JMC-U ကိုယ်စားလှယ်အချို့ ပြောင်းလဲတာဝန်ပေး

 ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာ ပူးတွဲစောင့်ကြည့်ရေးကော်မ တီ(JMC-U)က တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ကိုယ် စားလှယ်တစ်ဦးတို့ကို အပြောင်း အလဲပြုလုပ်ခဲ့ကြောင်း JMC-U အတွင်းရေးမှူး(၁) ဒေါက်တာ ရွှေခါးရ်က ပြောကြားသည်။


ပြောင်းလဲတာဝန်ပေးမှုကို ဇန်န၀ါရီ ၁၇ ရက်က ရန်ကုန်မြို့ ရှိ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ကျင်းပသည့် JMC-U ၏ (၁၄)ကြိမ်မြောက် အစည်း အဝေး၌ ပြုလုပ်ခဲ့ကြောင်း ၎င်း ကပြောကြားသည်။

JMC-U အစိုးရအစုအဖွဲ့ တွင် တပ်မတော်သားကိုယ်စား လှယ်အဖြစ်ပါဝင်သည့် ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇောနေ ရာ၌ ဒုတိယဗိုလ်ချုပ်ကြီး အေး ၀င်းအားလည်းကောင်း ဦးမြင့်စိုး (ဒုတိယဗိုလ်ချုပ်ကြီး-ငြိမ်း) နေရာတွင် ဦးကျော်ဇံမြင့် (ဗိုလ်မှူးချုပ်-ငြိမ်း) အားလည်းကောင်း တာဝန်ပေးခဲ့သည်။ ထို့အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အ စည်းများ အစုအဖွဲ့မှ ကိုယ်စား လှယ်ပဒို စောတာဒိုမှူး၏နေရာ တွင် ပဒိုစောဆဲဟေးအား အစား ထိုးတာဝန်ပေးခဲ့သည်။

‘‘ဒုဗိုလ်ချုပ်ကြီးဟောင်း မြင့် စိုးက နိုင်ငံရေးပါတီဘက်မှာပါလို့ ဆိုပြီးတော့ လုပ်လိုက်တာပေါ့ နော်။ နောက်ဒုတိယဗိုလ်ချုပ်ကြီး နှစ်ဦးအပြောင်းအလဲလုပ်တာပေါ့ နော်။ အစိုးရဘက်က အပြောင်းအလဲပေါ့နော်။ ဒီဘက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အနေနဲ့ က ပဒိုစောတာဒိုမှူးက UPDJCဘက်ကို ရောက်သွားတော့ ဒီဘက်မှာ KNU ဘက်က အစားထိုးလုပ် လိုက်တဲ့သဘောပါ’’ ဟု ဒေါက်တာရွှေခါးရ်ကပြောကြားသည်။

ထိုသို့ JMC-U ကော်မတီ ၀င်များ အစားထိုးတာဝန်ပေးမှု ကို အတည်ပြုနိုင်ရန် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အကောင်အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအ စည်းအဝေး (JICM) တွင် ဆက် လက် အတည်ပြုဆောင်ရွက်မည် ဟု JMC-U ပြောရေးဆိုခွင့်ရှိသူ များက ပြောကြားသည်။

JMC ကို တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA)အရ အစိုးရ၊ တပ်မတော်၊တိုင်းရင်းသားလက် နက်ကိုင်နှင့် အရပ်သားကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပ နေစဉ် လက်နက်ကိုင်ပဋိပက္ခများ မပေါ်ပေါက်ရေး ပူးတွဲထိန်းသိမ်း စောင့်ကြည့်ရန်နှင့် ပဋိပက္ခများ ပေါ်ပေါက်လာပါက အင်အားသုံးမဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းအ ဖြေရှာရေး အဓိကလုပ်ငန်းတာဝန် များအဖြစ် သတ်မှတ်ထားသည်။ 

More in Politics Section