ရွှေမန်းတောင်ဂေါက်ကွင်းတွင် တည်ဆောက်မည့် အထပ်မြင့်ဟိုတယ်စီမံကိန်းကို မန္တလေးတောင်တော် ဂေါပက ကန့်ကွက်

မန္တလေးတောင်နှင့် မန္တလေးကျုံးရေပြင်ကို တွေ့ရစဉ်(ဓာတ်ပုံ − စိုင်းဇော်)

 မန္တလေးတောင်ခြေ ရွှေ မန်းတောင်ဂေါက်ကွင်းအတွင်း တည်ဆောက်မည့် အထပ်မြင့် ဟိုတယ်စီမံကိန်းသည် မန္တလေး တောင် မြင်ကွင်းအလှကို ထိခိုက် စေနိုင်သောကြောင့် တိုင်းအစိုးရ အဖွဲ့ထံ ကန့်ကွက်စာတင်ထား ကြောင်း တောင်တော်ဂေါပကအ ဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြော သည်။

‘‘တည်ဆောက်မယ့် အထပ် မြင့်အဆောက်အအုံ (ဟိုတယ်စီမံ ကိန်း)က တောင်တော်ရဲ့ ဧရိယာ ထဲမှာတော့ မဟုတ်ပါဘူး။ ဒါပေ မဲ့ မြေပြင်ကနေ အမြင့်ပေ ၅၀၀ ကျော်ရှိတဲ့ မန္တလေးတောင်တော် ကို ဝန်းရံထားတဲ့ တောင်ကိုးလုံး ရဲ့ အလှပုံရိပ်ကို ထိခိုက်နိုင်တဲ့အ တွက် စပြီးလုပ်မယ်ဆိုကတည်း က ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်’’ ဟု ဦးသိန်းထွန်းက ပြောသည်။

မန္တလေးမြို့ အောင်မြေသာ စံမြို့နယ် မန္တလေးတောင်ခြေရှိ မြေဧက ၁၀၀ ကျော်ကျယ်ဝန်း သည့် ရွှေမန်းတောင်ဂေါက်ကွင်း အတွင်း အထပ်မြင့်ဟိုတယ်စီမံ ကိန်းကို Best Premium ကုမ္ပဏီ လီမိတက်က တည်ဆောက်မည် ဖြစ်ပြီး အထပ်ခုနစ်ထပ်ရှိ အ ဆောက်အအုံများ ပါဝင်မည်ဖြစ် ကြောင်း  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

‘‘စီမံကိန်းက MIC တင်ပြီး တော့ ရင်းနှီးမြှုပ်နှံမှုအတွက် စာ ချုပ်ချုပ်ထားပြီးသား။ စည်ပင်မှာ အဆောက်အအုံဆောက်လုပ်ခွင့် မှာတော့ တောင်တော်ဂေါပက၊ တောင်တော်အုပ်ချုပ်ရေးဆရာ တော်နဲ့ သီတင်းသုံးနေတဲ့ ဆရာ တော်တွေ အကုန်လုံးက ကန့် ကွက်ထားလို့ ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်မရသေးဘူးလို့ သိရပါ တယ်’’ဟု ရွှေမန်းတောင်ဂေါက် ကွင်း ဟိုတယ်စီမံကိန်းနှင့်ပတ် သက်၍ အောင်မြေသာစံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန်က ပြော သည်။

ယင်းဟိုတယ်စီမံကိန်းသည်ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀ ကျော်ရှိမည်ဖြစ်၍ အ ထပ်နိမ့်အဆောက်အအုံအဖြစ် ပြောင်းလဲရင်းနှီးမြှုပ်နှံစေရန် အစီ အစဉ် ရှိ၊ မရှိ ၂၀၁၇ ဒီဇင်ဘာက ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဒေါက်တာညီမင်းဟန်က မေးမြန်းခဲ့သည်။

ဟိုတယ်အဆောက်အအုံ များကို ခုနစ်ထပ်မှ ခြောက်ထပ် သို့ ပြောင်းလဲတည်ဆောက်စေ မည်ဖြစ်ကြောင်း၊ သို့သော် ဟို တယ်စီမံကိန်းသည် တောင်တော်၏ မြင်ကွင်းကို မဖုံးကွယ်နိုင်ဘဲရှေးဟောင်းသုတေသနဦးစီးဌာန ၏ ပြောကြားချက်အရ ယဉ်ကျေးမှုဇုန်အတွင်း မပါဝင်ကြောင်း မန္တ လေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက တိုင်းလွှတ်တော်တွင် ပြန်လည် ဖြေကြားသည်။

မန္တလေးတောင်ဂေါပကအ ဖွဲ့အနေဖြင့် မန္တလေးတောင် ပုံရိပ် အလှကို ထိခိုက်စေမည့် မည်သည့် အဆောက်အအုံစီမံကိန်းကိုမဆို ကန့်ကွက်မည်ဟု ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြော သည်။

‘‘မန္တလေးတောင်တော်ဆို တာ မြတ်စွာဘုရားရဲ့ သာသနာ့ အမွေအနှစ်တစ်ခုဖြစ်သလို မန္တ လေးမြို့လယ်မှာ ထီးထီးကြီးရှိနေ တဲ့ သဘာဝမျှော်စင်တစ်ခုလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် တောင် တော်ရဲ့ ပုံရိပ်ကို ပျက်စေမယ့် မည် သည့် အဆောက်အအုံကိုမဆို ကန့်ကွက်မှာ ဖြစ်ပါတယ်’’ဟု ဦးသိန်းထွန်းက ပြောသည်။

လက်ရှိတွင် မန္တလေးတောင် တော် ဂေါပကအဖွဲ့အနေဖြင့် မန္တ လေးတောင်၌ ကေဘယ်ကားတပ် ဆင်မည့် စီမံကိန်းကိုလည်း ကန့် ကွက်ထားသည်။

ရွှေမန်းတောင်ဂေါက်ကွင်း ဟိုတယ်စီမံကိန်းကို ၂၀၁၅ တွင် စတင်လုပ်ကိုင်ခွင့် ပြုထားခြင်း ဖြစ်သည်။