တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ခြင်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက်ဆွေးနွေးပွဲအပြီးတွင် မှတ်တမ်းဓာတ်ပုံရိုက်ကူးနေစဉ် (ဓာတ်ပုံ − Myanmar President Office)

တိုင်းရင်းသားဒေ သများ ဖွံ့ဖြိုးတိုးတက်ရေး ဦး စားပေးဆောင်ရွက်ပြီး လက်တွေ့ တိုးတက်မှု သာဓကများဖြင့်သာ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ညီညွတ်ရေး တည်ဆောက် နိုင်မည်ဟု နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားသည်။


နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်တွင် ဇန်နဝါရီ ၁၈ရက်က ကျင်းပသော တိုင်းရင်းသားဒေသ များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်မှုဖိုရမ် အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်က သ ဝဏ်လွှာပေးပို့ခဲ့သည်။

ယင်းသဝဏ်လွှာကို မွန် ပြည်နယ် ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နန်းစံဝင့် ခိုင်က ပြန်လည်ဖတ်ကြားခဲ့သည်။

ယနေ့ ကျင်းပသော ဖိုရမ်မှ တိုင်းရင်းသားဒေသများအတွက် အတွေးသစ်၊ အမြင်သစ်များ ရရှိ စေရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ ကူညီနိုင်ရေးနှင့် ညီညွတ်ရေးအ တွက် ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုက်တွန်းထားသည်။

ပင်လုံညီလာခံမှ သဘောတူ ညီချက်အချို့ ရရှိထားပြီးဖြစ်သ ကဲ့သို့ ပြည်ထောင်စုအခြေခံမူများ ထွက်ပေါ်လာရေး ဆွေးနွေးညှိ နှိုင်းမှုများ ဆက်လက်လုပ်ဆောင် မည်ဟု ဖော်ပြသည်။

ကိုလိုနီအုပ်ချုပ်မှု အောက် ရောက်ရှိချိန်မှ လွတ်လပ်ရေး ပြန်လည်ရရှိသည်အထိ တိုင်းရင်း သားများ၏ ပူးပေါင်းဆောင်ရွက်မှု သည် များစွာထိရောက်ခဲ့ကြောင်း၊ သို့သော် လွတ်လပ်ရေးရပြီး နောက်ပိုင်း တိုင်ရင်းသားညီအစ် ကို မောင်နှမများအကြား သံသယနှင့် ပဋိပက္ခများနှစ်ရှည်ကြာဖြစ်ပေါ်ခဲ့ကာ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးစသည့် အဘက်ဘက် တွင် အိမ်နီးချင်းနိုင်ငံများထက်နောက်ကျခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည် ထောင်စုငြိမ်းချမ်းရေး တိုင်းရင်း သားပြည်သူတစ်ရပ်လုံးလက်တွဲ ကြိုးပမ်းဆောင်ရွက်နေကြောင်း သ၀ဏ်လွှာတွင်ရေးထားသည်။

More in Politics Section