ဆန်းချက်ဇ် မန်ယူရောက်ပြီ

မန်ချက်စတာယူ နိုက်တက်က ဆန်းချက်ဇ်ကို အ သင်းသို့ ခေါ်ယူလိုက်နိုင်ပြီဖြစ်ပြီး မစ်ခီတာယန်သည် အာဆင်နယ် သို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း ယမန်နေ့က ကြေညာသည်။

ချီလီကစားသမားများထဲမှ ပထမဆုံးမန်ယူကစားသမားဖြစ် လာသည့် ဆန်းချက်ဇ်သည် တစ် ပတ်လျှင် စတာလင်ပေါင်သုံး သိန်းခွဲရရှိမည်ဖြစ်ကာ လစာအကောင်းဆုံး ပရီးမီးယားလိဂ်ကစားသမားဖြစ်သည်။  သို့သော်ဆန်းချက်ဇ်သည် ပုံရိပ်အသုံးပြုခ၊အပိုဆု ကြေးများပါဝင်ပါက စုစုပေါင်း တစ်ပတ်လျှင် ပေါင်ခြောက်သိန်း ရရှိမည်ဖြစ်ကြောင်း Daily Mail သတင်းဌာနက ဖော်ပြသည်။ ထို့အပြင်အပြောင်းရွှေ့အတွက် ပေါင်  ၃၅ သန်းပေးရမည်ဖြစ်ပြီး ပေါင်သန်း ၂၀ ကို အာဆင်နယ်သို့

ပေးရမည်ဖြစ်ကာ ပေါင် ၁၅ သန်း ကို ဆန်းချက်ဇ်၏ အေဂျင့်ဖြစ်သူ အား ပေးရမည်ဟုဆိုသည်။

ကမ္ဘာ့အကြီးဆုံးအသင်းသို့ ပြောင်းရွှေ့ရသည့်အတွက် ဝမ်းမြောက်ကြောင်း မန်ယူတွင် ကျောနံပါတ်(၇)ဝတ်ဆင်မည့် ဆန်း ချက်ဇ်က ပြောသည်။

—Ref:Daily Mail/Goal