နယ်သတင်းတိုများ

အချိန်မီလုပ်ငန်းမပြီးသည့် ဆောက်လုပ်ရေး ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းမည်

အောင်လံ - ပညာရေးဌာနအပါ အ၀င် အစိုးရတည်ဆောက်ရေး လုပ်ငန်းများတွင် သတ်မှတ်ကာ လအတွင်း လုပ်ငန်းပြီးစီးခြင်းမရှိ သည့် ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းကာ နောင်ခေါ်ယူမည့် အိတ်ဖွင့်တင်ဒါ လုပ်ငန်းများ၌ရွေးချယ်မည်မဟုတ်ကြောင်း မကွေးတိုင်း အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးက ပြောကြားသည်။


မောင်တောတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သုံးဦးကို စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းမိ

မောင်တော- မောင်တောမြို့နယ် ပြင်ဖြူချောင်းဝနှင့် ကညင်ချောင်း ချောင်းဝအကြား နတ်မြစ်အတွင်း သွားလာနေသည့် လှေနှစ်စင်းပေါ် မှ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများအ ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားသုံး  ဦးထံမှ စိတ်ကြွရူးသွပ်ဆေးများ ဇန် န၀ါရီ ၁၆ ရက်က ဖမ်းဆီးမိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သုံးဦးကိုကျပ် ၂၂၆  သိန်းတန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၅,၇၀၀ နှင့်အတူ ဖမ်းဆီးမိကာ ကျန်စိတ်ကြွရူးသွပ်ဆေးပြားများကို ပိုင်ရှင်မဲ့ ဖမ်းဆီးမိကြောင်း၊ တန်ဖိုး ကျပ်သိန်း ၁,၂၀၀ ကျော်ရှိကြောင်း နယ်ခြားစောင့်ရဲအရာရှိက ဆိုသည်။


မွန်တွင် အဆင့်မြင့်ရော်ဘာစက်ရုံများ တည်ဆောက်ရန် အစိုးရက ချေးငွေထုတ်ပေးမည်

မော်လမြိုင် − မွန်ပြည်နယ်အတွင်း တည်ဆောက်မည့် အဆင့်မြင့် ရော်ဘာကုန်ကြမ်း စက်ရုံများ အတွက် လိုအပ်သည့် ချေးငွေများ ကို ယခုလ (ဇန်နဝါရီ)အတွင်း ထုတ်ချေးမည်ဖြစ်ကြောင်း မွန် ပြည်နယ် အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောသည်။ရော်ဘာကုန် ကြမ်းစက်ရုံ ၂၈ ရုံ တည်ဆောက်ရေး ကျပ်လေးဘီလီယံခန့် ထုတ်ချေးပေးရန် လုပ်ငန်းရှင်များက ပြည်နယ်အစိုးရထံအောက်တိုဘာက တင်ပြတောင်းခံထားသည်။


မကွေးတိုင်း၌ ၂၀၁၇ အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ယမန်နှစ်ထက်လျော့ကျ

အောင်လံ- မကွေးတိုင်းဒေသကြီး ၌ ၂၀၁၇ အတွင်း အရက်ပုန်းနှင့်မူးယစ်ဆေးဝါးမှုများ လျော့နည်းခဲ့ ကြောင်း မကွေးတိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူး ကြီးမင်းဦးက ဇန်န၀ါရီ ၁၆ ရက် တွင်ပြောသည်။ မကွေးတိုင်းတွင် ၂၀၁၆ က မူးယစ်ဆေးဝါးမှု ၇၂ မှုဖမ်းဆီးမိသော်လည်း ၂၀၁၇ တွင် ၅၀ မှုသာ ဖမ်းဆီးရမိပြီး အ ရက်ပုန်းဖမ်းဆီးရမိမှု အနေဖြင့် ၂၀၁၆ က ၁,၀၈၁ မှုအထိ ဖမ်းဆီး မိသော်လည်း ၂၀၁၇ တွင် ၃၈၀ မှုသာ ဖမ်းဆီးရမိခဲ့သည်။


တောင်သားလူမျိုးများကို တိုင်းရင်းသားအဖြစ် သတ်မှတ်ရေးအဆို လွှတ်တော်တွင် ရှုံးနိမ့်

အောင်လံ- မကွေးတိုင်းယော နယ်အတွင်း နေထိုင်သောတောင် သားလူမျိုးများကို မြန်မာနိုင်ငံအ တွင်းရှိ တိုင်းရင်းသားအဖြစ်သတ် မှတ်နိုင်ရန် ဆောင်ရွက်ပေးရေးအ ဆိုကို လွှတ်တော်ကိုယ်စားလှယ် အများစုက ကန့်ကွက်သဖြင့် မှတ် တမ်းအဖြစ်သာထားရှိရန် ဇန်န ၀ါရီ ၁၇ ရက်က လွှတ်တော်အစည်း အဝေးတွင်ဆုံးဖြတ်ခဲ့သည်။ ယင်း အဆိုကို တိုင်းလွှတ်တော် ကိုယ်စားလှယ်များဆွေးနွေးပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ၃၉ ဦးကကန့်ကွက်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးကသာထောက်ခံသဖြင့်အဆိုရှုံးနိမ့်ခဲ့သည်။