KNPP တပ်ဖွဲ့ဝင်များ သေဆုံးမှု အဖြစ်မှန်ဖော်ထုတ်ပေးရေး ဆန္ဒပြသူများကို ပြည်နယ်ဝန်ကြီးချုပ် ခေါ်ယူတွေ့ဆုံ

ဝန်ကြီးချုပ်၏ ရှင်းပြချက်များ ကျေနပ်မှုမရှိဟုဆိုကာ အစိုးရအလိုမရှိကြောင်း ဆက်လက်ဆန္ဒထုတ်ဖော်

ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP) အဖွဲ့ဝင် သုံးဦးနှင့် အရပ်သားတစ်ဦးသတ် ဖြတ်ခံရခြင်းနှင့်ပတ်သက်၍ အ ဖြစ်မှန်ဖော်ထုတ်ပေးရန်နှင့် တာ ၀န်ယူမှုမရှိသည့် အစိုးရအလိုမရှိ ကြောင်း ဆန္ဒပြသည့် ဦးဆောင်သူ များကို ကယားပြည်နယ်ဝန်ကြီး ချုပ် ဦးအယ်လ်ဖောင်းရှိုက လက် ခံတွေ့ဆုံပြီး ဖြစ်စဉ်အပေါ် စုံစမ်း စစ်ဆေးမှုအခြေအနေများ ရှင်းပြ ခဲ့သည်။

KNPP အဖွဲ့ဝင်အချို့ သေဆုံးမှုနှင့်ပတ်သက်၍ ဆန္ဒ ဖော်ထုတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံ ရသူများကို  ၀န်းရံခဲ့သည့် ဦး ဆောင်သူသုံးဦးကို ငြိမ်းစုစီပုဒ်မ ဖြင့် ဇန်န၀ါရီ ၁၉ ရက်တွင် ရုံးချိန်း ဆင့်ခေါ်ထားသည်။ ယင်းနေ့တွင် လူအင်အားရာချီပါဝင်သော ဆန္ဒပြအဖွဲ့က ပြည်နယ်အ စိုးရရုံးရှေ့သို့ လာရောက်စဉ် ၀န်ကြီးချုပ်က လက်ခံတွေ့ဆုံပြီး ၎င်းတို့မေးမြန်း သည့်အချက်များကို ပြန်လည်ဖြေကြားခဲ့သည်။

ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ဆန္ဒပြပွဲဦးဆောင်သူများက အ ရပ်သားတစ်ဦး သေဆုံးသည့် ဖြစ်စဉ်အပေါ် သတင်းမှန်ထုတ်ပြန် ပေးရေး၊ ဒီဇင်ဘာ ၂၂ ရက်က ဆန္ဒပြမှုကြောင့် ထောင်ကျနေသည့် လူငယ်ငါးဦးကို လွှတ်ပေးရေးနှင့် ဇန်န၀ါရီ ၅ ရက်က ၎င်းလူငယ် ငါးဦးကို တရားရုံးသို့လိုက်ပို့စဉ် ၀န်းရံခဲ့သည့် ဦးဆောင်သူသုံး ဦးကို အမှုဖွင့်ထားမှု ရုပ်သိမ်းပေးရေးစသည်တို့ကို တောင်းဆိုခဲ့သည်။ ထို့ပြင် ၀န်ကြီးချုပ်အနေ ဖြင့် ကယားပြည်နယ်ရှိ လူငယ်အဖွဲ့အစည်းများ အပါအ၀င် အရပ်ဘက်အဖွဲ့အစည်းများနှင့် နှစ်လတစ်ကြိမ် ပုံမှန်တွေ့ဆုံ ပေးရန် တောင်းဆိုသည်။

၎င်းတို့၏ တောင်းဆိုချက် များနှင့်ပတ်သက်ပြီး ၀န်ကြီးချုပ် က အရပ်သားတစ်ဦး သတ်ဖြတ် ခံရသည်ဆိုသည့်အချက်မှာ အ မှန်တကယ် အရပ်သားတစ်ဦး ဟုတ်၊ မဟုတ် ပြန်လည်မေးခွန်း ထုတ်ခဲ့သည်။

ထို့ပြင် ၀န်ကြီးချုပ်က ‘အဲဒီ ၁၉၊ ၂၀ ရက်မှာ ဖြစ်သွားတဲ့ကိစ္စ KNPP ရော ကိုယ့်ကို လာတိုင် ထားသလား၊ ညီလေးတို့မေး။ ထို နည်းလည်းကောင်း တပ်မတော် လည်း ကိုယ့်ကိုယ် တင်ပြထား တာမရှိဘူး။ အဲဒီနေ့မှာ ဖြစ်ပျက် သွားတာတွေ မှန်သမျှက နှစ်ဦး နှစ်ဖက်စလုံးက ဒီအစိုးရရှိလို့ ရှိ မှန်း မသိတဲ့သဘောမျိုးနဲ့ သူတို့ ဟာသူတို့ သတင်းကို အမှောင်ချ ပြီးမှ လုပ်နေတဲ့ အနေအထား တစ်ခု၊ ညီလေးတို့ အဲဒါသိဖို့လို တယ်’’ ဟု ပြောသည်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခြင်းဆိုင်ရာဥပဒေနှင့် အမှုဖွင့်အ ရေးယူခံထားရသူများအရေးနှင့် ပတ်သက်၍ ၀န်ကြီးချုပ်က ‘‘ငြိမ်းစုစီမတင်ဘဲနဲ့ ဆန္ဒပြတဲ့အတွက် ကြောင့် တရားရုံးမှာ အယူခံခွင့် ယူခိုင်းတာပဲ။ ကာယကံရှင်တွေ ကိုယ်တိုင်က အယူခံ မယူချင်ဘူး။ ထောင်ထဲပဲ ၀င်မယ်ဆိုတဲ့ တောင်းဆိုချက်တွေကြောင့်သာ ဘယ်သူမပြု မိမိမှု   ကိုယ့်ရဲ့ခံယူချက်ကြောင့် ဒီလိုဖြစ်သွားတာ။ ပိတ်သိမ်းခြင်း၊ မပိတ်သိမ်း ခြင်းဆို တာက ပြည်နယ်ဝန်ကြီးချုပ်တစ် ယောက်အနေနဲ့ စည်းကမ်းကို မလိုက်နာဘဲ၊ မသိဘဲနဲ့ ပရမ်းပ တာ ကတိပေးလို့မရဘူး’’ ဟု ဖြေကြားသည်။ ဒီမိုကရေစီစနစ်ဆိုရာ တွင် စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ရမည့်ကိစ္စ ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြော သည်။ ဆန္ဒပြသူများက ၀န်ကြီး ချုပ်နှင့် အဖွဲ့အစည်းများပုံမှန် တွေ့ဆုံရန် တောင်းဆိုမှုကို ၀န် ကြီးချုပ်က လက်ခံသည်။

KNPP တပ်ဖွဲ့ဝင်များသေ ဆုံးသည့်ဖြစ်စဉ် ဖြစ်ကတည်းက ပြည်နယ်အစိုးရသည် စုံစမ်းပြီး အချက်အလက်ရယူကာ အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) သို့ တင်ပြခဲ့ကြောင်း ၀န်ကြီးချုပ် က ပြောသည်။

‘‘NRPC က သူ့ရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေအရ NRPC က ဒါ တပ်ပိုင်းဆိုင်ရာ ကိစ္စဖြစ်တဲ့အ တွက်ကြောင့်  ကာကွယ်ရေးကို ပို့ပါတယ်။ ကာကွယ်ရေးက လည်း ပို့တဲ့အတိုင်း ငြိမ်မနေပါ ဘူး။ စုံခုံဖွဲ့ပြီးမှ တပ်မတော်အ ခန်းကဏ္ဍကနေ စိစစ်အရေးယူ ဆောင်ရွက်မှုတွေ ရှိနေတာပဲ။ သူ တို့မပြီးသေးဘူး။ အခုဒီရက် ပိုင်းလေးမှာ ဆက်ဆံရေးရုံးကနေ တစ်ဆင့် အချင်းချင်း၊ ခေါင်း ဆောင်အချင်းချင်း KNPP ခေါင်းဆောင်တွေနဲ့ တွေ့ပြီးမှ ဒါကိုဆောင်ရွက် နိုင်ဖို့အတွက်၊ အဖြေမှန်ဖော်ထုတ် နိုင်ဖို့အတွက် သူတို့ကြိုးပမ်းနေ တယ်’’ဟု ၀န်ကြီးချုပ်က ပြောကြားသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍မှားသူကိုထိရောက်စွာ အရေးယူဆောင်ရွက်မည်ဆိုသော ဆုံးဖြတ်ချက်ရှိကြောင်း ၎င်းကဆိုသည်။

ဝန်ကြီးချုပ်၏ ရှင်းပြချက် နှင့်ပတ်သက်၍ ဆန္ဒပြဦးဆောင် သူများက ကျေနပ်မှုမရှိသဖြင့် အ ဆိုပါတွေ့ဆုံပွဲအပြီးတွင် ဆန္ဒပြပွဲ ဆက်လက်ပြုလုပ်ကာ လွိုင်ကော်မြို့ပေါ်သို့ လှည့်လည်ပြီး အမှုဖွင့်ခံ ထားရသူသုံးဦးကို   တရားရုံးသို့ပို့ဆောင်ခဲ့သည်။

ဆန္ဒပြသူများသည် ၀န်ကြီး ချုပ်နှင့် မတွေ့ဆုံမီနှင့် တွေ့ဆုံအ ပြီး ဆန္ဒထုတ်ဖော်မှုများတွင် ‘အ ရပ်သားသတ်ဖြတ်ခံရမှု အမှန် တရားပေါ်ပေါက်ရေး  တို့အရေး၊ တို့ အရေး’၊ ‘တာဝန်ယူ တာဝန်ခံမှု မရှိသော ပြည်နယ်အစိုးရ အလို မရှိ၊ အလိုမရှိ’၊ ‘ငြိမ်းချမ်းရေးကို ဖျက်ဆီးသူ အလိုမရှိ၊ အလိုမရှိ’ စသည်တို့အပါအ၀င် အချက် လေးချက်ကို အဓိကကြွေးကြော်ခဲ့ သည်။

‘‘၀န်ကြီးချုပ်က ဘာကတိမှ မပေးနိုင်ဘူးဆိုတော့ ကျွန်တော် တို့က ကျွန်တော်တို့လိုချင်တဲ့ အ ချက်တွေကိုဆက်ပြီး ဆန္ဒဖော် ထုတ်ပြီးမှ ရုံးချိန်းသွားတယ်။ ရုံးချိန်းသွားပြီး  လူငယ်သုံးဦးကို ထောင်သွားပို့တယ်’’ဟု ကရင်နီ ပြည်လူငယ်များ သမဂ္ဂမှ ခွန်းဘား နဒ်က ပြောသည်။ ၎င်းသည် ၀န် ကြီးချုပ်နှင့် တွေ့ဆုံရာတွင် ပါဝင် ခဲ့သူ ဖြစ်သည်။

တရားရုံးက အာမခံယူရန် ပြောကြားသော်လည်း အမှုဖွင့်ခံရ သူ သုံးဦးသည် အာမခံမယူ၍ ၎င်း တို့ကို လွိုင်ကော်ထောင်အချုပ် သို့ ပို့ဆောင်ကာ ဇန်န၀ါရီ ၂၃ ရက်တွင် ရုံးချိန်းပြန်လည်ချိန်းဆို ထားသည်။ အမှုဖွင့်ခံရသူ သုံးဦး အနက် ခွန်းဘီထူးသည် ကယန်း အမျိုးသားပါတီ ဥက္ကဋ္ဌဖြစ်သည်။

ဇန်န၀ါရီ ၁၉ ရက် ဆန္ဒပြပွဲ တွင် ဦးဆောင်သူ ခြောက်ဦးခန့်ရှိ ပြီး ခွင့်ပြုချက်တောင်းဆိုခြင်း မရှိဟု ခွန်းဘားနဒ်က ဆိုသည်။

ထို့ကြောင့် KNPP တပ်ဖွဲ့ ၀င်များ သေဆုံးမှုနှင့်ပတ်သက်၍ ဆန္ဒပြသူများအနက် ငါးဦးကို ခွင့်ပြုချက်မရဘဲ ဆန္ဒပြသောကြောင့် ထောင်ဒဏ်ရက် ၂၀ ချ မှတ်ထားပြီး သုံးဦးကို အမှုဖွင့်တရားစွဲဆို ထားသည် တပ်မတော်ယာဉ်တန်းကို တားဆီးခြင်းနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၀ ရက်တွင် KNPP တပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦးတို့သည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)လက်အောက်ခံတပ် များ၏ ဖမ်းဆီးခံရပြီး သေဆုံး ခဲ့ရာ KNPP က ၎င်းတို့တပ်ဖွဲ့ဝင် များ ဖမ်းဆီးသတ်ဖြတ်ခံရသည် ဟု ထုတ်ပြန်ထားပြီး ဒကစ(လွိုင် ကော်) က အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားကြောင်း ရှင်းလင်းထား သည်။

More in News Section