ပျမ်းမျှပရိသတ်အများဆုံး ကြည့်သည့် ပြိုင်ပွဲအဖြစ် ဘွန်ဒက်စ်လီဂါ ရပ်တည်

ဇူးရစ်- ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ် စောင်အရ ပြီးခဲ့သည့် ဘောလုံး ရာသီက ဥရောပတွင် ပျမ်းမျှပရိ သတ်အများဆုံးကြည့်ရှုသော ပြိုင်ပွဲအဖြစ် ပရီးမီးယားလိဂ်ကို ကျော်လွန်ကာ ဂျာမန်ဘွန်ဒက်စ်လီဂါ က ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည်။

၂၀၁၆-၁၇ ဘောလုံးရာသီ က ဘွန်ဒက်စ်လီဂါပွဲတစ်ပွဲလျှင် ကွင်းထဲသို့ လာရောက်ကြည့်ရှု သူ ပျမ်းမျှပရိသတ် ၄၀,၆၉၃ ဦးရှိခဲ့ပြီး ပရီးမီးယားလိဂ်က ၃၅,၈၃၈ ဦးရှိခဲ့ကြောင်း ဥရောပပြည်တွင်းလိဂ်ဆိုင်ရာအဖွဲ့  (EPFL)က ပြောသည်။

စပိန်လာလီဂါက တစ်ပွဲ လျှင် ပျမ်းမျှကြည့်ရှုသူပရိသတ် ၂၇,၆၀၉ ဦးဖြင့် တတိယနေရာ တွင် ရှိနေပြီး အီတလီစီးရီးအေက ၂၂,၁၇၇ ဦးဖြင့် စတုတ္ထနှင့်ပြင်သစ်လီဂူးဝမ်းက ၁၁,၈၃၈ ဦးဖြင့် ပဉ္စမနေရာ၌ ရပ်တည်ခဲ့သည်။

ယခုနှစ်ကမ္ဘာ့ဖလားအိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် ရုရှား နိုင်ငံတွင် လိဂ်ပြိုင်ပွဲသို့ တစ်ပွဲ လျှင် ပျမ်းမျှလာရောက်ကြည့်ရှု သူဦးရေသည် ပေါ်တူဂီထက် လျော့နည်းခဲ့သည်။

ရုရှားတွင် တစ်ပွဲလျှင် ပျမ်းမျှပရိသတ်သည် ၁၁,၄၁၅ ဦးရှိခဲ့ပြီး ပေါ်တူဂီတွင် ၁၁၁,၈၃၈ ဦးရှိခဲ့ သည်။

ဥရောပအရှေ့ပိုင်းနိုင်ငံများ ဖြစ်သည့် ယူကရိန်းတွင် ၄,၆၆၅ ဦး၊ ရိုမေးနီးယားတွင် ၂၇,၁၈၃ ဦး နှင့် ဆားဘီးယားတွင် ၂,၂၃၃ ဦး ရှိခဲ့သည်။

ဘွန်ဒက်စ်လီဂါသည် ယခု စာရင်းတွင် ထိပ်ဆုံး၌ ရပ်တည် နိုင်သော်လည်း ၂၀၁၁-၁၂ ဘောလုံးရာသီက တစ်ပွဲပျမ်းမျှ ကြည့်ရှုသူပရိသတ် ၄၄,၂၉၃ ဦးနှင့် နှိုင်းယှဉ်လျှင် ရာခိုင်နှုန်း ကျဆင်းခဲ့ ခြင်းဖြစ်သည်။

—Ref:Reuters