အောင်ဇမ္ဗူဆရာတော်ဦးဆောင်သောအဖွဲ့က မန္တလေးရှိ သီလရှင် အပါး ၃,၅၀၀ အား ၀တ္ထုငွေနှင့်ပစ္စည်းများ လှူဒါန်း

 အောင်ဇမ္ဗူဆရာတော် ဦးဆောင်သော သာသနာပြုအဖွဲ့ က မန္တလေးမြို့ရှိ သီလရှင်အပါး ၃,၅၀၀ ကို ၀တ္ထုငွေနှင့်လှူဖွယ် ပစ္စည်းများလှူဒါန်းပွဲကို ဇန်န၀ါရီ ၂၂ ရက်က မန္တလေးတောင်ခြေ ကျောက်တော်ကြီးဘုရားဝင်းတွင် ကျင်းပသည်။

မန္တလေးမြို့ရှိ သီလရှင်စာ သင်ကျောင်း ၃၀၀ ကျော်မှ သီလ ရှင်များအားတစ်ပါးလျှင် ၀တ္ထုငွေ၅,၀၀၀ နှင့် ၀တ်စုံ၊ ပစ္စည်းအချို့ လှူဒါန်းခဲ့ပြီး လှူဒါန်းမှုစုစုပေါင်း ကျပ်သိန်း ၃၀၀ ခန့်ရှိကြောင်း အောင်ဇမ္ဗူသာသနာပြုအဖွဲ့ ဒု ဥက္ကဋ္ဌဦးဌေးအောင်မိုးက ပြော သည်။

‘‘စာရင်းတွေ သေချာလုပ် ပြီး မန္တလေးမြို့မှာရှိတဲ့ သီလရှင် တွေကို အကုန်ပင့်ဖိတ်ပြီးလှူဒါန်း တာပါ။ သီလရှင်ဆရာကြီး၊ ဆ ရာလေးတွေဆိုတာ လှူဒါန်းမယ် ဆိုရင် အမြဲကျန်ကျန်နေခဲ့ပါ တယ်။ သံဃာတော်တွေကိုပဲ ဦး စားပေးလှူဒါန်းတာတွေ များ တယ်။ ဒါလေးတွေကို ဆရာတော် ကြီးက သတိပြုမိပြီးတော့ သီလ ရှင်တွေကိုလည်း ချီးမြှင့်ထောက် ပံ့ရခြင်းဖြစ်ပါတယ်’’ ဟု ဦးဌေး အောင်မိုးက ပြောသည်။

အောင်ဇမ္ဗူသာသနာပြုအ ဖွဲ့အနေဖြင့် ၂၀၁၇ ဇူလိုင်က စစ် ကိုင်း မင်းဝံတောင်ရိုးရှိ သီလရှင် အပါး ၇,၀၀၀ ကျော်နှင့် အောက် တိုဘာတွင် မော်လမြိုင်မြို့ရှိသီ လရှင်အပါး ၁,၂၀၀ ကိုလည်းလှူ ဒါန်းခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။