‘ဥပါယ်တံမျဉ်’ဇာတ်ကားမှာ ပရိသတ်ထင်မှတ်မထားတဲ့ ဇာတ်ရုပ်နဲ့တွေ့ရမယ့် သက်မွန်မြင့်

 ‘ဥပါယ်တံမျဉ်’ရုပ်ရှင် ဇာတ်ကားတွင် ပရိသတ်များ ထင်မှတ်မထားသည့် ဇာတ်ရုပ်ဖြင့် တွေ့မြင်ရမည်ဖြစ်ကြောင်း သက် မွန်မြင့်က ပြောကြားသည်။

‘‘ကာရိုက်တာအနေနဲ့က တော့ သက်မွန် ပုံစံပြောင်းထားတဲ့ ကာရိုက်တာတစ်ခုပါ။ ဇာတ်လမ်း မပြောတာက ကြည့်ရတာ စိတ် မဝင်စားမှာစိုးလို့ပါ’’ဟု ‘ဥပါယ် တံမျဉ်’ ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ထားသည့် ဇာတ်ရုပ် နှင့်ပတ်သက်၍ ပြောသည်။

ယင်းဇာတ်ကားတွင် သက် မွန်မြင့်က သူဌေးတစ်ဦးနှင့် လက် ထပ်လိုက်သည့် နှလုံးရောဂါသည် အမျိုးသမီးတစ်ဦးအဖြစ် ပါဝင် သရုပ်ဆောင်ထားပြီး ခင်ပွန်းဖြစ် သူ အခြားအမျိုးသမီးတစ်ဦးနှင့် ဖောက်ပြန်သည့်ကိစ္စကို သိပြီးချိန်တွင် စိတ်နာသွားသော လျှို့ဝှက်ချက်များရှိသည့် အမျိုးသမီးတစ် ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထား သည်။

‘ဥပါယ်တံမျဉ်’ရုပ်ရှင်ဇာတ် ကားကို ဇာတ်ညွှန်းလာပြသည့်အ ချိန်ကတည်းက စိတ်ဝင်စားသော ကြောင့် ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ ပြီး    ပြန်လည်ကြည့်ရှုချိန်တွင် မြန်မာကားကို  ဗိုလ်ဆန်ဆန် ကြည့်ရသည်ဟု  ခံစားရကြောင်း ၎င်းကဆိုသည်။

ယင်းဇာတ်ကားတွင် သရုပ် ဆောင်များအဖြစ် ဇဏ်ခီ၊ သက် မွန်မြင့်၊ အောင်မြင့်မြတ်၊ Kaew Korravee နှင့် ခြူးစစ်ဟန်တို့ ပါဝင် သရုပ်ဆောင်ထားသည်။ မျက်နှာသစ် သရုပ်ဆောင်အများစု ပါဝင်သရုပ်ဆောင်ထားသော်လည်း သဘာဝကျကျ သရုပ်ဆောင်နိုင် ကြောင်း သက်မွန်မြင့်က မှတ်ချက်ပြုသည်။

‘‘ဒီဇာတ်ကားကို ကြည့်လိုက်တာ အကုန်လုံးက သရုပ်ဆောင် တယ်လို့ မထင်ရဘဲ မင်းထက်ဆို လည်း မင်းထက်ကိုကြည့်နေရ သလို ကိုဇဏ် (ဇဏ်ခီ)ဆိုတာကြီး ပျောက်သွားတယ်။ အောင်မြင့် မြတ်ဆိုလည်း သိန်းစိုးတကယ် ဖြစ်တယ်။ စုံထောက်ကြီးကအစ အကုန်လုံး။ ခြူးစစ်ဟန်ဆိုရင် အသံအနေအထား တကယ် သဘောကျတယ်’’ဟု သက်မွန် မြင့်က ပြောသည်။