အာဆီယံဒေသတွင်း အစိမ်းရောင်ဟိုတယ်ဆုနှင့် MICE Venue ဆုတို့ကို မြန်မာနိုင်ငံရှိ ဟိုတယ် ၁၀ ခုအား ပေးမည်

၂၀၁၈ အတွက်အာဆီယံ ဒေသ တွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးစီမံခန့်ခွဲနိုင်သည့် အစိမ်းရောင် ဟိုတယ်ဆုနှင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများစီမံ ခန့်ခွဲမှု MICE Venue ဆုကို မြန်မာနိုင်ငံမှ ဟိုတယ် ၁၀ ခုအားပေးမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူး ဒေါ်ခိုင်နီနီထွန်းက ပြောကြား သည်။


‘‘အစိမ်းရောင် ဟိုတယ်ဆုက တော့ သဘာဝပတ်ဝန်းကျင်မထိ ခိုက်အောင် လုပ်ငန်းလည်ပတ်မှု ဘယ်လိုလုပ်နေတယ်ဆိုတဲ့ အာဆီယံခရီးသွား အဖွဲ့ချုပ်က သတ်မှတ်ချက်တွေနဲ့အညီပေးတာဖြစ် ပြီး မြန်မာနိုင်ငံက သတ်မှတ်ချက် တွေနဲ့ ကိုက်ညီတဲ့ ဟိုတယ်ငါးခုက ရရှိခဲ့တာဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။

အာဆီယံအစိမ်းရောင် ဟို တယ်ဆုရသော ဟိုတယ်များ သည် ပြင်ဦးလွင်မြို့မှ Hotel Akimomi ၊ ညောင်ရွှေမြို့မှ View Point Ecolodge ဟိုတယ်၊ ငွေ ဆောင်မြို့မှ Ngwe Saung Yacht Club ဟိုတယ်၊ ကော့သောင်းမြို့မှ Victoria Cliff Hotel & Resort နှင့် ကလောမြို့မှ Kalaw Hill Loge ဟိုတယ်တို့ ဖြစ်သည်။

‘‘MICE Venue ကတော့ အ စည်းအဝေး ခန်းမတွေနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကို ယှဉ်ပြိုင်ရ တာဖြစ်ပြီးတော့ သတ်မှတ်ချက် တွေနဲ့ ကိုက်ညီတဲ့ ဟိုတယ်တွေ ကို ရွေးချယ်ပြီးဆုပေးတာ ဖြစ်ပါ တယ်။ အဲဒါကိုလည်း မြန်မာက ဟိုတယ်ငါးခုကို ရွေးချယ်ပြီး ဆု ပေးအပ်သွားမှာဖြစ်ပါတယ်’’ ဟု ဒေါ်ခိုင်နီနီထွန်းက ပြောသည်။

MICE Venue ရရှိခဲ့သည့် ဟိုတယ်များသည် နေပြည်တော် ရှိ Hilton ဟိုတယ်မှ Grand Ballroom, Hotel Max မှ Kumudra Grand Ballroom, Thingaha မှ Grand Ballroom, ရန်ကုန်ရှိ Novotel ဟိုတယ်မှ Yangon Ballroom နှင့် Melia ဟို တယ်မှ Grand Ballroom တို့ဖြစ်သည်။

အဆိုပါဆုများကို ဇန်နဝါရီ ၂၆ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ ကျင်းပမည့် အာဆီယံခရီး သွားဖိုရမ် ၂၀၁၈ တွင် ပေးအပ် မည်ဖြစ်သည်။ အာဆီယံအစိမ်း ရောင် ဟိုတယ်ဆုများကို ၂၀၀၈ ကစ၍ ၂ နှစ်လျှင် တစ်ကြိမ်ဆု ပေးလေ့ရှိပြီး MICE Venue ဆုကိုမူ ယခုနှစ်မှ စတင်ပေးအပ် ကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ် ဦးက ပြောသည်။