ဘာစီလိုနာ ကစားသမား ရာဖင်ဟာကို အင်တာမီလန်အသင်း ခေါ်ယူမည်

Getty Images

ဘာစီလိုနာ- အီတလီစီးရီးအေ ကလပ်အင်တာမီလန်က ဘာစီ လိုနာကစားသမား ရာဖင်ဟာကို ယူရို ၃၅ သန်းဖြင့် ဝယ်ယူရန် သတ်မှတ်ချက်နှင့်အတူ အငှားစာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားသည်။

ဘရာဇီးကွင်းလယ်လူ ရာဖင်ဟာသည် ယခုရာသီကုန်အထိ အင်တာတွင် အငှားစာချုပ်ဖြင့် ကစားမည်ဖြစ်ပြီး အင်တာက ယူရို ၃၅ သန်းနှင့်အတူ အပိုကြေး ယူရိုသုံးသန်းပေး၍ ဝယ်ယူနိုင် သည့် သတ်မှတ်ချက်ပါဝင်သည်။

ရာဖင်ဟာ (၂၄)နှစ်ကို အင် တာက ခေါ်ယူရန် ကြိုးပမ်းနေ သည်မှာ ကြာပြီဖြစ်သည်။ ယခု အခါ၎င်းသည် မီလန်မြို့သို့ သွား ရောက်၍ ဆေးစစ်မှုခံယူပြီး အင်တာနှင့် ရိုးမားပွဲကို ကြည့်ရှု မည်ဖြစ်သည်။

၎င်းသည် ဘာစီလိုနာ လူ ငယ်အကယ်ဒမီထွက် ဈေးအများ ဆုံးကစားသမားဖြစ်လာမည်ဖြစ် သည်။

ရာဖင်ဟာသည် ကိုပါဒယ် ရေးဖလားပွဲအက်စပန်ညိုနှင့် ပွဲ တွင် ပါဝင်ခဲ့သော်လည်း ကိုးလ အထိ ဘောလုံးကစားချိန်နည်း ပါးခဲ့သည်။

ထိုအတောအတွင်း ဘာစီလိုနာက အက်သလက်တီကိုတိုက် စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူရန် လျှို့ဝှက်သဘောတူထားသည်ဆို သော သတင်းများကို ပယ်ချခဲ့သည်။

ဘာစီလိုနာက ဂရစ်ဇ်မန်း ကို ခေါ်ယူရန် တရားမဝင်ချဉ်းကပ်နေသည်ဆိုကာ အက်သလက်တီကိုက ဖီဖာသို့ တိုင်ကြားခဲ့ကြောင်းယခင်က သတင်းထွက်ပေါ်ခဲ့ သည်။

သို့သော်ဘာစီလိုနာအသင်း ၏ တရားဝင်ကြေညာချက်တွင် အက်သလက်တီကို တိုက်စစ်မှူးဂရစ်ဇ်မန်းနှင့် မိမိတို့အသင်း သဘောတူထားသည် ဆိုသော သတင်းကို ငြင်းဆိုကြောင်း ဖော်ပြထားသည်။

—Ref:AS/Goal