မန္တလေး သံဃာအပါးနှစ်သောင်း ဆွမ်းဆန်စိမ်းလောင်းပွဲတွင် ရဲတပ်ဖွဲ့ဝင် ၆၀၀ ကျော် လုံခြုံရေးဆောင်ရွက်မည်

သံဃာအပါးနှစ်သောင်းဆွမ်းလောင်းပွဲအတွက် ကြိုတင်ပြင်ဆင်နေစဉ် (ဓာတ်ပုံ − Nyan Aung FB)

 မန္တလေးမြို့တွင် ကျင်း ပမည့် ဒုတိယအကြိမ် မြန်မာ- ထိုင်းနှစ်နိုင်ငံချစ်ကြည်ရေး သံ ဃာအပါး နှစ်သောင်းဆွမ်းဆန် စိမ်းလောင်းလှူပွဲ၌ ရဲတပ်ဖွဲ့ဝင် အင်အား ၆၀၀ ကျော်ဖြင့် လုံခြုံရေးဆောင်ရွက်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးမြင့်ဦးက ပြောသည်။

ဆွမ်းလောင်းလှူပွဲအခမ်းအ နား လာရောက်သည့်သံဃာတော် များနှင့် ဆွမ်းဆန်စိမ်းလာရောက် လောင်းလှူသူများအတွက် စနစ် တကျလုံခြုံရေး ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေးအစီအစဉ်များအတွက် မန္တလေးခရိုင်ရှိ ရဲတပ်ဖွဲ့ဝင်များသာမက ကျောက်ဆည်နှင့်ပြင်ဦးလွင်မြို့နယ်တို့ရှိ ရဲတပ်ဖွဲ့ဝင်အင်အားများပါ ထည့်သွင်းအသုံးပြုမည်ဟု ဆိုသည်။

‘‘လုံခြုံရေးအတွက် စီမံချက် ရေးဆွဲပြီး ဆောင်ရွက်တယ်။ အ ရာရှိကြီးတွေလည်း ပါဝင်မယ်။ ဗဟိုစည်း၊ အတွင်းစည်းနဲ့ အပြင် စည်းသတ်မှတ်ပြီး ဆောင်ရွက်တာမျိုးတွေရှိမယ်’’ ဟု ရဲမှူးကြီး မြင့်ဦးက ပြောသည်။

 လုံခြုံရေးဆောင်ရွက်ရာ တွင် အပိုင်းခုနစ်ပိုင်းဖြင့်ဆောင် ရွက်မည်ဖြစ်ပြီး လူပုဂ္ဂိုလ်လုံခြုံ ရေး၊ လမ်းကြောင်းလုံခြုံရေး၊ ယာဉ်လမ်းလုံခြုံရေး၊ နယ်မြေလုံ ခြုံရေး၊ အရေးပေါ်လုံခြုံရေးနှင့် မီးဘေးလုံခြုံရေးတို့ ပါဝင်မည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ လုံခြုံရေးဆပ်ကော်မတီ တာဝန်ရှိသူများကပြောကြားသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကို ဇန်န၀ါရီ ၂၁ ရက်နံနက် ၆ နာရီတွင် မန္တလေးမြို့ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်း၌ ကျင်းပမည်ဖြစ်သည်။

ပထမအကြိမ်သံဃာအပါး တစ်သောင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ၂၀၁၅ စက်တင် ဘာ ၂၀ ရက်ကကျုံးအရှေ့မြောက် ထောင့်တွင် ကျင်းပခဲ့သည်။

 ချမ်းမြသာစည် လေယာဉ် ကွင်းဟောင်းတွင် ပြုလုပ်မည့်သံ ဃာအပါးနှစ်သောင်းဆွမ်းဆန် စိမ်းလောင်းလှူပွဲကျင်းပနေစဉ် အနီးရှိ လမ်းများကိုတစ်လမ်း မောင်းသတ်မှတ်ခြင်း၊ လမ်းပိတ် လမ်းလွှဲခြင်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း ဆွမ်းလောင်းပွဲလုံခြုံ ရေးကော်မတီက သတင်းထုတ် ပြန်ထားသည်။

More in Regional Section