ထွက်ပြေးသူများ စတင်လက်ခံမည့် အစီအစဉ်ကို ရွှေ့ဆိုင်းကြောင်း ဘင်္ဂလားဒေ့ရှ်က တရားဝင်အကြောင်းမကြားသေးဟု သမ္မတရုံးပြော

မြန်မာဘက်မှ အသင့်ပြင်ဆင် ထားပြီးဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေး ဆို
မောင်တောမြို့နယ် တောင်ပြိုလက်ဝဲဒေသတွင် ဘင်္ဂလားဒေ့ရှ်သို့တိမ်းရှောင်ထွက်ပြေးသွားသူများအား ပြန်လည်လက်ခံရန် ယာယီအဆောက်အအုံများ တည်ဆောက်နေသည်ကို ယခုလဆန်းကတွေ့ရစဉ် (ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)

ဘင်္ဂလားဒေ့ရှ်သို့ ထွက် ပြေးတိမ်းရှောင်သူများ ပြန်လည် လက်ခံမည့်အစီအစဉ်ကို မူလ သတ်မှတ်ရက်တွင် ဆောင်ရွက် နိုင်ခြင်းမရှိသေးဘဲ နှောင့်နှေး ကြန့်ကြာမည်ဟု ဒါကာအခြေ စိုက်သတင်းများ၌ ဖော်ပြသော် လည်း ယင်းနှင့်ပတ်သက်၍ ဘင်္ဂ လားဒေ့ရှ်အစိုးရက မြန်မာအစိုးရ သို့တရားဝင်အကြောင်းကြားခြင်း မရှိသေးကြောင်း နိုင်ငံတော် သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော် ဌေးက ပြောသည်။

ထွက်ပြေးသူများ၏ အချက် အလက်ကောက်ယူခြင်းလုပ်ငန်း စဉ်မပြီးပြတ်သေး၍ ဘင်္ဂလား ဒေ့ရှ်ဘက်မှ မြန်မာအစိုးရထံသို့ လက်ခံမည့်လူဦးရေစာရင်းပေး ပို့နိုင်ခြင်း မရှိသေးကြောင်းနှင့် မူလရည်ရွယ်သည့် ယနေ့ (ဇန်န၀ါရီ ၂၃ ရက်)တွင် ပြန်လည်လက်ခံရေး အစီအစဉ် ဆောင်ရွက်နိုင်မည်မဟုတ်သေး ကြောင်း ဒါကာအခြေစိုက်သတင်း ဌာနများက ယမန်နေ့က ဖော်ပြ သည်။

ယင်းသို့ဖော်ပြမှုများနှင့်ပတ် သက်၍ ဦးဇော်ဌေးက ‘‘ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံး ရော၊မြန်မာနိုင်ငံမှာရှိတဲ့ဘင်္ဂလား ဒေ့ရှ်သံရုံးရော၊ နောက်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအချင်း ချင်းကြားမှာရော တရားဝင်အသိ ပေးအကြောင်းကြားတာ ကျွန် တော်တို့ဆီမှာ မရှိသေးဘူး။ ဒါက တရားဝင်ချန်နယ်တွေ တရားဝင် အသိပေးရမှာပေါ့’’ ဟု ပြောကြား သည်။

ယင်းသို့ နှစ်နိုင်ငံအစိုးရအ ကြား တရားဝင်အကြောင်းကြား ခြင်းမရှိသဖြင့် မူလသဘောတူ ညီချက်များအတိုင်း ပြန်လည် လက်ခံရေးအစီအစဉ် စတင်ရန် ဇန်န၀ါရီ ၂၃ရက်တွင် အသင့် ပြင်ဆင်ထားမည်ဖြစ်ကြောင်း ဦး ဇော်ဌေးက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အ ကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးကို နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ဝန်ကြီးဌာနရုံးတွင် ယနေ့ (ဇန်နဝါရီ ၂၃ ရက်) နံနက်  ၁၀ နာရီမှ ၁၂ နာရီအထိ ကျင်းပ မည်ဖြစ်သည်။ ထို့နောက် နေ့ လယ် ၁၂ နာရီ မိနစ် ၃၀ တွင် ဘင်္ဂါလီများ စိစစ်လက်ခံခြင်းနှင့် ပတ်သက်သော သတင်းစာရှင်း လင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တာဝန်ရှိသူများနှင့်အတူ တွေ့ရသော ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု (ဓာတ်ပုံ − အီးပီအေ)

‘‘ကျွန်တော်တို့ဘက်ကရယ် ဒီပဲ။ ၂၃ ရက်နေ့မှာ သူတို့ရောက် အောင် ပို့နိုင်ရင် လက်ခံဖို့အဆင် သင့်လုပ်ထားပြီးသား။ ကျွန်တော် တို့ဘက်က ဝန်ထမ်းတွေလည်း အကုန်သွားပြီးသား။ ရေမီး၊ အ စားအသောက်ကအစ အဆင်ပြေ အောင် လုပ်ထားတယ်’’ ဟု ဝန်ကြီးက ပြောသည်။

 ‘‘ကျွန်တော်တို့ဘက်က တော့ အားလုံးအဆင်သင့်ဖြစ်နေ ပြီ။ တောင်ပြိုလက်ဝဲရော၊ ငါးခူရ ရော ဌာနဆိုင်ရာအဖွဲ့အစည်း တွေ၊ စစ်ဆေးမယ့်စက်ပစ္စည်း တွေ အားလုံးအသင့်ဖြစ်နေပါပြီ။ ထားမယ့်နေရာတွေ၊ ကျွေးမွေးဖို့ အစီအစဉ်တွေအားလုံးအဆင် သင့်ဖြစ်နေပြီ။ မြန်မာနိုင်ငံဘက် က အားလုံးအဆင်သင့်ဖြစ်နေပါ ပြီ’’ ဟုအလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦး မြင့်ကြိုင်ကလည်း 7Day Daily သတင်းစာအား ပြောသည်။

ထွက်ပြေးတိမ်းရှောင်သည့် ဒုက္ခသည်များကို ဇန်န၀ါရီ ၂၃ ရက်ကစတင်ကာ ပြန်လည်လက် ခံရန် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင် ငံဝန်ကြီးအဆင့်သဘောတူလက် မှတ်ရေးထိုးခြင်းနှင့် အမြဲတမ်းအ တွင်းဝန်အဆင့်လက်မှတ်ရေးထိုး ခြင်း လုပ်ငန်းစဉ်များကို လုပ်ငန်း ကော်မတီများအဆင့်ဆင့်ဆွေး နွေးညှိနှိုင်းကာ ဆောင်ရွက်ထား သောကြောင့် ရွှေ့ဆိုင်းဖြစ်ပါက အစိုးရများအကြား တရားဝင်အ သိပေးရန်လိုအပ်ကြောင်း ဦးဇော် ဌေးကပြောသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့် ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များကို မြန်မာအစိုးရ ကကုန်းလမ်းမှ ၀င်ရောက်လာ မည့်သူများအတွက် တောင်ပြို လက်ဝဲယာယီလက်ခံရေးစခန်း၌လည်းကောင်း၊ ရေလမ်းမှ ၀င် ရောက်လာမည့်သူများအတွက် ငါးခူရ ယာယီစခန်းတွင်လည်း ကောင်း ပြန်လည်လက်ခံရန်စီစဉ် ထားပြီး ကြားစခန်းအဖြစ်လှဖိုး ခေါင်းစခန်းကိုလည်း အသုံးပြု မည်ဟု ထုတ်ပြန်ကြေညာထား သည်။

မြန်မာအစိုးရက ယာယီ စခန်းတစ်ခု၌ တစ်ပတ်လျှင်ငါး ရက်လက်ခံမည်ဖြစ်ပြီး တစ်ရက် လျှင် လူဦးရေ ၃၀၀ နှုန်းစိစစ်လက် ခံဆောင်ရွက်သွားမည် ဖြစ်သည်။ မောင်တောဒေသတွင် ဖြစ်ပွားခဲ့ သော အကြမ်းဖက်တိုက်ခိုက်မှု များနှင့် ဆက်စပ်၍ လူဦးရေ ခြောက်သိန်းကျော်ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့ ကြောင်း ကုလနှင့်နိုင်ငံတကာအ ဖွဲ့အစည်းများက ဆိုသည်။

More in News Section