ကန်ဒေါ်လာတစ်သိန်းကျော် လိမ်လည်ခံရသော နိုင်ငံခြားကုမ္ပဏီက ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်သို့ တိုင်ကြားထား

ကန်ဒေါ်လာတစ်သိန်း ကျော် အလိမ်ခံရသည့် နိုင်ငံခြား ဆန်ကုမ္ပဏီတစ်ခုက ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်သို့ တိုင်ကြားထား ကြောင်း ဥက္ကဋ္ဌဦးလူမော်မြင့် မောင်က ပြောကြားသည်။

 ASO ကုမ္ပဏီပိုင်ရှင် ဦးအောင်ဆွေဦး၏ ငွေအလိမ်ခံရသော နိုင်ငံခြား ဆန်ကုမ္ပဏီက ကုန်စည်ဒိုင်သို့ တိုင်ကြားခြင်း ဖြစ်သည်။

ASO ကုမ္ပဏီ လိမ်လည် မှုနှင့်ပတ်သက်၍ ဇန်န၀ါရီ ၂၂ ရက်အထိ တိုင်ကြားထားသူ ၇၆ ဦးရှိပြီး ငွေပမာဏ ကျပ် ၅ ဒသမ ၆ ဘီလီယံကျော်ရှိလာကြောင်း ဦးလူမော်မြင့်မောင်က ပြောသည်။

ဇန်န၀ါရီ ၆ ရက်တွင် စတင် ခဲ့သည့် ယင်းလိမ်လည်မှုတွင် စာ ရင်းစတင်စုဆောင်းချိန်က အလိမ်ခံရသည့် ဆန်ကုန်သည် ၆၄ ဦးနှင့် ကျပ် ၅ ဒသမ ၃ ဘီလီယံကျော်ရှိ ခဲ့သည်။ အလိမ်ခံရပြီး နှစ်ပတ်ကျော်အတွင်း ဆန်ကုန်သည် ၁၂ ဦးနှင့် ကျပ်သန်း ၂၀၀ ကျော် ထပ်မံတိုးလာသည်။

အလိမ်ခံရကြောင်း တိုင် ကြားသူဦးရေ ထပ်တိုးလာရန်မရှိ ဘဲအမှုဖွင့်ရန် သက်သေလုံလောက်သူများက ဆက်တိုက်အမှုဖွင့်နေကြောင်း ၎င်းကပြောသည်။

ဆန်ဈေးကွက်တွင် လပိုင်း အတွင်း ကျပ်ရှစ်ဘီလီယံခန့် လိမ် လည်မှုဖြစ်ပြီးနောက်  ရန်ကုန်ဆန်ဈေးကွက်၌ လက်ငင်းငွေချေ သည့်စနစ် ပြောင်းလဲကျင့်သုံး လာကြောင်း ဘုရင့်နောင် ဆန် ကုန်စည်ဒိုင်အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

မြန်မာ့ဆန်လောကတွင် လ ပိုင်းအတွင်း ကျပ်သန်းသောင်းချီ သည့် လိမ်လည်မှုနှစ်ခုကြောင့် ပြည်တွင်းဈေးကွက်၌ ဆန်ရောင်းဝယ်မှုပုံစံ ပြောင်းလဲလာသကဲ့သို့ ရန်ကုန်သို့ နယ်စုံမှ ဆန်အ၀င် လျော့ကျလာကြောင်း၊ ပုံမှန်အားဖြင့် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်သို့ တစ်ရက်လျှင် ဆန်အိတ်ငါးသောင်းခန့်ဝင်သော်လည်း ဇန်န၀ါရီဒုတိယပတ်အတွင်းတစ်ရက်လျှင် ဆန်အိတ် တစ်သောင်းခွဲခန့်သာဝင်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ဆန်လောကတွင် ကြုံတွေ့ရသည့် လိမ်လည်မှုက ငွေပမာဏများခြင်းကြောင့် ပမာဏ အနည်းငယ်သော ငွေကြေးအရှုပ်အရှင်းများ ထပ်မံဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောသည်။

‘‘လိမ်လည်မှုတွေထပ်မဖြစ် ဖို့ ဆန်အရောင်းအ၀ယ်လုပ်သူ တွေကြားထဲက အရောင်းအ၀ယ် တန်ဖိုးရဲ့ ရာခိုင်နှုန်းတစ်ခုကို အာ မခံထားတဲ့စနစ်က ဖော်ဆောင်ဖို့ ခက်ဦးမယ်’’ ဟု ဦးလူမော်မြင့် မောင်က ပြောသည်။

နယ်ကုန်သည်၊ ရန်ကုန် ကုန်သည်နှင့်ပြည်ပတင်ပို့သူများ အကြား ရောင်းဝယ်ရာတွင် စည်း မျဉ်းစည်းကမ်းများ ထားရှိသော် လည်း ရောင်းသူနှင့် ၀ယ်သူအ ကြား သီးခြားလုပ်ကိုင်နေသူများ နှင့်ပတ်သက်၍ ကုန်စည်ဒိုင်များ၊ အသင်းအဖွဲ့များက မသိရှိဘဲ ပြ ဿနာဖြစ်မှ သိရကြောင်း ဦးသန်းဦးက ပြောသည်။

ထို့ကြောင့် ဆန်ရောင်းချ သည့် ကုန်သည်များ အနေဖြင့် အလိမ်မခံရစေရန် ရောင်းချမည့် ကုန်သည်၏ ဆန်လုပ်ငန်းလုပ် ကိုင်လာသည့် သက်တမ်းအခြေ အနေ၊ ခိုင်မာမှုတို့ကို လေ့လာပြီး မှ ရောင်းချသင့်ကြောင်း ၎င်းကအ ကြံပြုသည်။