ဒေါ်အောင်ဆန်းစုကြည် ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံသို့ သွားမည်

၂၀၁၆ က သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယ၀န်ကြီးချုပ် နရင်ဒရာမိုဒီနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ (ဓာတ်ပုံ − EPA/STR)

နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အိန္ဒိယနိုင်ငံတွင် ကျင်းပ မည့် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးနှင့် အမျိုးသားနေ့ အခမ်းအနား တက်ရောက်ရန် မကြာမီကာလအတွင်း အိန္ဒိယသို့ သွားရောက်မည်ဖြစ်သည်။


နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ ဖိတ်ကြားချက် အရ အာဆီယံ-အိန္ဒိယဆွေးနွေး ဖက် ဆက်ဆံရေး (၂၅)နှစ်မြောက် အထိမ်းအမှတ် ထိပ်သီးအစည်း အဝေးနှင့် အိန္ဒိယ၏ (၆၉)နှစ် မြောက် အမျိုးသားနေ့အခမ်းအ နားသို့ တက်ရောက်ရန် ထွက်ခွာ မည်ဖြစ်ကြောင်း အတိုင်ပင်ခံရုံး က ဇန်နဝါရီ ၂၂ ရက်တွင် ထုတ် ပြန်သည်။

‘‘အစည်းအဝေး နှစ်ခုအ တွက် အတိုင်ပင်ခံပုဂ္ဂိုလ်က သွား မှာဖြစ်ပါတယ်။ အစည်းအဝေး တွေရှိမယ့် ရက်တွေကတော့ ဇန် နဝါရီ ၂၅ နဲ့ ၂၆ ရက်ဖြစ်ပါတယ်’’ ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးမြင့်သူက ပြောကြားသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်တွင် ခရီးစဉ်စတင်မည့်ကာလကို ဖော်ပြ ထားခြင်းမရှိပေ။

ယင်းခရီးစဉ်အတွင်း နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ အာဆီ ယံခေါင်းဆောင်များနှင့် မျက်နှာစုံ ညီအစည်းအဝေး၊ သီးသန့်အ စည်းအဝေးများ ပြုလုပ်ရန် စီစဉ် ထားကြောင်း ဦးမြင့်သူက ရှင်းပြ သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယခရီးစဉ်တွင် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များလိုက်ပါမည်ဟု ၎င်းကပြော သည်။