ရုပ်ရှင်အကြိုခံစားခြင်း

ဥပါယ်တံမျဉ်

ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍ မှာတော့ လျှို့ဝှက်သည်းဖို အိမ်ထောင်ရေး ဇာတ်ကားတစ်ကား အကြောင်းကို ညွှန်းပေးလိုက်ပါ တယ်။

မင်းထက်နဲ့ ဇင်မာတို့က အိမ်ထောင်ကျတာ ခြောက်လ လောက်ပဲရှိသေးတဲ့ ဇနီးမောင်နှံပါ။ မင်းထက်က အရမ်းချမ်းသာ ပါတယ်။ သူက ပန်းချီကားအ ရောင်းပြခန်းဖွင့်ထားသလို ရှေးဟောင်းပစ္စည်း အရောင်းအဝယ် တွေလည်း လုပ်ပါတယ်။ သူအလုပ်လုပ်တဲ့ ရှေးဟောင်းပစ္စည်း တွေကလည်း တန်ဖိုးတော့ မနည်း ပါဘူး။သိန်းဂဏန်းရာနဲ့ချီပြီး တန် ဖိုးရှိတဲ့ပစ္စည်းတွေပါ။

ဇင်မာက သူတို့အိမ်ထောင်စကျကတည်းက ကျန်းမာရေးချူချာ ပါတယ်။ နောက်ပြီး သူက ဆေးရုံဆေးခန်းဆိုရင် မသွားချင်ဘူး ဆိုပြီး အမြဲပြောလေ့ရှိပါတယ်။ သူခံစားနေရတဲ့ ရောဂါပုံစံက နှလုံးရောဂါနဲ့ဆင်တူပါတယ်။ အဲဒါကြောင့် မင်းထက်က သူ့ဇနီးကိုစိတ်ပူနေပါတယ်။ ကံကောင်းချင် တော့ တစ်ရက်မှာ မင်းထက်သူရေကူးနေကျ ရေကန်မှာ လူတစ်ယောက်ရဲ့ အသက်ကိုကယ်တင် ခဲ့ပါတယ်။ အဲဒီလူက ဆရာဝန်တစ်ယောက်ပါ။ အဲဒီအချိန်မှာ တော့ မင်းထက်က သူ့မိန်းမ အကြောင်းကို ပြောပြခဲ့ပါတယ်။ ဆရာဝန်ကလည်း မင်းထက်ကို သူ့ရဲ့အသက်သခင်ကျေးဇူးရှင် အနေနဲ့ ဇင်မာကိုဆေးကုပေး ချင်တယ်လို့ ပြောခဲ့ပါတယ်။

ဇင်မာကလည်း အဲဒီဆရာဝန်နဲ့တော့ ဆေးကုသမှုခံယူခဲ့ပါ တယ်။ ဇင်မာ့ရဲ့ နှလုံးမကောင်း တာကြောင့် ကလေးမယူဖို့တိုက်တွန်းခဲ့ပါတယ်။ အဲဒီကိစ္စကြောင့်ဇင်မာစိတ်မကောင်းဖြစ်နေခဲ့တာ ကြောင့် မင်းထက်က သူ့ဇနီးကို အားပေးနှစ်သိမ့်နေခဲ့ပါတယ်။

အဲဒီရက်မှာပဲ သူတို့အိမ် ဘေးကို လင်မယားနှစ်ယောက် ပြောင်းလာပါတယ်။ အဲဒီလင်မယားမှာ အမျိုးသမီးက ထိုင်းနိုင်ငံ သူပါ။ နာမည်က Emilyပါ။ Emily ရဲ့ယောက်ျားက သိန်းစိုးပါ။ Emily က သူတို့စပြောင်းလာတဲ့နေ့မှာ ဘေးအိမ်တွေကို မိတ်ဆက်တဲ့ အနေနဲ့ သစ်သီးတွေလက်ဆောင်လိုက်ပေးခဲ့ပါတယ်။ နောက်ပြီး Emily ရဲ့ ခင်ပွန်းက ခရီးတွေ အမြဲသွားနေတတ်တာကြောင့် မင်းထက်တို့မိသားစုနဲ့ ပိုမိုရင်းနှီးလာခဲ့ပါတယ်။ နောက်ပြီး မင်း ထက် သတိပြုမိတာ တစ်ခုက Emily ကို သူ့ရဲ့ ခင်ပွန်း သိန်းစိုးက အရမ်းနိုင်တာကိုပါ။ ရန်ဖြစ်တိုင်းလည်း သိန်းစိုးက အမြဲလက်ပါပါ တယ်။ အဲဒါကြောင့်မင်းထက်က Emilyရဲ့ရင်ဖွင့်ဖော်ဖြစ်လာခဲ့ပါ တယ်။ အဲဒီလိုနဲ့ တစ်ရက်မှာ ဇင်မာမူးလဲသွားတာကြောင့် ဆေးရုံကိုချက်ချင်းတင်ခဲ့ရပါတယ်။ အခြေအနေအရ ဆေးရုံတတ်ဖို့လိုအပ်တာကြောင့် မင်းထက်ကိုပြန်ခိုင်းပြီး မနက်မှပြန်လာဖို့ ပြောခဲ့ပါတယ်။

အဲဒီညမှာပဲ မင်းထက်က Emily တို့လင်မယားရန်ဖြစ်ပြီး သိန်းစိုးက ထိုးကြိတ်နေတာကို မြင်ခဲ့ပါတယ်။ ဆေးရုံက ပြန်လာတဲ့အချိန်  Emily က သူဟိုတယ် တစ်ခုကို ရောက်နေပြီး စကားတွေပြောပြချင်တယ်ဆိုတာကြောင့် မင်းထက် Emily ဆီကို ရောက်သွားခဲ့ပါတယ်။ အဲဒီညမှာ ဘာတွေဆက်ဖြစ်ကြမှာလဲ။ ရှေ့ဆက်ပြီးဇာတ်လမ်း ဘယ်လိုအလှည့်အပြောင်းတွေရှိဦးမလဲဆိုတာကိုတော့ ဇန်နဝါရီ ၁၉ ရက်ကစပြီး ရန်ကုန်၊ မန္တလေးအပါအဝင် နယ်မြို့တွေမှာ ရုံတင်ပြသမယ့် ‘ဥပါယ်တံမျဉ်’ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ မင်းထက်အဖြစ် ဇဏ်ခီ ၊ ဇင်မာအဖြစ် သက်မွန်မြင့်၊ သိန်းစိုးအဖြစ် အောင်မြင့်မြတ်၊ Emily အဖြစ် Kaew Korravee တို့က ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ခရစ်(စ်)တီးနားခီက ရိုက်ကူးထားပါတယ်။