နယ်စပ်ဖြတ်ကျော် ခရီးစဉ်ဖြင့် ပြည်ပဧည့်သည်များ ကယားပြည်နယ်သို့ စတင်ဝင်ရောက်လာ

(၆၆) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် လူထုအခမ်းအနားကို လွိုင်ကော်မြို့တွင် ကျင်းပနေစဉ် (ဓာတ်ပုံ − MOI)

 (၆၆)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအ မှတ်အနေဖြင့် ကယားပြည်နယ် နှင့် ထိုင်းနိုင်ငံနယ်စပ်ရှိ မယ် ဟောင်ဆောင် ခရိုင်မှတစ်ဆင့် ထိုင်းနိုင်ငံသား ၅၀ ဦးသည်ပထမ ဆုံးနယ်စပ်ဖြတ်ကျော်ခရီးစဉ်ဖြင့် စတင် ၀င်ရောက်လာကြောင်း Amazing Kayah Travel & Tour ခရီးသွားလုပ်ငန်း မန်နေ ဂျင်းဒါရိုက်တာ ဒေါ်ဇွန်ဇွန်ပြည့်ဖြိုးက ပြောကြားသည်။

‘‘ထိုင်းနယ်စပ်ဘက်က အ ရင်တုန်းက လုံးဝပိတ်ထားတာ ဆိုတော့ အခုမှ ပထမဆုံးစပြီးပြေး ဆွဲဖြစ်တာဖြစ်ပါတယ်။ ဒီအ တွက်လည်း တစ်လလောက်ကြို ပြီးတော့ ခွင့်ပြုချက်တင်ခဲ့ရပါ တယ်။ ကယားပြည်နယ်အနေနဲ့ ရော ကျွန်မတို့ Tour ကုမ္ပဏီအနေ နဲ့ပါ ဒါက ပထမဆုံးခရီးစဉ်ပဲဖြစ် ပါတယ်’’ ဟု ဒေါ်ဇွန်ဇွန်ပြည့်ဖြိုးက ပြောသည်။

အဆိုပါခရီးစဉ်တွင် ထိုင်း နိုင်ငံသား ၅၀ ဦးသည် ကား ၁၆ စီး၊ ဆိုင်ကယ်ခြောက်စီးဖြင့် လာ ရောက်လည်ပတ်ပြီး ကယားပြည်နယ်နေ့ပွဲတော်ရက်များဖြစ်သည့် ဇန်န၀ါရီ ၁၃ ရက်မှ ၁၆ ရက်အထိ လေးရက်အတွင်း ပြည်နယ်ခရီးစဉ်အပြင် တောင်ကြီး၊ အင်းလေးဒေသများသို့လည်း သွားရောက်လည်ပတ်ခဲ့ကြောင်း ၎င်းကပြောသည်။

‘‘နယ်စပ်ဝင်ပေါက်လိုတော့ လည်ပတ်ခွင့်မရသေးဘူး။ အ ကုန်လုံးကြိုစီစဉ်ပြီးတော့၊ ခွင့်ပြု ချက်တင်ပြပြီးတော့ လည်ပတ် ခွင့်ရတဲ့ ခရီးစဉ်မျိုးဖြစ်ပါတယ်။ နယ်စပ်ဝင်ပေါက် တစ်ခုအနေနဲ့ ဖွင့်လှစ်ပေးနိုင်မယ်ဆိုရင်တော့ ထိုင်းဘက်ကလည်း ခရီးသွားဧည့် သည်တွေပိုပြီးတော့ ၀င်လာမယ် လို့ မျှော်လင့်ရပါတယ်’’ ဟု ဒေါ်ဇွန်ဇွန်ပြည့်ဖြိုးက ပြောသည်။

လက်ရှိတွင် ကယားပြည် နယ်အစိုးရနှင့် ဟိုတယ်ခရီးညွှန် ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ ထိုင်းနိုင်ငံဘက်မှ နိုင်ငံခြားသား ဧည့်သည်များ တိုက်ရိုက်လာ ရောက်လည်ပတ်နိုင်ရေး ထိုင်း မြန်မာနယ်စပ်ဝင်ပေါက် ဖွင့် လှစ်နိုင်ရန် ပြည်ထောင်စုအစိုးရ ထံတင်ပြကာ အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်နေသည်။