သရုပ်ဆောင်ရဲတိုက် သတိလစ်ပြီး ဆေးရုံရောက်၊ စိုးရိမ်စရာမရှိဟုဆို

ရဲတိုက်ကို တောင်ငူထောင်မှ လွတ်မြောက်လာပြီး နိုဝင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်  ဆောင် ရဲတိုက်သည် ယမန်နေ့ ည နေက နေအိမ်တိုက်ခန်းအတွင်း ဒိုင်ယာစီပင်ဆေးပြား ၄၀ ခန့်သောက်ကာ သတိမေ့သွားသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း ရဲ မှတ်တမ်းတွင် ဖော်ပြထားသည်။


သို့သော် ဆာတိုရီထုတ်လုပ် ရေးမှ ဒါရိုက်တာ ရီဇော်ကမူ ‘‘ဒီဆေးရုံကို ရောက်လာတာတော့ ၆ နာရီဝန်းကျင်လောက်မှရောက် တာ။ လောလောဆယ်တော့ အိပ်နေတယ်။ သူက အစာအိမ်ရောင် နေတာ တစ်ပတ်လောက်ရှိပြီ။ ဆေးကောင်းကောင်း မကုရဘူး။ ဆေးခန်းက ပေးတဲ့ဆေးပဲ သောက်နေတာ။ ခရီးကပြန်လာတော့ အရက်တွေအများကြီး သောက်လိုက်တယ်။ သောက် ပြီးတော့ စိတ်ကျန်းမာရေးဆေးရုံ ကပေးတဲ့ ဆေးတွေသောက်လိုက် ပြီး အခုလိုဖြစ်တာ။ စိုးရိမ်စရာ တော့ မရှိတော့ပါဘူး။ ဆေးရုံဆင်းဖို့ကတော့ ဆရာဝန်တွေညွှန်ကြား ချက်အတိုင်းလုပ်ရမှာ’’ဟု ၎င်းက ပြောသည်။ 

သင်္ဃန်းကျွန်းမြို့နယ် ဘဝ မြင့်ရပ်ကွက် မလိခအိမ်ရာတွင် နေထိုင်သည့် သရုပ်ဆောင် ရဲတိုက်(ခ)လင်းထွန်းဦးသည် ဇန် နဝါရီ ၂၂ ရက် ညနေ ၅ နာရီခန့်က နေအိမ်တိုက်ခန်းအတွင်း ဒိုင်ယာ စီပင်ဆေးပြား ၄၀ ခန့် သောက်လိုက်ရာမှ သတိမေ့သွားခြင်းဖြစ် ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြ ထားသည်။

ထို့နောက် ရဲတိုက်ကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ကနဦးပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် ရန် ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲ ပြောင်းကုသခဲ့သည်။

‘‘ရဲတိုက်ရဲ့ ကျန်းမာရေးကို စိတ်ပူနေကြတဲ့ သူ့ပရိသတ်များ၊ မိတ်ဆွေသူငယ်ချင်းများ အားလုံး ကို ကျေးဇူးတင်ပါတယ်ရှင့်။ ဆေး စစ်ချက်တွေကိုကြည့်ပြီး အခုည (၁၀း၃၀) ခန့်မှာ ဆရာဝန်ကြီးက စိုးရိမ်စရာ အခြေအနေမရှိဘူးလို့ ပြောသွားပါပြီရှင်။ သတင်းအမှား တွေရှိခဲ့ရင်လည်း ရှင်းပြပေးကြ ပါ’’ ဟု ရဲတိုက်၏ မန်နေဂျာအဖြစ် တာဝန်ယူထားသူ ပုလဲစီကလည်း ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ယမန်နေ့ ညက ရေးသားထားသည်။ 

ရဲတိုက်သည် ဆေးခြောက် အနည်းငယ်လက်ဝယ်တွေ့ရှိမှု၊ ဘာသာသာသနာညှိုးနွမ်းစေမှု တို့ဖြင့် ၂၀၁၄ တွင် ပြစ်ဒဏ်ခြောက်နှစ်ကျခံရပြီး ၂၀၁၇ နိုဝင်ဘာ ၁၇ ရက်၌ တောင်ငူအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။ 

ပြစ်ဒဏ်မှ လွတ်မြောက်လာ ပြီးနောက် ပထမဆုံး အနုပညာ လှုပ်ရှားမှုအနေဖြင့် ၂၀၁၈ ဇန် နဝါရီ ၁၃ ရက်တွင် ဘိုဘိုအင်တာ တိန်းမန့်နှင့် ဇာတ်ကားတစ်ကား ရိုက်ကူးခဲ့ပြီး အခြားရုပ်ရှင်ဇာတ် ကားများလည်း ရိုက်ကူးရန် လက် ခံထားသည်။