စစ်ဘေးဒုက္ခသည်သုံးဦး အသတ်ခံရမှု အရာရှိလေးဦးအပါအဝင် တပ်မတော်သား ခြောက်ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချ၊ တပ်မတော်မှထုတ်ပယ်

ကချင်ပြည်နယ် မံစီမြို့နယ် မိုင်းခေါင်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးဒုက္ခသည်သုံးဦး အသတ်ခံရမှုနှင့်ပတ်သက်၍ အရာရှိလေးဦး အပါအဝင် တပ်မတော်သားခြောက်ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ပြီး တပ်မတော်မှ ရာသက်ပန်ထုတ်ပယ်လိုက်သည်။

မိုင်းခေါင်စစ်ဘေးဒုက္ခသည်စခန်း၌ နေထိုင်သည့် မရန်ဘရန်ဆိုင်း အပါအဝင် စစ်ဘေးဒုက္ခသည်သုံးဦးသည် ၂၀၁၇ မေလ ၂၅ ရက်တွင် ပျောက်ဆုံးခဲ့ရာ သုံးရက်အကြာ၌ ရွာနှင့် လေးမိုင်ခန့်ဝေးသော နေရာတွင် အလောင်းများ တူးဖော်တွေ့ရှိခဲ့သည်။ ထိုစစ်ဘေးဒုက္ခသည်သုံးဦး သေဆုံးမှုနှင့်ပတ်သက်၍ တပ်မတော်က တာဝန်ရှိသူများကို ယမန်နှစ်အတွင်း စတင်စစ်ဆေးခဲ့ပြီး ယခုကဲ့သို့ အရေးယူခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဇန်နဝါရီ ၁၉ ရက်

ညနေ ၆ နာရီတွင် မံစီအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၃၁၉) တွင် ပြုလုပ်သည့် စစ်တရားရုံး ၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အမိန့်ကိုဖတ်ပြကာ ပြစ်ဒဏ်ချ မှတ်ခြင်းဖြစ်ကြောင်း ပြစ်ဒဏ် စီရင်ခြင်းကို သွားရောက်နား ထောင်သည့် အရပ်ဘက်အဖွဲ့အ စည်း ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

စစ်တရားရုံးတွင် ပြစ်ဒဏ်ချ မှတ်မှုသည် မိနစ် ၄၀ ခန့်ကြာမြင့် ပြီး ဗန်းမော်မြို့ အရပ်ဘက်အဖွဲ့ အစည်းမှ ကိုယ်စားလှယ်များ၊ အ သတ်ခံရသူသုံးဦး၏ မိသားစုဝင် များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း ၎င်းက ဆက်လက်ပြော သည်။

‘‘တရားစီရင်တဲ့ အထဲမှာ ငယ်စဉ်ကြီးလိုက်ပေါ့။ တပ်သား အဆင့်ကနေ ဒုကြပ်၊ ဗိုလ်၊ ဗိုလ် ကြီးနှစ်ယောက်၊ နောက်ဆုံးတပ် ရင်းမှူးပေါ့။ အကုန်လုံးကိုတော့ စစ်တပ်ဘက်က ဥပဒေဖြစ်တဲ့ လူ အုပ်စုလိုက်သေစေမှု အဲဒါ အထ မြောက်တယ်ဆိုတဲ့ဟာနဲ့ စွဲချက် တင်တယ်။ စစ်ကြောင်းမှူးဖြစ်တဲ့ ဗိုလ်ကြီးနဲ့ တပ်ရင်းမှူးနဲ့ကိုကျ တော့ စာရွက်စာတမ်းဖျောက် ဖျက်မှုပေါ့။ တပ်မတော်ရဲ့ နည်း စနစ်ကျမှုကို ချိုးဖောက်မှုဆိုတဲ့ ဟာနဲ့ တရားစွဲတယ်။ ဒါပေမဲ့ အ ကုန်လုံးကိုချတာက အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၁၀ နှစ်။ ပြီးတဲ့အ ခါ ရာထူးတွေ အကုန်ဖြုတ်ချပြီးမှ စစ်တပ်ကနေ ရာသက်ပန်ထုတ် ပယ်တယ်’’ဟု အရပ်ဘက်အဖွဲ့ ကိုယ်စားလှယ်က ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ် သက်၍ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ် တာဝန်ရှိသူတစ်ဦးက ပြစ် ဒဏ်စောင့်ဆိုင်းဆဲအခြေအနေ၌ ပင် လူသတ်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူများကို အချုပ်ထဲ ထည့်ထားကြောင်း ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားသည်။

‘‘ချုပ်ထားတာတောင် တော်တော်ရက်ကြာနေပြီ။ အကုန်ပါ တယ်။ တပ်ရင်းမှူးလည်းပါ တယ်။ တပ်ရင်းမှူးက တာဝန်ရှိမှု ပေါ့။ သူ့အောက်က အဖွဲ့တွေလုပ် တော့ သူ့မှာ တာဝန်ရှိတာပေါ့’’ ဟု ၎င်းက ဆိုသည်။ ပြစ်ဒဏ် စီရင်မှု အသေးစိတ်ကို မသိရှိ သေးဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

မိုင်းခေါင်စစ်ရှောင်စခန်းမှ ဒုက္ခသည်သုံးဦး သေဆုံးမှုတွင် တာဝန်ရှိသူများကို ပြစ်ဒဏ်စီရင် ခြင်းအပေါ် ကြိုဆိုကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) အထွေထွေအတွင်းရေး မှူး ဒေါက်တာခလမ်ဆန်ဆွမ်က ဆိုသည်။

‘‘အမှန်တရားဘက်ကို ဒီလို ဆုံးဖြတ်ပေးတာကို ကျေးဇူးတင် ပါတယ်။ တစ်ဖက်သားထောင်ကျ သွားလို့ ဝမ်းသာတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုအမှန် တရားအတွက်ကို ရပ်တည်တဲ့အ တွက်ကြောင့်မို့ ကြိုဆိုပါတယ်ဆို တာ ပြောချင်ပါတယ်’’ဟု ဒေါက် တာခလမ်ဆန်ဆွမ်က ပြောကြား သည်။

ယခုဖြစ်စဉ်ကဲ့သို့ မှန်ကန် သည့်ဘက်မှ အမြဲရပ်တည်မည် ဆိုပါက တပ်မတော်အပေါ် ပြည် သူလူထု၏ ယုံကြည်မှု ပိုမိုခိုင်မာလာမည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ပန်းတောင်းမြို့နယ်တွင် လည်းကွမ်းယာရောင်းသူ အမျိုး သမီးတစ်ဦးကို လုယက်၊ သားမ ယားပြုကျင့်ပြီး သတ်ခဲ့သော တပ်မတော်မှ တပ်သားတစ်ဦးအား ၂၀၁၇ စက်တင်ဘာ ၁၂ ရက်တွင် ပြည်ခရိုင်တရားရုံးက ထောင်ဒဏ်၃၄ နှစ် ကျခံစေရန် အမိန့်ချမှတ် ခဲ့သည်။

More in News Section