ဆိုးလ်မြို့ရှိ မိုတယ်တစ်ခု မီးရှို့တိုက်ခိုက်ခံရပြီး လူငါးဦးသေဆုံး

_YONHAP

 တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မိုတယ်တစ်ခုတွင် စနေနေ့က မီးရှို့တိုက်ခိုက်မှု ကြောင့် လူငါးဦးသေဆုံးပြီး ဒဏ်ရာရသူ လေးဦးကို ဆေးရုံသို့ ပို့ ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါမိုတယ်မီးလောင်မှု နှင့် ပတ်သက်၍ မီးရှို့ခဲ့သော အသက် (၅၃)နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားသည်။

ပစ္စည်းပို့သူအမျိုးသားတစ် ဦးသည် နှစ်ထပ်မြင့်သော ဟို တယ်အခန်းငှားရန် လာရောက်ခဲ့ သော်လည်း ၎င်းသည် အရက် သောက်ထားသဖြင့် အခန်းမငှား နိုင်ကြောင်း ငြင်းဆိုခံရပြီးနောက် ဒေါသထွက်၍ ယင်းသို့ မီးရှို့တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

မျိုးရိုးအမည် ‘ယူ’ဟူသော ထိုအမျိုးသားသည် အနီးရှိ လောင်စာဆီအရောင်းဆိုင်မှ ဓာတ်ဆီ ၁၀ ပုလင်းခန့် ဝယ်ယူလာပြီး မိုတယ်၏ မြေညီထပ်၌ လောင်းချကာ မီးရှို့ခဲ့သည်။

အိမ်နီးချင်းများကလည်း မီးသတ်ဆေးဘူးအသုံးပြု၍ ငြှိမ်းသတ်သော်လည်း မီးကို မထိန်း ချုပ်နိုင်ခဲ့ပေ။

—Ref:AFP