စစ်တွေမြို့ လုံခြုံရေးတိုးမြှင့်ထား

ဗုံးခွဲတိုက်ခိုက်မည့် သတင်းထွက်ပေါ်နေမှုကြောင့် စစ်တွေမြို့ အဓိကနေရာ ၁၀ ခု တွင် ရဲတပ်ဖွဲ့ဝင်အင်အား ၄၀၀ ကျော်အသုံးပြု၍ လုံခြုံရေး တိုးမြှင့်ထားကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

မြောက်ဦးမြို့တွင် ဇန်နဝါရီ ၁၆ ရက်ညက ဖြစ်ခဲ့သော အဓိကရုဏ်းဖြစ်စဉ်ကို အကြောင်းပြုကာ ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမြို့ပေါ်တွင် အကြမ်းဖက်အဖွဲ့အချို့က ဗုံးဖောက်ခွဲမည်ဟူသော သတင်းများကြောင့် လုံခြုံရေးတိုးမြှင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ လုံခြုံရေး ဆောင်ရွက်မှုအခြေအနေနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေကိုမူ ပြောကြားခြင်းမရှိပေ။

မြို့ပေါ်တွင် လုံခြုံရေးအင်အား တိုးမြှင့်ချထားသည်ကို  မြင်နေရကြောင်း စစ်တွေမြို့နေ ဒေသခံများက ပြောသည်။ စစ်တွေမြို့တွင် နေထိုင်သော တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက ‘‘ဒီက ဒေသခံ တွေက ဘယ်လိုထင်နေကြလဲဆိုတော့ ဆန္ဒပြမယ်ဆိုပြီး မက်ဆင်ဂျာကနေ ဖြန့်ထားတာတွေရှိတယ်။ အဲဒါကြောင့်များ လုံခြုံရေး ဖြန့်ထားတာ

လားဆိုပြီး တွေးနေကြတာပေါ့’’ဟု ပြောသည်။