တောင်ကြီးမြို့ရှိ ချယ်ရီပန်းပင်များကို ကိုင်းခုတ်၊ ပန်းခူးခြင်းကြောင့် အပင်အလှပျက်စီးလာ

ချယ်ရီအပင်ပေါ်တက်ရောက်နေသူတစ်ဦး (ဓာတ်ပုံ − -နေမျိုးဖေ့စ်ဘွတ်ခ်)

 တောင်ကြီးမြို့၌ ချယ်ရီပန်းပွင့်သည့် ရာသီတွင် ချယ်ရီပင်အကိုင်းခုတ်ခြင်းနှင့် ချယ်ရီပန်းခူးခြင်းများကြောင့် ချယ်ရီပင်အလှများ လျော့နည်း လာကြောင်း တောင်ကြီးချယ်ရီချစ်သူများအဖွဲ့ ဥက္ကဋ္ဌဒေါက်တာ နှင်းရီအေးက ပြောသည်။

၂၀၁၇ ဒီဇင်ဘာနောက်ဆုံး ပတ်တွင် တောင်ကြီးမြို့၌ ချယ်ရီ ပန်းပင်များ စတင်ပွင့်နေစဉ် ဒေ သခံအချို့သည် ကိုင်းခုတ်ကာ ပန်းရောင်းချသူအချို့နှင့် အ ကြောင်းအမျိုးမျိုးဖြင့် အကိုင်းချိုး ခြင်းနှင့် ပန်းခူးခြင်းများ ပြုလုပ်နေ သဖြင့် ချယ်ရီပန်းအလှများ ပျက်စီးနေကြောင်း ၎င်းက ပြောကြား သည်။

‘‘ချယ်ရီပန်းဆိုတာ အပင် မှာပဲလှတာပါ။ ချယ်ရီပန်းခူးသူ တွေက အကိုင်းကိုပါ ချိုးခုတ်ပြီး တစ်ပင်လုံးနီးနီးချိုးနေတာ နေရာ အနှံ့မှာတွေ့နေရတယ်။ ခူးပြီးရင် လည်း နေ့တစ်ဝက်တောင် မခံပါ ဘူး။ ပန်းက တန်းညှိုးပါတယ်’’ ဟု ၎င်းကဆိုသည်။

ချယ်ရီပန်းပွင့်ချိန်တွင် အ ပွင့်မှတစ်ဆင့် အသီးနီနီလေးများ ထွက်ပေါ်လာပြီး ယင်းအသီးနီများမှ ချယ်ရီပင်ကြီးအောက်တွင် အပင်ငယ်များပေါက်သဖြင့် ချယ်ရီပင်မျိုးကူးခြင်း မထိခိုက်ရေး ချယ်ရီပန်းများ မခူးရန် ၎င်းက သတိပေးသည်။ ယခုအခါ တောင်ကြီးမြို့ တွင် ချယ်ရီပန်းပင်များ လျော့နည်းစပြုနေပြီး ချယ်ရီပန်းပင် အရေအတွက်ကို လက်ချိုးရေ၍ ရသည့်အနေအထားဖြစ်နေကာ လက်ရှိတွင် တောင်ကြီး၌ ချယ်ရီပင်  ၁၀၀ ခန့်သာ ရှိတော့ကြောင်း တောင်ကြီးအခြေစိုက် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်း ရေးအဖွဲ့အချို့က ပြောသည်။

   တောင်ကြီးမြို့ မြစိမ်းတောင်၊ ရွှေဘုန်းပွင့်တောင်တက် လမ်းများပေါ်တွင် ပေါက်နေသည့် ချယ်ရီပင်ကြီးများကို ကျွန်းပင် များ နံပါတ်အမှတ်အသား ပေး သည့်အတိုင်း နံပါတ်စဉ်မှတ်သား ၍ သစ်ပင်မခုတ်ရန်၊ ချယ်ရီပန်း မခူးရန် စာသားများချိတ်ဆွဲကာ သက်ဆိုင်ရာ သစ်တောဦးစီးဌာန၊ စည်ပင်သာယာရေး ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ် ကြောင်း တောင်ကြီးချယ်ရီချစ်သူ များအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချယ်ရီပင်များသည် အေး သော ဒေသတွင် ပေါက်တတ်ပြီး အပင်ကြီးအမျိုးအစားဖြစ်ကာ ဒီဇင်ဘာလလယ်၌ ချယ်ရီပန်းများ ဖူးပွင့်တတ်ကြောင်း၊ စတင်စိုက်ပျိုးထားသည့်နှစ်မှ ၂၃ နှစ်အတွင်း ဝေေ၀ဆာဆာ ဖူးပွင့်ကြောင်း ၎င်းကပြောသည်။