်ကြေညာ ခဲ့ပြီး အာဆီယံနိုင်ငံခေါင်းဆောင် များကို တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၇ အောက်တိုဘာလက ဘင်းစတက် အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးသို့ တက်ရောက် ရန် အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ သွားရောက်ခဲ့ပြီး ယခုခရီးစဉ်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်ယူပြီး နောက် အိန္ဒိယသို့ ဒုတိယအကြိမ် ခရီးစဉ်ဖြစ်သည်။

More in Politics Section