ပြည်ပအလုပ်အကိုင် အေဂျင်စီထံမှ ငွေပြန်မရ၍ အောင်လံဒေသခံများ သတင်းစာရှင်းပွဲလုပ်

အောင်လံမှဒေသခံများ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ − လင်းသက်နိုင်)

 လွန်ခဲ့သည့် ခြောက် လခန့်က ထိုင်းတွင်အလုပ်သွား ရောက် လုပ်ကိုင်ရန် ရန်ကုန်အ ခြေစိုက် ပြည်ပအလုပ်အကိုင်ရှာ ဖွေရေး အေဂျင်စီတစ်ခုအား တစ် ဦးလျှင် ကျပ်ခြောက်သိန်းခန့် ပေးသွင်းထားသော်လည်း အလုပ်မရသည့်အပြင် ပေးသွင်းထားသည့် ငွေပါပြန်မရဖြစ်နေကြောင်း ကာယကံရှင်များက ပြောသည်။

အထက်ပါ ကိစ္စကို တိုင်းအ လုပ်သမားဝန်ကြီးထံ တိုင်ကြား ခဲ့ပြီး လာရောက်စစ်ဆေးသည့် တိုင်းအဖွဲ့ကလည်း ဘက်လိုက် စစ်ဆေးခဲ့ ကြောင်း ဇန်န၀ါရီ ၁၇ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောသည်။ အောင်လံမြို့နယ် ဂုံတောစံ ပြကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် စခန်းကြီး ကျေးရွာတို့မှ ဒေသခံ ၅၉ ဦး က ရန်ကုန်အခြေစိုက် ဝင်းဖြိုး အောင် ပြည်ပအလုပ်အကိုင်ရှာ ဖွေရေး အေဂျင်စီနှင့် ချိတ်ဆက် ကာ ထိုင်းနိုင်ငံတွင် အလုပ်သွား ရောက်လုပ်ကိုင်ရန် ဆောင်ရွက် ရာမှ ပြဿနာဖြစ်ပွားခြင်းဖြစ် ကြောင်း ဂုံတောစံပြကျေးရွာမှ ကိုသိန်းဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇  ဇွန်လအ တွင်းက ရန်ကုန်မြို့ ပင်လုံခန်းမ တွင် ကုမ္ပဏီ တာဝန်ရှိသူများ ရှေ့မှောက်၌ တစ်ဦးလျှင် ကျပ် ၅၆၀,၀၀၀ နှုန်းဖြင့် ငွေပေးသွင်း ကာ စာချုပ်ချုပ်ဆိုခဲ့သော်လည်း အလုပ်သမား ၅၉ ဦးအနက် ၂၈ ဦးသာ ထိုင်းနိုင်ငံသို့ အလုပ်သွား ရောက်လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး ၃၁ ဦးသည် ယနေ့အချိန်အထိ သွား ရောက်ရခြင်း မရှိသည့်အပြင် ပေး သွင်းထားသည့် ငွေများလည်း ပြန်လည်ရရှိခြင်း မရှိကြောင်း ၎င်းကပြောသည်။

‘‘ပထမတော့ ကုမ္ပဏီက လူပြည့်လို့ စောင့်ပါဦးပြောတယ်။ နောက်ပိုင်းတစ်ခါ အဲဒီကုမ္ပဏီက ပဲ အင်တာဗျူးဆိုပြီး ထပ်ခေါ်သေး တယ်။ နောက်ပိုင်းကျ အလုပ်မ ခေါ်တော့ ငွေပြန်တောင်းတဲ့အခါ မှာ ပွဲစားက ထွက်ပြေးသွားပြီး သူ တို့ကုမ္ပဏီနဲ့ မဆိုင်ဘူးဆိုပြီးပြော တော့တာ။ ဒီနေ့အချိန်အထိအ လုပ်မရတဲ့အပြင် ချေးငှားပေး ထားတဲ့ ငွေလည်း ပြန်မရဖြစ်နေ တာပါ’’ ဟု စခန်းကြီးကျေးရွာ ဒေသခံကိုဖြိုးဝေအောင်က ပြော သည်။

အဆိုပါ ကိစ္စကို မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အလုပ်သ မား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးထံသို့ ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက လက်မှတ်ရေးထိုးတိုင်ကြားခဲ့ပြီးနောက်ဇန်နဝါရီ ၁၆ ရက်က တိုင်းအလုပ်သမား ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးပါဝင်သော အဖွဲ့ဖြင့် လာရောက်စစ်ဆေးရာ ဘက်လိုက် စစ်ဆေးခဲ့ကြောင်း ယင်းအလုပ်သမားများက ဆိုသည်။

‘‘လာစစ်တဲ့အမျိုးသမီးက ကုမ္ပဏီတာဝန်မရှိပါဘူးဆိုပြီး ပြောတယ်’’ ဟု သတင်းစာရှင်းလင်းပွဲ ပြုလုပ်သူစခန်းကြီးကျေးရွာမှ ကိုဝေဖြိုးအောင်က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဝင်းဖြိုးအောင် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ထံသို့ ဆက်သွယ်မေးမြန်းရာ ဒါရိုက်တာ ဦးမျိုးရာဇာမြင့်က ၎င်းအနေဖြင့် ဘာမျှပြောစရာမရှိ ကြောင်း၊ အလုပ်သမားဝန်ကြီးဌာ နက ချမှတ်ထားသော စည်းမျဉ်း စည်းကမ်း၊ ဥပဒေများ အတိုင်းသာ ဆောင်ရွက်မည်ဖြစ်ကြောင်း မီဒီ ယာများအား ဖြေကြားသည်။

လာရောက်စစ်ဆေးရာတွင် ပါဝင်သည့် မကွေးတိုင်း အလုပ် သမားညွှန်ကြားမှု ဦးစီးဌာန တိုင်း  ဦးစီးမှူးကို မေးမြန်းရန် အောင်လံ မြို့နယ် အလုပ်သမားညွှန် ကြား မှု ဦးစီးဌာနသို့ နှစ်ကြိမ်သွား ရောက်ခဲ့သော်လည်း တာဝန်ရှိသူ များနှင့် တွေ့ဆုံခွင့်မရရှိခဲ့ပေ။

More in Regional Section