မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးအတွင်း လူစုလူဝေးဖြင့် ဝင်ရောက်ရန် ဦးဆောင်သူကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မဖြင့် တရားစွဲရန် စီစဉ်

မြောက်ဦးမြို့တွင် ဇန်န၀ါရီ ၁၆ ရက်ညက လူစုလူဝေးဖြစ်ပေါ်နေစဉ် (ဓာတ်ပုံ − DMG)

 မြောက်ဦးခရိုင်အုပ်ချုပ် ရေးမှူးရုံးအတွင်းသို့ လူစုလူဝေး ဖြင့် ဝင်ရောက်ရန် ဦးဆောင်သူ နှင့် ပါဝင်သူများကို နိုင်ငံတော်ပုန် ကန်မှုရာဇသတ်ကြီးပုဒ်မ ၁၂၁ ဖြင့် တရားစွဲဆိုရန် ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင် မောင်ဆွေကပြောကြားသည်။


လက်ရှိတွင် ဦးဆောင်သူ ဦးစံလှဘော်ကို ရာဇသတ်ကြီး ပုဒ်မ ၁၂၁ ဖြင့် တရားစွဲဆိုရန် တရားရုံးသို့ ဦးတိုက်လျှောက် ထားမည်ဖြစ်ပြီး ဥပဒေနှင့် အညီ ဆက်လက်လုပ်ဆောင်မည်ဖြစ် ကြောင်း ဦးတင်မောင်ဆွေက ရှင်းပြသည်။

‘‘ဒီပုဒ်မက ရဲစခန်းကို သွား ပြီး အမှုဖွင့်လို့မရဘူး။ ပုဒ်မကြီး ပေါ့။ နိုင်ငံတော်သမ္မတကနေပြီး တော့ အမိန့်ပေးမှ ဒီဥစ္စာကို တရားစွဲဆိုရတာ။ ကျွန်တော်တို့က သာ မန်သွားပြီး လုပ်လို့မရဘူး။ နိုင်ငံ တော်ပုန်ကန်မှု’’ဟု ၎င်းကဆို သည်။ မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ ဝင်ရောက်ရန် အခြားဦးဆောင်ပါဝင်သူများ ကို ဇန်နဝါရီ ၁၈ ရက်ညအထိ ဆက်လက်စုံစမ်းနေပြီး အမည်စာ ရင်းမထွက်သေးပေ။