ကလေးစစ်သားဟောင်းအမှု ဝန်းရံသူနှစ်ဦးကို ပုဒ်မနှစ်ခုဖြင့် ဖမ်းဆီးပြီး အင်းစိန်ထောင်သို့ပို့

 မြို့နယ်တရားရုံးရှေ့ တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေစာအုပ်ကို ခြေထောက်ဖြင့် နင်းသောကြောင့်ဟုဆိုကာ ကလေး စစ်သားဟောင်းအမှုမှ တက်ကြွ လှုပ်ရှားသူနှစ်ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ သွေးထိုး လှုံ့ဆော်မှုတို့ဖြင့် ဇန်နဝါရီ ၁၈ ရက်က အင်းစိန်ထောင်သို့ ပို့ ဆောင်ခဲ့ကြောင်း ဖမ်းဆီးအရေး ယူခံရသူ၏ အမျိုးတော်စပ်သူက ပြောကြားသည်။


ဇန်နဝါရီ ၁၇ရက်က ဒဂုံဆိပ် ကမ်းမြို့နယ် တရားရုံးတွင် RFA သတင်းဌာနအား ကလေးစစ်သား ဟောင်း အတွေ့အကြုံများ ဖြေ ကြားခဲ့သည့် အောင်ကိုထွေးကို တရားရုံးက နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မဖြင့် စွဲချက်တင်ပြီးနောက် အောင်ကိုထွေးကို ဝန်းရံသူများက တရားရုံးအပြင်ဘက် တွင် တရားလို ဒုဗိုလ်မှူးကြီး မျိုး မြင့်အောင်နှင့် တရားသူကြီးကိုဆန္ဒပြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကို ခြေဖြင့်နင်း၍ ကြွေးကြော်ခဲ့သည်ဆိုကာ ဒဂုံဆိပ်ကမ်း မြို့နယ် ရဲတပ်ဖွဲ့မှူးကတရားလို ပြု လုပ်တိုင်ကြားခဲ့ကြောင်း ဖမ်းဆီးခံရသူ ဒေါ်လေးလေး၏ သမက်ကိုအောင်ကျော်က ပြော သည်။

‘‘အမှုက ခြောက်ယောက် အမှုတွဲ။ ကျန်တဲ့ လေးယောက်က ဘယ်သူလဲ မသိဘူး။ ရဲကလည်း မပြောဘူး။ နှစ်ယောက်ကတော့ ကျွန်တော့်ယောက္ခမနဲ့ ကိုနောင် နောင်ပါ’’ဟု ကိုအောင်ကျော်က ပြောသည်။

အဖမ်းခံရသူ ဒေါ်လေးလေးနှင့် ကိုနောင်နောင်သည် ကလေးစစ်သားဟောင်းကို တပ်မတော်သားတစ်ဦးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ)ဖြင့် တရားစွဲခြင်းနှင့် ပတ်သက်၍ ယနေ့ (ဇန်နဝါ ရီ ၁၉ ရက်)တွင် နေပြည်တော် ကောင်စီနယ်မြေ၌ တရားဝင်ဆန္ဒ ပြရန် စီစဉ်ထားပြီး ရန်ကုန်မှ နေပြည်တော်သို့ ထွက်ခွာမည့် အချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၇ ရက်က ကလေးစစ်သားဟောင်းအမှု ရုံးချိန်းအပြီး အောင်ကိုထွေး၏ အစ်မနှင့် အောင်ကိုထွေးကို ဝန်းရံသူ ၂၀ဦးခန့်က မြို့နယ်တရားရုံးရှေ့တွင် စွဲချက်တင် အမိန့်ချမှတ်သည့် တရားသူကြီးကို အော်ဟစ်ဝေဖန် ခဲ့သည်။ ထို့အပြင် စာအုပ်တစ် အုပ်ကို ခြေထောက်ဖြင့် နင်းသည် ကိုလည်း သတင်းထောက်အချို့ က တွေ့မြင်ခဲ့သည်။ တရားရုံးရှေ့ တွင် ဆန္ဒပြရန် တရားဝင်ခွင့်ပြု ချက်ရရှိထားကြောင်း ဆန္ဒပြသူ များက ပြောကြားသည်။

ဆန္ဒပြသူများက ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို နင်း သည်ဆိုခြင်းနှင့် ပတ်သက်၍ တရားရုံးရှေ့တွင် ရှိနေသော ကိုအောင်ကျော်က ယင်းမှာ ဖွဲ့ စည်းပုံ အခြေခံဥပဒေစာအုပ်မ ဟုတ်ဘဲ စာအုပ်ပုံစံထုတ်ထား သည့် ကတ်ထူပြားသာဖြစ် ကြောင်း ပြောသည်။

‘‘ကျွန်တော်မြင်တာ ဒေါ် လေးလေးတို့၊ ကိုနောင်နောင်တို့ က မနင်းပါဘူး။ တခြားသူတွေ နင်းကြတယ်ဆိုတာ ဖွဲ့စည်းပုံအခြေခံ စာအုပ်လည်း မဟုတ်ဘူး။ သရုပ် ပြထုတ်ထားတာပါ’’ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူ နှစ်ဦးသည် စည်ပင်ပိုင်မြေ ကျူးကျော်ထားသူများ၊ (၁၀)နှစ်အရွယ် ကလေးနှစ်ဦးကို ပိုက်ဆံ ၃၀၀ ခိုး၍ တရားစွဲသည့် ဂေါပကလူကြီးများစသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ စီတန်းလှည့်လည်ကာ ဆန္ဒပြဖူးသူများဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ 7Day Daily သတင်းစာက ဒဂုံ ဆိပ်ကမ်းမြို့နယ်ရဲစခန်း စခန်း မှူးသို့ ယမန်နေ့ည ၇ နာရီခွဲထိ ဖုန်းဖြင့် ဆက်သွယ်ရာ အလုပ်ရှုပ် နေ၍ မဖြေကြားနိုင်သေးကြောင်း ပြောသည်။ ယင်းမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်များသို့ ဆက်သွယ်သော်လည်း ဖုန်းဆက်သွယ် ၍မရပေ။