NCA ပါ အချက်အချို့ ဆောင်ရွက်ရန် အခက်အခဲရှိဟု JMC-U အတွင်းရေးမှူးပြော

ဒေါက်တာရွှေခါးရ်(ယာ) သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းစဉ် (ဓာတ်ပုံ − စိုင်းဇော်)

အပစ်ရပ်နယ်မြေ သတ် မှတ်ရေး၊ တပ်နေရာ ပြန်လည်ချ ထားရေးအပါအဝင် NCA ပါ သဘောတူညီချက်အချို့ ဆောင်ရွက်ရန် တပ်မတော်နှင့်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ နှစ်ဖက် စလုံးတွင် အခက်အခဲများ ရှိနေ သေးကြောင်း ပြည်ထောင်စုအ ဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အတွင်းရေး မှူး (၁) ဒေါက်တာရွှေခါးရ်က ပြောသည်။


ဇန်နဝါရီ ၁၉ ရက်က ရန်ကုန် မြို့ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်သည့် JMC-U အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြား သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အခန်း(၃)တွင်ပါဝင်သည့်ကိစ္စရပ်များဖြစ်သော အပစ်ရပ် နယ်မြေသတ်မှတ်ရေး၊ ထိန်းချုပ် နယ်မြေသတ်မှတ်ရေး၊ တပ်နေ ရာ ပြန်လည်ချထားရေး၊ ဆက် သွယ်သည့် နည်းလမ်းသတ်မှတ် ရေးနှင့် အရပ်သားကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ်များသည် နှစ်ဖက် အဖွဲ့အစည်းများက ညှိနှိုင်းသတ် မှတ်ရမည့် ကိစ္စရပ်များဖြစ် ကြောင်းနှင့် JMC က ထိုသို့ နှစ် ဖက်ညှိနှိုင်းနိုင်ရန် ကမကထလုပ် ပေးနိုင်သည်ဟုသာ ပါရှိကြောင်း ဒေါက်တာရွှေခါးရ်က ပြောသည်။

‘‘အဲဒါမျိုး ညှိနှိုင်းနိုင်အောင် က နှစ်ဖက်ကနေ ဆန္ဒရှိနေမှ ဖြစ် ပါမယ်။ JMC အနေနဲ့ ခင်ဗျားတို့ ဒါလုပ်ဆိုပြီးတော့ သွားလုပ်လို့ မရဘူးပေါ့နော်။ နံပါတ် (၂) အ နေနဲ့ ဒီကိစ္စတွေ ဆောင်ရွက်ဖို့က နှစ်ဖက်စလုံးမှာ အခက်အခဲတွေ ရှိနေပါသေးတယ်။ တပ်မတော် ဘက်ကလည်း သူ့ရဲ့ ပြီးခဲ့တဲ့ အ တွေ့အကြုံအရ၊ သူတို့တိုင်းရင်း သား လက်နက်ကိုင်ဘက်က လည်း ကိုယ့်ရဲ့အတွေ့အကြုံအ ရ။ အဲဒါကြောင့်လည်း ကျွန်တော် တို့က စပြီးတော့ ဒီရေခဲတုံးကြီးကို အရည်ပျော်ဖို့ အလုပ်ရုံဆွေးနွေးပွဲ တွေကို စပြီးလုပ်နေပါတယ်’’ဟု ဒေါက်တာရွှေခါးရ်က ပြောသည်။

KNU အပါအဝင် တိုင်းရင်း သားလက်နက်ကိုင်ရှစ်ဖွဲ့သည် NCA တွင် ပါဝင်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ဆွေးနွေးနေသည်။ တပ်မတော်နှင့် NCA စာချုပ်ပါဝင် လက်မှတ်ရေးထိုးထားသည့် ရှမ်း ပြည်ပြန်လည်ထူထောင်ရေး ကော်မတီ (RCSS) တို့အကြား တိုက်ပွဲဖြစ်ပွားမှုနှင့် အငြင်းပွားမှု များ ရှိနေဆဲဖြစ်သည်။

ထို့အပြင် နယ်မြေပိုင်းခြား သတ်မှတ်မှုကဲ့သို့ NCA စာချုပ် ပါ ကိစ္စရပ်များ အသေအချာမသတ် မှတ်နိုင်သေးသဖြင့် နှစ်ဖက်အ ငြင်းပွားမှုများရှိနေကြောင်း ဒေါက် တာရွှေခါးရ်က ဆိုသည်။

လက်ရှိတွင် အဆိုပါကိစ္စရပ် များ အကောင်အထည်ဖော်နိုင်ရန် နှင့် ယုံကြည်မှုတည်ဆောက်နိုင် ရန် နှစ်ဖက်နယ်မြေ တပ်မှူးများ တွေ့ဆုံနိုင်ရေး ဆောင်ရွက်နေ ကြောင်း ဒေါက်တာရွှေခါးရ်ကပြောသည်။

‘‘နှစ်ဖက်တပ်မှူးတွေကြား မှာ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ပြီး ဖြည်းဖြည်းချင်းသွားမှာ ဖြစ်ပါ တယ်။ ဘာကြောင့်ဆိုတော့ ဒီ ကျွန်တော်တို့ NCA ထဲမှာရော၊ Bilateral ထဲမှာရော ဒီလိုကိစ္စတွေ က သတ်သတ်မှတ်မှတ်မရှိတော့ အချိန်ယူပြီး လုပ်ရမှာဖြစ်ပါ တယ်’’ဟု ဒေါက်တာရွှေခါးရ်က ပြောသည်။

မြေပြင်တပ်မှူးများ တွေ့ဆုံ နိုင်ရေး လုပ်ထုံးလုပ်နည်း မူကြမ်း တစ်ခုကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်ကစ၍ သုံးရက်ကြာ ပြုလုပ် ခဲ့သည့် JMC-U အစည်းအဝေး တွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း JMC-U ပြောရေးဆိုခွင့်ရှိသူများ က ပြောသည်။

‘‘ကျွန်တော်တို့ နှစ်ဖက်ညှိ နှိုင်းပြီးတော့ စဉ်းစားရမှာဖြစ်တဲ့ အတွက် နှစ်ဖက်ညှိနှိုင်းတဲ့အခြေ အနေပေါ်မှာပဲ အဓိကမူတည်ပြီး တော့ သွားရမယ့်ဟာဖြစ်ပါ တယ်’’ဟု JMC-U တပ်မတော် သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောသည်။

အဆိုပါ မူကြမ်းကို တပ် မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများအ ကြား ပေးပို့၍ အကြံပြုချက် တောင်းခံထားကြောင်းနှင့် နှစ် ဖက်အောက်ခြေတပ်မှူးများ တွေ့ဆုံမှုဖြစ်လာပါက ကရင်ပြည်နယ် တွင် စတင်နိုင်ဖွယ်ရှိကြောင်း လည်း JMC-U ပြောရေးဆိုခွင့်ရှိ သူများက ဆိုသည်။

JMC ကို တပ်မတော်နှင့် အပစ်ရပ်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကြား ဖြစ်ပွားသည့် ပြဿနာများကို ညှိနှိုင်းဖြေရှင်းနိုင် ရန် NCA အရ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ JMC တွင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက် နက်ကိုင်နှင့် အရပ်သားကိုယ်စား လှယ်များ ပါဝင်သည်။