ရုပ်ရှင် အကြိုခံစားခြင်း

HONNOUJI HOTEL

ဒီနေ့ ရုပ်ရှင်အကြိုကဏ္ဍလေးမှာတော့ ဂျပန်စိတ်ကူးယဉ် လျှို့ဝှက်ဆန်းကြယ် ဟာသဇာတ်ကားလေးအကြောင်း ဖော်ပြ လိုက်ပါတယ်။


မာယူကို ကူရာမိုတိုဟာ ကျိုတိုမြို့ကို အလည်သွားရင်း ကြိုတင်စီစဉ်ထားတာမရှိဘဲ ဟွန်းနိုးဂျိဟိုတယ်မှာ သွားရောက်တည်းခိုခဲ့ပါတယ်။ ဟွန်းနိုးဂျိဟိုတယ်ဟာ တစ်မူထူးတဲ့ ရှေးဟောင်း ဟိုတယ်တစ်ခုဖြစ်ပြီး ၁၅၈၂ က ဂျပန်နိုင်ငံရဲ့ ဟွန်းနိုးဂျိဖြစ်ရပ်ဆိုတဲ့ သမိုင်းဝင်အဖြစ်အပျက် ဖြစ်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။

အဲဒီမှာတည်းခိုနေတဲ့ မာယူကိုဟာ တစ်ရက်မှာတော့ သူ့အခန်းဆီကို ဓာတ်လှေကားနဲ့ သွားနေရင်း ထူးဆန်းစွာနဲ့ ပဒေ သရာဇ်ခေတ်ကာလဆီကိုရောက် သွားခဲ့ပါတယ်။

ပဒေသရာဇ်ခေါင်းဆောင် ကြီး နိုဘုနာဂအိုဒါနဲ့ သူ့ရဲ့သစ္စာ တော်ခံတွေဖြစ်တဲ့ နောက်လိုက် တစ်စုတို့ဟာ ဂျပန်နိုင်ငံကို ပေါင်း စည်းအောင် ဆောင်ရွက်ခဲ့ပြီးတဲ့ နောက် ကျိုတိုမြို့က ဟွန်းနိုးဂျိ ကျောင်းတော်မှာ နေထိုင်ကြပါ တယ်။

နိုဘုနာဂအိုဒါရဲ့ နောက် လိုက်တွေထဲမှာ ရန်မာရုမိုရီလည်း ပါပြီး အဲဒီခေတ်ကာလမှာ မြေ ကျွန်တွေဟာ ရက်စက်တဲ့ မြေရှင် ပဒေသရာဇ်တွေကို ကြောက်လန့် ပြီးနေခဲ့ကြရပါတယ်။ မာယူကို ဟာ ဟွန်းနိုးဂျိကျောင်းတော်ကို ရောက်သွားတာဖြစ်ပြီး ယခုခေတ် ဝတ်စားဆင်ယင်မှုတွေနဲ့ ရောက် သွားတဲ့ မာယူကိုဟာ ရှေးခေတ် လူတွေအတွက်တော့ အထူးအ ဆန်းဖြစ်လို့နေပါတယ်။

မာယူကိုကို နိုဘုနာဂက ကျို တိုမြို့လမ်းတွေကို လိုက်လံပြသ ခဲ့ပြီး နောက်ပိုင်းမှာတော့ နိုဘုနာဂနဲ့ ရင်းနှီးသွားခဲ့ပါတယ်။

ရှေးခေတ်ထဲကိုရောက်သွား တဲ့ မာယူကိုတစ်ယောက် ဘယ် လိုအဖြစ်အပျက်တွေနဲ့ ကြုံဆုံရ မှာလဲ။

သမိုင်းဝင် ဟွန်းနိုးဂျိအဖြစ် အပျက်ကို ကိုယ်တိုင်တွေ့ကြုံတဲ့ အခါမှာ ဘာတွေဆက်ဖြစ်မလဲဆို တာတော့ ဂျပန်ရုပ်ရှင်ပွဲတော်မှာ ဆက်ပြီးကြည့်လိုက်ဦးနော်။

ဒီဇာတ်ကားမှာ ပါဝင်ထား သူတွေက Haruka Ayase, Shinichi Tsutsumi, Gaku Hamada, Hiroyuki Hirayama တို့ ဖြစ်ပါတယ်။