မန္တလေးတွင် နဝမတန်းကျောင်းသားနှစ်ဦး ကျောင်းထုတ်ခံရမှု ပညာရေးဝန်ကြီးထံ တိုင်မည်ဟု ကျောင်းသားမိဘများဆို

 မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ်ရှိ အမှတ်(၃၅)၊ အ ခြေခံပညာအထက်တန်းကျောင်း တွင် တက်ရောက်ပညာသင်ကြား နေရာမှ ကျောင်းတက်ခွင့်ရပ်နား ခံရသည့် ကျောင်းသားနှစ်ဦးနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ တိုင်ကြား မည်ဖြစ်ကြောင်း အဆိုပါကျောင်းသားနှစ်ဦး၏မိဘများက ပြော သည်။

အဆိုပါကျောင်းသားမိဘ နှစ်ဦးက ဇန်နဝါရီ ၂၂ ရက်တွင် မန္တလေးမြို့၌ သတင်းစာရှင်းလင်း ပွဲပြုလုပ်ပြီး ၎င်းတို့က ပညာရေး ဝန်ကြီးဌာနသို့ တိုင်ကြားမည်ဟု ဆိုသည်။

‘‘ကျွန်မသားက ဆရာမမရှိ တဲ့အချိန် တခြားအတန်းက ကောင်မလေးနဲ့ စကားလှမ်းပြော လို့ဆိုပြီး ကျောင်းကနေ ရပ်နား ခိုင်းတယ်။ တကယ်ဆိုရင် ဒါမျိုး လုပ်တာ အပြစ်ရှိတယ်ဆိုရင် ဆို ဆုံးမလို့ ရပါတယ်။ ကျောင်းက နေ ရပ်နားတာမျိုးထိတော့ မဖြစ် စေချင်ပါဘူး။ စာမေးပွဲဖြေခါနီး မှာ ဒီလိုလုပ်တဲ့အတွက် အရမ်း နစ်နာပါတယ်’’ဟု ၂၀၁၇ နိုဝင် ဘာတွင် ကျောင်းတက်ခွင့်ရပ်နား ခံရသော ကျောင်းသားတစ်ဦး၏ မိခင် ဒေါ်အငယ်ထွေးက ပြော သည်။

 သို့သော် ၎င်း၏ သား ကျောင်းတက်ခွင့် ရပ်နားမခံရမီ က ကျောင်းတာဝန်ရှိသူများက သတိပေး၍ ကျောင်းသားကိုယ်တိုင် ခံဝန်လက်မှတ်ရေးထိုးခဲ့ရသ လို မိခင်ဖြစ်သူလည်း ခံဝန်ထိုးခဲ့ရ ဖူးကြောင်း ဒေါ်အငယ်ထွေးက ပြောသည်။

သတင်းစာရှင်းလင်းပွဲပြု လုပ်သည့် ကျောင်းသားမိဘနှစ်ဦး က ၎င်းတို့သားနှစ်ဦးအပါအဝင် ကျောင်းသားကိုးဦး ကျောင်းတက် ခွင့်ရပ်နားခံရသည်ဟုဆိုသည်။

 သို့သော် ပြည်ကြီးတံခွန်မြို့ နယ် အမှတ်(၃၅) အထက်တန်း ကျောင်းမှ ကျောင်းအကျိုးတော် ဆောင်ကော်မတီဝင် ဆရာ ဦးဉာဏ်ဝင်းက ယင်းကျောင်းမှ  နဝမတန်းကျောင်းသားသုံးဦးကို ကျောင်းစည်းကမ်း မလိုက်နာသ ဖြင့် ကျောင်းတက်ခွင့် ရပ်နားခြင်းဖြစ်ပြီး အခြားနဝမတန်းကျောင်း သားခြောက်ဦးသည် မိဘများကိုယ်တိုင် ကျောင်းပြောင်းရွှေ့လို ၍ အခြားကျောင်း ပြောင်းရွှေ့နိုင် ရန် စီစဉ်ပေးခဲ့ကြောင်း ပြော သည်။

‘‘ကျောင်းသားခြောက်ဦးရဲ့ မိဘတွေကိုယ်တိုင်က ဒီကျောင်း မှာ မထားချင်တော့လို့၊ မလုံခြုံ တော့လို့ သူတို့ဘာသာ ကျောင်း ပြောင်းယူသွားတာပါ။ ကျန်တဲ့ သုံးယောက်ကတော့ မိဘတွေ ကိုယ်တိုင် မထွက်စေချင်ကြဘူး။ ဒါပေမဲ့ သူတို့ရဲ့ပြစ်ချက်တွေက တော်တော်ဆိုးလို့ ကျောင်းကနေ ရပ်နားပြီး တခြားကျောင်းမှာ နေဖို့လုပ်ပေးတာပါ။ ဘယ်လောက်ထိ ဆိုးလည်းဆိုရင် အပြာကားကြည့် တာမျိုး၊ မန္တလေးတောင်မှာ ကောင်မလေးနဲ့ သွားချိန်းတွေ့ တာမျိုး၊ ကျောင်းလစ်တာတွေ လုပ်လို့ပါ။ ပြီးတော့ အတန်းထဲ မှာ ထိုင်ပြီး ဆေးလိပ်သောက်တာ တွေပါ လုပ်ပါတယ်’’ဟု ဆရာ ဦးဉာဏ်ဝင်းက ပြောသည်။

နောက်ဆုံးစာမေးပွဲဖြေရန် အချိန်နီးကပ်နေပြီး ကျောင်းသား များကို ကျောင်းတက်ခွင့်ရပ်နား ခြင်းသည် မဖြစ်သင့်ကြောင်း ကျောင်းရပ်နားခံရသော ကျောင်း သားတစ်ဦး၏မိခင် ဒေါ်မြင့်ရီက ပြောသည်။

‘‘ရန်ဖြစ်တယ်ဆိုပြီး ကျောင်း က ထုတ်ပယ်လိုက်တယ်။ နောက်ဆုံးအတန်းတင်စာမေးပွဲဖြေရမ လားတော့ မသိသေးဘူး။ စကား များတာလည်း လုံးထွေးပြီး ထိုးကြ ကြိတ်ကြတာမဟုတ်ပါဘူး။ အ တန်းထဲမှာ ဆရာမမရှိလို့ စာကြည့်တိုက်ကို အသွားမှာ ဆယ်တန်းက ကျောင်းသားတွေနဲ့ လှမ်းပြောရင်း စကားများတာပါ။ တကယ်ဆိုရင် ဒီလိုကျောင်းကနေ ထုတ်ပယ် လောက်တဲ့အထိ မလုပ်သင့်ဘူး’’ ဟု ဒေါ်မြင့်ရီက ပြောသည်။

ကျောင်းသားများကို ကျောင်းမှ ရပ်နားခဲ့ခြင်းသည် အလွန်အန္တရာယ်များပြီး ပြင်ပလောကတွင် ပျက်စီးနိုင်ကြောင်း၊ ကျောင်းသားများကို ကျောင်းမှဆက်တိုက် ရပ်နားစေခြင်းထက်ပြဿနာအရင်းအမြစ်ကို ဖော်ထုတ်ကာ ဖြေရှင်းဆောင်ရွက်သင့်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၃၅) အထက်တန်းကျောင်းတွင် တက်ရောက်နေသော ကျောင်းသားနှစ်ဦးဖခင် ဦးဖုန်းမြင့်ဇော်က ပြောသည်။

More in Regional Section

Top News