ကရင်လူထု တွေ့ဆုံပွဲကျင်းပခွင့်မရ

ကရင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ(KNDCC)၏ အစည်းအဝေးတစ်ရပ်ကို ယခုလ ပထမပတ်က ဘားအံမြို့၌ ကျင်းပနေစဉ်(ဓာတ်ပုံ − Karen National Dialogue)

 ကရင်အမျိုးသားအစည်း အရုံး (KNU) အပါအဝင် ကရင် လက်နက်ကိုင်အဖွဲ့များ၊ ပါတီ များနှင့် လူမှုအဖွဲ့အစည်းများ ပူး ပေါင်းဖွဲ့စည်းထားသည့် အဖွဲ့က ပြုလုပ်မည့် ကရင်လူထုတွေ့ဆုံ ပွဲကို တနင်္သာရီတိုင်းအစိုးရအဖွဲ့ နယ်လုံဝန်ကြီးက ခွင့်မပြု၍ ကျင်း ပခွင့်မရကြောင်း  ထားဝယ်မြို့ နယ် KNU ရုံးဆက်ဆံရေးတာဝန်ခံပဒိုစောဖလို့စိုးဝင်းက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံအစည်း အဝေးများတွင် ကရင်လူထုလို လားချက်များ ထပ်မံတင်ပြနိုင် ရေး ကရင်လူမျိုးများနေထိုင်ရာ ဒေသကိုးခု၌ လူထုသဘောထား ရယူရန် ကရင်အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲကျင်းပရေး ကော်မတီ (KNDCC) က ဇန်နဝါရီ လဆန်း တွင် ပြုလုပ်သည့် အစည်းအဝေး ၌ ဆုံးဖြတ်ခဲ့သည်။


ထို့အတွက် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကတွဲ ကျေးရွာတွင် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေး သ ဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော KNU အပါအ ဝင် ကရင်လက်နက်ကိုင်အဖွဲ့ များမှ ကိုယ်စားလှယ်များနှင့် ကရင်လူထုကိုယ်စားလှယ်များ ပါဝင်သော လူထုတွေ့ဆုံပွဲကို လူ ဦးရေ ၁၀၀ခ န့်ဖြင့် ဇန်နဝါရီ ၁၉ ရက်တွင် ကျင်းပရန် စီစဉ်ထား ခြင်းဖြစ်သည်။

‘‘ကျွန်တော်နယ်လုံဝန်ကြီး ကိုမေးတယ်။ ခွင့်မပေးဘူးဆိုတာ ဘယ်သူက ခွင့်မပေးလဲဆိုတာ မေးတော့ မပြောရပါစေနဲ့လို့ ကျွန်တော့်ကိုပြောတာပဲ။ ဒါ ကြောင့် ကျွန်တော်လည်း ဘာမှ မပြောတော့ဘူး။ အထက်ညွှန် ကြားချက်လည်း ဖြစ်ချင်ဖြစ်မှာ ပေါ့’’ဟု တိုင်းအစိုးရအဖွဲ့ နယ်လုံ ဝန်ကြီးက တွေ့ဆုံပွဲကျင်းပခွင့်မ ပြုသည့် ကိစ္စနှင့်ပတ်သက်၍ ထား ဝယ်မြို့နယ် KNU ရုံးဆက်ဆံရေး တာဝန်ခံက ရှင်းပြသည်။

ယခုကဲ့သို့ လူထုတွေ့ဆုံပွဲ ပြုလုပ်ရေး ခွင့်မပြုမှုကြောင့် ယင်းနေ့တွင် ပြုလုပ်မည့် အစီအစဉ် အားလုံး ဖျက်သိမ်းခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

NCA အရ ကျင်းပသည့် လူ မျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်လူ မျိုးများက ပထမဆုံးကျင်းပပြီး ၂၀၁၇ နှစ်ဆန်းက ဘားအံမြို့၌ ကျင်းပခဲ့သည်။ ယင်းကာလကမူ အကြိုလူထု တွေ့ဆုံပွဲများနှင့် အမျိုးသားအ ဆင့် ဆွေးနွေးပွဲများ ဟန့်တားခံရမှု မရှိဘဲ ပြီးစီးခဲ့သည်။

လက်ရှိ KNDCC သည် လူထုတွေ့ဆုံပွဲများကို ကရင်၊ မွန်၊ ကရင်နီ (ကယား)ပြည်နယ်၊ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်း၊ အထက်မြန်မာပြည်နှင့် နယ်စပ်ဒေသများ အပါအဝင် ကရင်လူမျိုးများ နေထိုင်ရာဒေသများတွင် ပြုလုပ်ရန် စီစဉ်ထားသည်။

More in News Section