ဒီချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဖုန်းဖြင့်ဆဲဆိုသူ ပြန်တောင်းပန်၍ အမှုရုပ်သိမ်းမည်

အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်ကို ဖုန်းဖြင့်သာမက နေအိမ်ရှေ့၌ပါ လာရောက်ဆဲဆိုမှုကြောင့် အမှု ဖွင့်ခံထားရသူက ပြန်လည်တောင်း ပန်သဖြင့် အမှုရုပ်သိမ်းမည်ဖြစ်ကြောင်း ဒေါ်နီနီမေမြင့်က ပြော သည်။ 


ဒေါ်နီနီမေမြင့်ထံ ဇန်န၀ါရီ ၈ ရက်ညက အရောင်းအ၀ယ်အ ငြင်းပွားမှုနှင့်ပတ်သက်၍ တိုင် ကြားသည့် ဖုန်းကိုလက်ခံစကား ပြောရာမှ တောင်ကုတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဦးတင် အုန်းက ဆဲဆိုခြင်းဖြစ်သည်။

ထိုသို့ ဆဲဆိုခံရသည့်နေ့တွင် ဒေါ်နီနီမေမြင့်သည် ရန်ကုန်မြို့ သို့ရောက်နေ၍ ၎င်း၏မောင်က တောင်ကုတ်မြို့မရဲစခန်း၌ အမှု ဖွင့်ခဲ့သည်။

‘‘မနေ့က (ဇန်န၀ါရီ ၁၇ ရက်) နေပြည်တော်အထိ လာ တောင်းပန်တယ်လေ။ အမှုပြန် ပိတ်မယ်၊ သူလည်းပြည်သူတစ် ယောက်ဆိုတော့ ဗုဒ္ဓဘာသာတစ် ယောက်အနေနဲ့ ခွင့်လွှတ်ပေးရ မှာပေါ့’’ ဟု ၎င်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တောင်ကုတ်မြို့နယ် စစ်မှုထမ်း ဟောင်းအဖွဲ့ဥက္ကဋ္ဌ ဦးတင်အုန်း ထံ ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရပေ။

More in News Section