ဒီချုပ်မြို့နယ်ခေါင်းဆောင်တစ်ဦး၏ အုတ်ဂူဖောက်ထွင်းခံရပြီး နာရီတစ်လုံးပျောက်ဆုံး

ဖောက်ထွင်းခံရသောအုတ်ဂူကို စစ်ဆေးနေစဉ် (ဓာတ်ပုံ− Nyi Nyi)

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ရှမ်းတဲကြီးကျေးရွာနေ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် ပါ တီအလုပ်အမှုဆောင် ဦးခင်ဟန် ၏ အုတ်ဂူဖောက်ထွင်းခံရပြီး နာရီ တစ်လုံးခိုးယူခံရကြောင်း ဒဂုံမြို့ သစ်(တောင်ပိုင်း)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီ ညီက ပြောသည်။

ဦးခင်ဟန်သည် အူမကြီး သွေးကြောပေါက်ရောဂါဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် တက်ရောက်ကုသနေစဉ် ဇန်န၀ါ ရီ ၁၀ ရက်က ကွယ်လွန်ခဲ့ပြီး ဇန် န၀ါရီ ၁၂ ရက်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ရှမ်းတဲကြီး ကျေးရွာသုသာန်၌ ဂူသွင်းသဂြုင်္ိဟ် ခဲ့သည်။

သေဆုံးသူ ဦးခင်ဟန်၏ သားသည် ဇန်န၀ါရီ ၁၅ ရက် ညနေ ၅ နာရီခန့်က အုတ်ဂူသို့ အစာနှင့် ရေများသွားရောက်ပို့ဆောင်စဉ် အုတ်ဂူ   ခေါင်းရင်းဘက်တွင် တစ်ပေခွဲခန့်   အပေါက်ပေါက် နေသည်ကို တွေ့ရှိရသဖြင့် ရပ် ကွက်အုပ်ချုပ်ရေးမှူးထံ သတင်း ပို့ပြီးနောက် လွှတ်တော်ကိုယ်စား လှယ်ဦးညီညီအပါအ၀င် ရဲစခန်း တာဝန်ရှိသူများနှင့် မိသားစုဝင် များ လာရောက်ကြည့်ရှုခဲ့သည်။

‘‘ခန္ဓာကိုယ်တွေက ဘာမှ ပျက်စီးမှုမရှိခဲ့ပါဘူး။ လက်ရှိအ ချိန်မှာတော့ ဂူကိုပြန်ပိတ်လိုက်ပါ ပြီ။ မိသားစုဝင်တွေက အမှုမဖွင့် တော့ဘူးလို့တော့ ပြောတယ်။ သို့သော်လည်းပဲ တရားခံအမြန် ဖမ်းမိရေးအတွက် ဆောင်ရွက် ပေးဖို့ ရဲတပ်ဖွဲ့ကိုတော့ မေတ္တာ ရပ်ခံခဲ့ပါတယ်’’ဟု ဦးညီညီက ပြောသည်။

အဆိုပါဖြစ်စဉ်၌ ဦးခင်ဟန် အလောင်းပေါ်တွင် တင်ထား သည့် Seiko-5 အမျိုးအစား ရွှေ ရောင်နာရီတစ်လုံး ပျောက်ဆုံး နေသည်ကိုတွေ့ရှိရသည်ဟု ရဲ မှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ် သက်၍ မိသားစုဝင်များက ရဲစ ခန်းသို့ လာရောက်တိုင်တန်းပါက အမှုဖွင့်အရေးယူဆောင်ရွက်နိုင် ရေး စီစဉ်ဆောင်ရွက်မည်ဖြစ် ကြောင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ရဲစခန်း၏ ရဲမှတ်တမ်း တွင် ရေးထားသည်။