မေလမှာ ဒုတိယရင်သွေးလေး မွေးဖွားတော့မယ့် ဆုန်သင်းပါရ်

ဓာတ်ပုံ-Sung Tin ဖေ့စ်ဘွတ်

ဒုတိယကိုယ်ဝန်လွယ် ထားသည်မှာ ငါးလကျော်ပြီဖြစ် ပြီး မေလတွင် ဝိတိုရိယဆေးရုံ၌ မွေးဖွားမည်ဖြစ်ကြောင်း အဆို တော် ဆုန်သင်းပါရ်က ပြော သည်။

‘‘ဘာလေးလဲဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ကိုယ် က ယောက်ျားလေးရထားပြီးပြီ ဆိုတော့ ဒီတစ်ခါကိုတော့ မိန်း ကလေးလိုချင်ပါတယ်။ မဆုန် သင်းက ကျေးဇူးတော်ပဲပေါ့။ တချို့ဆို ဗိုက်ကြီးတဲ့အချိန်မှာ မစားနိုင်၊ မသောက်နိုင်တာတို့၊ အရမ်းပင်ပန်းတာတို့ရှိတယ်။ မဆုန်သင်းက တစ်ခုမှမရှိဘူး။ ပထမကိုယ်ဝန်ရော၊ အခုကိုယ် ဝန်ရော အထူးတလည်ကြီး ဘာမှ ခံစားရတာမရှိဘူး။ ကျန်းကျန်းမာ မာပါပဲ’’ဟု ဒုတိယကိုယ်ဝန်နှင့် ပတ်သက်၍ ၎င်းက ပြောသည်။

ကိုယ်ဝန်လရင့်ပြီဖြစ်သော ကြောင့် ဂီတလှုပ်ရှားမှုနှင့်ပတ် သက်၍ ဖေဖော်ဝါရီ ၃ ရက်တွင် သုဝဏ္ဏဘူမိ Event Park ၌ ပြု လုပ်မည့် The Power of Four ရှိုးပွဲသည် ၂၀၁၈ တွင် ၎င်း ဖျော် ဖြေမည့် နောက်ဆုံးပွဲဖြစ်ကြောင်း ပြောသည်။

‘‘အစ်မကတော့ ပွဲမှာ တအားကြီး ကတာ ခုန်တာတော့ မလုပ်တတ်ပါဘူး။ ကိုယ့်ရဲ့ သီချင်းအလိုက် ပဲဆိုတာမျိုးရှိ တယ်။ ဆိုတဲ့နေရာမှာလည်း ကျန်တဲ့ ညီအစ်မတွေနဲ့ ဆိုရမှာဆို တော့ ကိုယ်ရွေးထားတဲ့ သီချင်း အပေါ်မှာပဲ အာရုံစိုက်ပြီး သေချာ ဖျော်ဖြေမယ်။ ပြီးတော့ အဝတ် အစားပိုင်းတွေသာ ဗိုက်ကြီး သည်နဲ့လိုက်တဲ့ဟာမျိုး ရွေးဝတ် မယ်။ နည်းနည်း သိပ်ကြည့် မကောင်းတာပဲရှိတာပါ။ သီချင်း ရွေးချယ်မှုအပိုင်းကတော့ မဆုန် သင်း အခွေသစ်ထဲက သုံးပုဒ်ရွေး မယ်။ အရင်တုန်းက ထွက်ခဲ့တဲ့ ဟာတွေထဲက ကိုယ်လည်း အရမ်း ကြိုးကြိုးစားစားလေးနဲ့ ဆိုရခက်တဲ့ သီချင်းမျိုးလည်း ရွေး ထားမယ်။ Band ကလည်း ကိုယ် အထူးတလည်ကြီး ညှိစရာမလိုတဲ့ အတွက် အဆင်ပြေတယ်။ အကောင်းဆုံး သီဆိုဖျော်ဖြေသွား မယ်’’ဟု ဆုန်သင်းပါရ်က ပွဲနှင့် ပတ်သက်၍ ပြောသည်။

အဆိုပါပွဲတွင် ၎င်းအပါ အဝင် ကော်နီ၊ သျှီနှင့် ဖြူဖြူ ကျော်သိန်းတို့ပါ ဖျော်ဖြေမည်ဖြစ် သည်။