မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်ပပုဂ္ဂိုလ်များဖြင့် စုံစမ်းရေးကော်မရှင်ဖွဲ့စည်းပေးရန် တောင်းဆို

 မြောက်ဦးမြို့ဖြစ်စဉ် နှင့်ပတ်သက်၍ အစိုးရမဟုတ် သော ပြင်ပပုဂ္ဂိုလ်များဖြင့် စုံစမ်း ရေးကော်မရှင်တစ်ရပ် ဆော လျင်စွာ ဖွဲ့စည်းဆောင်ရွက်ပေး ရန် စစ်တွေမြို့နယ် လူမှုအဖွဲ့ အစည်းများ ကိုယ်စားပြု ကော် မတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ပါတီက ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့သည်။

အဆိုပါ ကြေညာချက်များ ကို ဇန်နဝါရီ ၁၉ ရက်က ထုတ်ပြန် တောင်းဆိုပြီး လက်နက်မဲ့ပြည် သူများ သေဆုံးဒဏ်ရာရသည် အထိ အင်အားသုံးဖြေရှင်းရန် လို အပ်ခြင်းရှိ၊ မရှိနှင့် လိုအပ်သည် ထက် အင်အားသုံးခဲ့လျှင် မည်သူ့ တွင် တာဝန်ရှိကြောင်း စစ်တွေ မြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက မေးခွန်း ထုတ်ထားသည်။

ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုကို တည်ဆောက်ရန် ကြိုးပမ်းနေသည့် အရပ်သား အစိုးရ လက်ထက်တွင် ယခုကဲ့သို့ အင်အားသုံး ဖြေရှင်းမှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ် ရာရမှုအတွက် ပြင်းထန်စွာ ရှုတ် ချကြောင်း ALD ပါတီ၏ ကြေညာ ချက်တွင် ရေးသားထားသည်။

မြောက်ဦးမြို့တွင် ဇန်နဝါရီ ၁၆ ရက်၌ ပြုလုပ်မည့် ရခိုင် ဘုရင့်နိုင်ငံတော် အချုပ်အခြာ အာဏာ ကျဆုံးခြင်း အထိမ်း အမှတ် စာပေဟောပြောပွဲကို တားမြစ်ခြင်းအပေါ် မကျေနပ်၍ ထောင်ချီသည့် လူစုလူဝေးနှင့် ရဲတပ်ဖွဲ့အကြား ဖြစ်ပွားသော အဓိကရုဏ်း၌ ရဲတပ်ဖွဲ့၏ ပစ် ခတ်မှုကြောင့် အရပ်သား ခုနစ်ဦး သေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကာ လူစုလူဝေး၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် ဒဏ်ရာရရှိ ကြောင်း အစိုးရက သတင်းထုတ် ပြန်ထားသည်။

‘‘ဘယ်သူ့မှာ တာဝန်ရှိလဲဆို တာကို အစိုးရက ဖော်ထုတ်ပေးဖို့ လိုတယ်။ အခု အစိုးရက ထုတ် ပြန်ချက်တွေက မြေပြင်အခြေ အနေနဲ့ ကွဲလွဲနေတယ်။ အခု ဌာန ဆိုင်ရာဝန်ထမ်းနဲ့ အရပ်သားဖြစ် တဲ့ကိစ္စမှာ ဝန်ထမ်းမဟုတ်ဘဲ ပြင်ပက အများယုံကြည်လေးစား တဲ့ ပုဂ္ဂိုလ်တွေပါဝင်တဲ့ ကော် မရှင်တစ်ရပ်ဖွဲ့စည်းပေးဖို့ လို အပ်နေပါတယ်’’ဟု မြောက်ဦးမြို့ မိ မြို့ဖ ဦးဦးမောင်သန်းက ပြော ကြားသည်။

ထိုသို့ လွတ်လပ်သော ပြင်ပ ပုဂ္ဂိုလ်များဖြင့် စုံစမ်းစစ်ဆေးပေး ရန် သေဆုံးသူများ၏ မိသားစုဝင် များနှင့် ဒဏ်ရာရသူများက ဆန္ဒ ရှိနေသည်။