တောင်ကြီးမြို့ ၁၅ နေရာတွင် အရက်၊ ဘီယာ မသောက်ရန် ဒေသန္တရအမိန့်ထုတ်ပြန်

 တောင်ကြီးမြို့ရှိ အဝေယာမီးပုံးပျံကွင်းအပါအဝင် အများနှင့်သက်ဆိုင်သော နေရာ ၁၅ ခု၌ အရက်၊ ဘီယာမသောက် ရန် မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနကဇန်နဝါရီ ၁၇ ရက်စွဲဖြင့် ဒေသန္တရအမိန့် ထုတ် ပြန်ခဲ့သည်။

တောင်ကြီးမြို့ ကျောင်းကြီး စုရပ်ကွက်ရှိ အဝေယာမီးပုံးပျံ ကွင်း၊ ကန်ရှေ့ရပ်ကွက်၊ ဗိုလ် ချုပ်အောင်ဆန်း လမ်းမကြီး အရှေ့ဘက် ဆိုင်ကယ်ရပ်နားရာ နေရာ၊ ရေအေးကွင်းရပ်ကွက် K&K စတိုးအရှေ့နှင့် မြစိမ်း တောင်တက်လမ်း၊ မင်္ဂလာဦးရပ် ကွက် မြင်းရုပ်ပရိဝုဏ်အတွင်း၊ သစ်တောရပ်ကွက် အိမ်တော် ထင်းရှူးလမ်းနှင့် အိမ်တော်လမ်း ဆုံ တြိဂံနေရာ၊ စဝ်စံထွန်းရပ် ကွက် ရှုခင်းသာပန်းခြံနှင့် ကြိုး တံတား၊ ဈေးပိုင်းရပ်ကွက် မြို့မ ဈေးဝန်းကျင်၊ ချမ်းမြသာစည်ရပ် ကွက် စတုဘုံမိက ဘုန်းတော်ကြီး ကျောင်းပတ်ဝန်းကျင်နေရာ၊ ကံ ကြီးရပ်ကွက် ဖူဆယ်ဘောလုံး ကွင်းဝန်းကျင် အစရှိသည့် နေရာ တို့တွင် အရက်၊ ဘီယာမသောက် ရန် ဒေသန္တရအမိန့် ထုတ်ပြန်ထား သည်။

တောင်ကြီးမြို့ အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် အုပ်စုဖွဲ့အရက် သောက်ခြင်း၊ ဘီယာသောက်ခြင်း တို့ကြောင့် အုပ်စုဖွဲ့ရန်ဖြစ်ခြင်း များဖြစ်ပေါ်နေပြီး အများပြည်သူ အနှောင့်အယှက်ဖြစ်စေကြောင်း၊ ထို့ကြောင့် ဒေသန္တရအမိန့်ထုတ်၍ တားမြစ်ခြင်းဖြစ်ကြောင်း ရှမ်း ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

အဆိုပါအစီအစဉ်ကို ယခု လအတွင်း စတင်ဆောင်ရွက်မည် ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ် ဌာန ဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများကို တောင်ကြီးခရိုင် မြို့နယ် စုပေါင်းရုံးခန်းမတွင် အစည်းအဝေးခေါ်ယူ အသိပေး ပြီးဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

‘‘ဒီလို ဥပဒေထုတ်ပြီး တား မြစ်တာ မြို့အတွက် အင်မတန် ကောင်းပါတယ်။ မြို့သူ၊ မြို့သား တွေကလည်း ကြိုဆိုပါတယ်’’ဟု တောင်ကြီးဒေသခံ ရှင်သန်ရာ ကမ္ဘာ အစိမ်းရောင်ကွန်ရက်အဖွဲ့ ဥက္ကဋ္ဌဒေါ်ချယ်ရီကျော်က ပြော သည်။

ယင်း တားမြစ်ချက်ကိုလိုက်နာခြင်းမရှိပါက ပြစ်မှုဆိုင်ရာ ဥပဒေများအရ အရေးယူခံရမည် ဖြစ်ကြောင်း တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။