ကုန်တင်သင်္ဘောက ငါးဖမ်းလှေကို တိုက်မိ၍ လူတစ်ဦးသေ၊ လေးဦးပျောက်ဆုံး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြေငူကျွန်း အနီး ပင်လယ်ပြင်တွင် ငါးဖမ်း လှေတစ်စီးကို ကုန်တင်သင်္ဘော တစ်စီးက ၀င်တိုက်မိ၍ ငါးဖမ်း လှေ နစ်မြုပ်ကာ တစ်ဦး သေဆုံးပြီး လေးဦး ပျောက်ဆုံးနေ သည်။

ပေါက်တောမြို့နယ် ပြိုင်း တောင်းကျေးရွာမှ ငါးဖမ်းစက် လှေသည်  ရေလုပ်သား ၃၂ ဦး နှင့်အတူ ဇန်န၀ါရီ ၁၅ ရက်နံနက် အစောပိုင်းက ပင်လယ်ပြင်တွင် အတွဲလှေနောက်တစ်စီးနှင့် ငါး ဖမ်းနေစဉ် ကုန်တင်သင်္ဘောက ၀င်တိုက်ခြင်းဖြစ်ကြောင်း၊ ဒဏ် ရာရရှိသူတစ်ဦး အပါအ၀င် ၂၇ ဦး အသက်ရှင်ခဲ့ကြောင်း ဒဏ်ရာ ရ ရေလုပ်သား ဦးလှရွှေသန်းက ပြောသည်။


‘‘ကျွန်တော်တို့ ငါးဖမ်းလှေ နဲ့အတူ မီးပြပြီးတော့ ငါးဖမ်းနေ တာဖြစ်ပါတယ်။ အတွဲလှေပေါ် က လူတချို့က သင်္ဘောတိုက် မယ်၊ သင်္ဘောတိုက်မယ်လို့ အော် ပြောလို့လှည့်ကြည့်လိုက်တဲ့အခါ  ငါးဖမ်းလှေနောက်က ၀င်တိုက် လိုက်တာဖြစ်ပါတယ်။ ၀င်တိုက် တဲ့သင်္ဘောက ကုန်သင်္ဘောပါ။ စစ်တွေဘက်ကို ခုတ်မောင်းသွား ခဲ့ပါတယ်။ သင်္ဘောနာမည်ကို တော့ မမှတ်မိလိုက်ပါဘူး’’ ဟု ဦးလှရွှေသန်းကပြောသည်။ ဇန်န၀ါရီ ၁၅ ရက် ညအထိ ၀င်တိုက်သည့် သင်္ဘောကို စုံစမ်းနေ ကြောင်း တာဝန်ရှိသူအချို့နှင့် အသက်ရှင်ကျန်ခဲ့သည့် ရေလုပ် သားများက ပြောသည်။

နစ်မြုပ်မှုဖြစ်ပွားသည့် ငါး ဖမ်းစက်လှေသည် ကျော့ပိုက် (ဒေသအခေါ် ၀ိုင်းပိုက်) စက်လှေ ဖြစ်ပြီး စက်လှေနှင့်ပိုက် ကာလ တန်ဖိုးသည် သိန်းနှစ်ရာကျော်ရှိ ကြောင်း ငါးဖမ်းစက်လှေပိုင်ရှင် ဒေါ်လှမေသိန်းက ပြောသည်။ ယင်းဖြစ်ရပ်ကို ကြားသိရပြီး အ သေးစိတ်အခြေအနေကို စုံစမ်း နေကြောင်း ရခိုင်ပြည်နယ် ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန ဦးစီးမှူး ဦး ကျော်မင်းကပြောသည်။

ငါးဖမ်းစက်လှေ နစ်မြုပ်မှု ကြောင့် ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေနေ ပြီး ဒဏ်ရာရရှိသူတစ်ဦး စစ်တွေ မြို့ အထွေထွေရောဂါကုဆေးရုံ တွင် ဆေးကုသမှုခံယူနေသည်။