ဒေါက်တာအေးမောင်ကို နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူဟု FPPS သတ်မှတ်

ဓာတ်ပုံ − စိုင်းဇော်

 ဒေါက်တာအေးမောင် ကို နိုင်ငံရေးအကျဉ်းသားအဖြစ် မသတ်မှတ်ဘဲ နိုင်ငံရေးအရ ဖမ်း ဆီးခံထားရသူအဖြစ်သာ သတ် မှတ်ထားကြောင်း နိုင်ငံရေးအ ကျဉ်းသားဟောင်းများ အဖွဲ့ (FPPS) ဦးဆောင်ကော်မတီဝင် ဦးတင်မောင်ဦးက ပြောကြား သည်။ 


ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခွင့် တောင်းထားသူ ဒေါက်တာအေး မောင်ကို ဇန်နဝါရီ ၁၈ ရက် မွန်း လွဲပိုင်းတွင် စစ်တွေမြို့ရှိ ၎င်း၏ နေအိမ်၌ ဖမ်းဆီးခဲ့ပြီး စစ်တွေ အမှတ်(၁)ရဲစခန်းတွင် ချုပ်နှောင် ပြီးနောက် မွန်းလွဲ ၂ နာရီခန့်က စစ်တွေထောင်သို့ ပို့ဆောင်ခဲ့ သည်။ 

‘‘အဓိကက သူ့(ဒေါက်တာ အေးမောင်)ကို ဆွဲထားတဲ့ ပုဒ်မ တွေက နိုင်ငံရေးအကျဉ်းသားအ ဖြစ် သတ်မှတ်ထားတာတွေနဲ့ အ ကျုံးဝင်နေတယ်။ အဲဒါကြောင့် သူ့ကို နိုင်ငံရေးအရ ဖမ်းဆီးခံရတဲ့ သူလို့ သတ်မှတ်ထားတာပါ’’ဟု ဦးတင်မောင်ဦးက ပြောကြား သည်။ 

ဒေါက်တာအေးမောင်နှင့် ပတ်သက်၍ အစိုးရထုတ်ပြန် ချက်တွင် ဒေါက်တာအေးမောင် သည် လူထုကို လှုံ့ဆော်သည့်သ ဘောရှိနေသောကြောင့် ယခုကဲ့ သို့ ဆုံးဖြတ်ခြင်းသာဖြစ်ကြောင်း ဦးတင်မောင်ဦးက ပြောကြား သည်။ 

ဗမာများအနေဖြင့် ရခိုင်လူ မျိုးများကို ဗမာ့ကျွန်အဖြစ် လောက်သာ ထားရှိပြီး တန်းတူ အခွင့်အရေးမပေးကြောင်း၊ အ ချုပ်အခြာအာဏာရရှိရေး နည်း လမ်းနှစ်ခုသာရှိကြောင်း၊ လက် နက်ကိုင်တော်လှန်ရေးနည်းနှင့် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များ ရှိကြောင်း၊ မိမိမှာ နောက်တစ် နည်းဖြစ်သော လူထုဗဟိုပြုနိုင်ငံ ရေးနည်းဖြင့် ဆောင်ရွက်နေ ကြောင်း၊ လက်ရှိ နိုင်ငံရေးအား နည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင်ရောက်အောင် ဆောင် ရွက်သွားရန် တိုက်တွန်းလို ကြောင်း ဒေါက်တာအေးမောင် က ဟောပြောခဲ့သည်ဟု အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ 

‘‘နိုင်ကျဉ်းတွေကို အဓိကက တော့ ကျွန်တော်တို့က ပုဒ်မနဲ့စာ ရင် ဖြစ်စဉ်ကို ကြည့်တယ်။ လုပ် ဆောင်ချက်တွေက သူ့တစ် ယောက်တည်း အကျိုးစီးပွားအ တွက် လုပ်တာလား၊ သူ့ဘာသာ သူ ပုဂ္ဂိုလ်ရေးမကျေနပ်လို့ လုပ် တာလား၊ အများရဲ့အကျိုးစီးပွား အတွက် လုပ်တာလားဆိုတဲ့ ဖြစ် စဉ်တွေပေါ်မှာ သေသေချာချာ ဝေခွဲပြီးမှ နိုင်ကျဉ်းအဖြစ် သတ် မှတ်တယ်။ တချို့ကိစ္စတွေဆို လွယ်လင့်တကူ မသတ်မှတ်ချင် ဘူး။ သတ်မှတ်ပြီးတော့မှ မဟုတ် ပြန်ရင်လည်း မကောင်းပြန်ဘူး’’ ဟု ဒေါက်တာ အေးမောင်ကို နိုင် ကျဉ်းအဖြစ် လတ်တလောမသတ် မှတ်သည့်အပေါ် ဦးတင်မောင်ဦး က ပြောကြားသည်။ 

ဒေါက်တာအေးမောင်ကို ရဲ တပ်ဖွဲ့က ဖမ်းဆီးပြီးနောက် နိုင်ငံရေးအကျဉ်းသားဟောင်းများအ ဖွဲ့က နိုင်ကျဉ်းအဖြစ် သတ်မှတ်ရန် သင့်၊ မသင့်နှင့်ပတ်သက်၍ ဇန်နဝါရီ ၁၉ ရက်တွင် အစည်းအဝေး ပြုလုပ်ခဲ့သည်။ 

ရသေ့တောင်မြို့နယ်တွင် ဇန်နဝါရီ ၁၅ ရက်က ပြုလုပ်သည့် ရခိုင်ဘုရင့်နိုင်ငံတော်အချုပ်အ ခြာအာဏာကျဆုံးခြင်း (၂၃၃)နှစ် မြောက်ဝမ်းနည်းဖွယ်အထိမ်းအ မှတ်စာပေဟောပြောပွဲ၌ ဟော ပြောခဲ့သူ ဒေါက်တာအေးမောင် ကို နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၁ (ခ) (ဂ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)(ဂ)၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)(၂) တို့ ဖြင့် အမှုဖွင့်တရားစွဲဆိုရန် ပြည် နယ်အစိုးရအဖွဲ့က ဆုံးဖြတ်ထား ပြီး လက်ရှိတွင် ရသေ့တောင်ရဲ စခန်း၌ ၎င်းအပါအဝင် စာရေး ဆရာဝေဟင်အောင်ကို မတရား အသင်းပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့် ထားသည်။ 

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ ကို ဇန်နဝါရီလနောက်ဆုံးပတ် တွင် ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးမည်ဖြစ်သည်။ 

More in Politics Section