ဈေးကွက်သို့ဝင်ရောက်လာသော နှမ်းများ မိုးဖျက်၍ အရည်အသွေးနိမ့်ဟုဆို

နှမ်းသီးနှံဖြစ်ထွန်းချိန်တွင် မိုးရွာ သွန်းမှုကြောင့် ဈေးကွက်သို့ အ ရည်အသွေးနိမ့်နှမ်းများသာ ၀င် ရောက်ပြီး ၈၀ ရာခိုင်နှုန်းခန့်ရှိသည် ဟု မန္တလေး ပဲ၊ နှမ်းကုန်သည်များ အသင်းဘဏ္ဍာရေးမှူး ဦးကျော် သွင်ကပြောသည်။


အရည်အသွေး နိမ့်သည့် နှမ်းအိတ်တစ်အိတ်လျှင် ကျပ် ခြောက်သောင်းမှ ရှစ်သောင်း ကြားရှိပြီး အလယ်အလတ်အ ရည်အသွေးရှိသည့် နှမ်းတစ်အိတ် လျှင် ကျပ်တစ်သိန်းခန့်နှင့်အရည် အသွေးကောင်းသည့်နှမ်း (အ ဟောင်း)တစ်အိတ်လျှင် ကျပ် တစ်သိန်းနှစ်သောင်းမှ ကျပ်တစ် သိန်းသုံးသောင်းအထိ ပေါက်ဈေး ရှိသည်။

‘‘ရောင်းသူ၊ ၀ယ်သူအဆင် ပြေသလို ရောင်းဝယ်နေတာပါ။ ရောင်းမရတာတော့မရှိပါဘူး။ သူ့ နေရာနဲ့ သူသုံးလို့ရနေတာဆို တော့လေ။ မန္တလေးအထက်ပိုင်း က အ၀င်များတယ်။ နှမ်းအညံ့ တွေဝင်တာတစ်လလောက်တော့ ရှိပြီ’’ ဟု ဦးမျိုးဆွေက ပြောကြား သည်။

အရည်အသွေးကောင်းပါ က ဈေးကောင်းရသော်လည်း လက်ရှိဈေးကွက်တွင်းရှိ နှမ်းများ သည် အပုပ်ပါခြင်း၊ အချဉ်နံ့ထွက် ခြင်း၊ အရသာမမှန်ခြင်းတို့ကြောင့် နှမ်းဈေးအနည်းငယ်ကျနေသည်။

မန္တလေးကုန်စည်ဒိုင်သို့ နေ့ စဉ်နှမ်းအိတ်တစ်ထောင်ခန့် ၀င် သော်လည်း အရည်အသွေး ကောင်းသည့် နှမ်းအိတ်နှစ်ရာ ခန့်သာဝင်ကြောင်း ဦးမျိုးဆွေက ပြောသည်။

‘‘အခုဈေးကွက်ထဲဝင်တဲ့ နှမ်းအချို့က မိုးရွာတာရှိတော့ အ ပျက်အစီးတော့ရှိပါတယ်။ နှမ်း သဘာဝကိုက မိုးမိရင် အရည်အ သွေးညံ့သွားတာရှိပါတယ်။ တ ချို့နေရာတွေမှာတော့ ရိတ်သိမ်း လို့မီတယ်ကြားတယ်’’ ဟု မြန်မာ နိုင်ငံပဲမျိုးစုံနဲ့ နှမ်းကုန်သည်အ သင်းဗဟိုအလုပ်အမှုဆောင်ဦး စိုးကြင်က ပြောသည်။

Top News