ကံ့ကော်မြေမှ ရာပြည့်ရန်ကုန်တက္ကသိုလ် ဒေါက်တာကျော်ဝင်း သမိုင်းပါမောက္ခ(ငြိမ်း)

၂၀၁၄ နှင့် ၂၀၁၆ ခုနှစ်တို့တွင် အမျိုးသားစာပေဆုများကို (နိုင်ငံရေးစာပေ)ဖြင့် ရရှိခဲ့သော သမိုင်းပါမောက္ခဒေါက်တာကျော်ဝင်း(ငြိမ်း)၏ စာအုပ်အ သစ်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် နှစ်(၁၀၀)ပြည့် တော့မည့် ရန်ကုန်
တက္ကသိုလ်အကြိုအမှတ်တရစာ အုပ်လည်းဖြစ်ပေသည်။ 


စာအုပ်တွင် ရန်ကုန်တက္ကသိုလ်မပေါ်ပေါက်မီ အခြေအနေများကစ၍ တက္ကသိုလ်တည်ထောင်ရန် ကြိုးပမ်းမှု၊ တက္ကသိုလ်ဖွင့်လှစ်ခြင်း၊ ၁၉၂၀ ပထမ ကျောင်းသားသပိတ်ကြီး၊ အမျိုးသားကျောင်းများ တည်ထောင်ခြင်း၊ စစ်ကြိုကာလအထိ ရန်ကုန်တက္က သိုလ်ဖွဲ့စည်းပုံ၊ စစ်ကြိုခေတ်သင်ကြားရေးစနစ်နှင့် သုတေသနလုပ်ငန်းများ၊ တက္ကသိုလ်မတည်ရန်ပုံငွေ၊ ဘွဲ့နှင်းသဘင်နှင့် ပေးအပ်သောဘွဲ့များ၊ စစ်ကြိုခေတ်တက္ကသိုလ်အဆောက်အအုံများ၊ စစ်ကြိုခေတ် တက္ကသိုလ်ပညာရပ်အသင်းများ၊ အားကစားအသင်း များ၊ ဒုတိယကမ္ဘာစစ်အတွင်း ရန်ကုန်တက္ကသိုလ်၊ စစ်ပြီးစအခြေအနေ၊ ပါလီမန်ဒီမိုကရေစီခေတ် ရန် ကုန်တက္ကသိုလ်၊ လွတ်လပ်ပြီးခေတ် ရန်ကုန်တက္က သိုလ် ကျောင်းသားအရေးအခင်းများ၊ တော်လှန်ရေး ကောင်စီခေတ် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်တက္က သိုလ် ရွှေရတုသဘင်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအစိုးရခေတ်၊ န၀တအစိုးရခေတ်၊ နအဖကာလ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ် (၂၀၁၁- ၂၀၂၀)ဟူ၍ အပိုင်းများခွဲကာ ရေးထားသည်။

အထူးသဖြင့် ခေတ်အဆက်ဆက်သမိုင်းတွင် ချန်လှပ်ခံခဲ့ရသော ကျောင်းသားအရေးအခင်းများ၊ ကျောင်းသားတို့၏ အခွင့်အရေးတောင်းဆိုချက်များ နှင့် အာဏာပိုင်တို့၏ လူမဆန်စွာရက်စက်နှိမ်နင်းခဲ့ပုံ များကို ပြည့်ပြည့်စုံစုံဖော်ပြထား၍ သမိုင်းတန်ဖိုး ကြီးမားသော စာအုပ်ဖြစ်သည်။ ကျောင်းသားလှုပ်ရှား များတွင် ယနေ့တိုင် အတန်ငယ် မှိန်ဖျော့နေသော ၁၉၉၆ အရေးအခင်းနှင့်ပတ်သက်၍ ‘၁၉၉၆ အောက် တိုဘာ ၂၂ အစိုးရ၏ သတင်းထုတ်ပြန်ချက်မှာ သတင်းမှန်ကို ထိမ်ချန်ပြီး ကျောင်းသားလှုပ်ရှားမှုကို သေးသိမ်အောင်ပြုလုပ်ထားသဖြင့် ကျောင်းသားများ မကျေမနပ်ဖြစ်လာကြပြန်သည်။ တက္ကသိုလ်ပေါင်းစုံ က ကျောင်းသား ၂,၀၀၀ ကျော် အပါအ၀င် ကျောင်း သားပြည်သူအင်အား ၅,၀၀၀ ကျော် ကမာရွတ်လှည်း တန်းလမ်းဆုံမှာ ဆန္ဒပြခဲ့ကြသည်။ အစိုးရက သီတင်းကျွတ်ကျောင်းပိတ်ရက်ဆိုကာ ကျောင်းများကို ရုတ်တရက်ပိတ်လိုက်သည်။

နိုဝင်ဘာအတွင်း ကျောင်းများကိုပြန်ဖွင့်ပြီး ဖမ်း ဆီးထားသော ကျောင်းသားခေါင်းဆောင်များကို ပြန် လွှတ်ပေးခဲ့သည်။ ထိုအချိန်တွင် န၀တစစ်ထောက် လှမ်းရေးနှင့် အာဏာပိုင်တို့ လုပ်ကြံဖန်တီးထားသော ကျောင်းသားလှုပ်ရှားမှုဆန့်ကျင်ရေး ပစ်စာတစ် စောင် ထွက်လာခဲ့သည်။ ထိုစာအပေါ် စစ်မှန်သော ကျောင်းသားအများစု မကျေမနပ်ဖြစ်ခဲ့သည်။

၂ ဒီဇင်ဘာတွင် စက်မှုတက္ကသိုလ်ကျောင်းသား များသည် ရန်ကုန်တက္ကသိုလ်သို့ ချီတက်ပြီး ဂျပ်ဆင် ခန်းမရှေ့တွင် စုရုံးဆန္ဒပြကြသည်။ တက္ကသိုလ်ပေါင်း စုံက ကျောင်းသား၊ ကျောင်းသူများအပြင် အင်အား ၂,၀၀၀ ကျော်လှည်းတန်းလမ်းဆုံမှာ ထိုင်သပိတ်ဆင် နွှဲခဲ့ကြသည်။ ဆန္ဒပြကျောင်းသားများကို ပြည်သူလူ ထု တစ်သောင်းကျော်က ၀န်းရံပေးခဲ့ကြသည်။

၆ ဒီဇင်ဘာ ည ၇ နာရီခန့်တွင် တက္ကသိုလ်ပေါင်း စုံမှ ကျောင်းသား ၃,၅၀၀ ကျော် အပါအ၀င် ပြည်သူ အင်အား ၅,၀၀၀ ကျော် လှည်းတန်းလမ်းဆုံတွင် ထိုင်သပိတ်ဆန္ဒပြနေရာသို့ စစ်တပ်နှင့် လုံထိန်းရဲများ ရောက်ရှိလာသည်။ နောက်တစ်နေ့ ဒီဇင်ဘာ ၇ နံနက်လင်းအားကြီးအချိန်တွင် စစ်တပ်နှင့်ရဲများက လမ်းမီးများကို မီးသတ်ပိုက်နှင့်ထိုးငြှိမ်းပြီး ဆန္ဒပြသူ များကို အဓမ္မရိုက်နှက်ဖြိုခွဲဖမ်းဆီးခဲ့သည်’ဟု အ သေးစိတ်ရေးထားသည်။ ယခုစာအုပ်နှင့်ပတ်သက်၍ ဒေါက်တာကျော်ဝင်းက ‘သမိုင်းအစဉ်အလာကြီးမားခဲ့ သော ရန်ကုန်တက္ကသိုလ် ရင်ဆိုင်ဖြတ်သန်းခဲ့ရသော ကာလများသည် နှစ်တစ်ရာပြည့်တော့မည်ဖြစ်၍ အ တိတ်သမိုင်းသည်ေ၀၀ါးစွာကျန်ရစ်ခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ တစ်ချိန်က အရှေ့တောင်အာရှတွင် ကျော် ကြားခဲ့သော ရန်ကုန်တက္ကသိုလ်မှ အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ၀န်ကြီးချုပ်ဟောင်း ဦးနုကဲ့သို့သော ခေါင်းဆောင်များကို မွေးထုတ်ခဲ့သည့် ရန်ကုန်တက္ကသိုလ်သမိုင်းကို မျိုးဆက်သစ်လူငယ်တို့ ပြန်ပြောင်းသတိရစေရန်ရည်ရွယ်ပြီး ‘ကံ့ကော်မြေမှ ရာပြည့်တက္ကသိုလ်(၁၉၂၀-၂၀၂၀)’စာအုပ်ကို ထုတ်ဝေလိုက်ခြင်းဖြစ်ပါသည်’ဟု ရေးထားသည်။ စာအုပ် ကို ခေတ်ပြတိုက်စာပေက တန်ဖိုး ၅,၀၀၀ ကျပ်ဖြင့် ထုတ်ဝေသည်။