MMA လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲတွင် အောင်လအန်ဆန် ယှဉ်ပြိုင်မည်

မြန်မာပလာဇာတွင် ပြုလုပ်သည့် MMA ပြိုင်ပွဲအကြို ကစားသမားတွေ့ဆုံပွဲ၌ အောင်လအန်ဆန် သရုပ်ပြနေစဉ် (ဓာတ်ပုံ−ရွှေဘုတ်)

 ရန်ကုန်မြို့၌ ကျင်းပ မည့် MMA ပြိုင်ပွဲတွင် မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင် လအန်ဆန်သည် ဝိတ်တန်းမြင့် သည့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီ ယံလုပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစား ပြိုင်ပွဲ ရုံ (၁)သုဝဏ္ဏ၌ ကျင်းပမည့် အဆိုပါ ချန်ပီယံလုပွဲတွင် အောင် လအန်ဆန်နှင့် ဘရာဇီးနိုင်ငံသား ကမ္ဘာ့ချန်ပီယံ အလက်ဇန္ဒားမာ ချာဒိုတို့ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ MMA ကစားသမား ဖိုးသော်က ကမ္ဘောဒီးယားနိုင်ငံမှ ဆိုဆေး နှင့် ထိုးသတ်မည်ဖြစ်သည်။

မူလက မစ်ဒယ်ဝိတ်တန်း ချန်ပီယံလုပွဲထိုးသတ်ရန် စီစဉ် ထားသော်လည်း ပြိုင်ဘက်အ ဆင်မပြေ၍ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ ထိုးသတ်ခြင်း ဖြစ်ကြောင်း ကချင်တိုင်းရင်းသား အောင်လအန်ဆန်က ပြောသည်။

‘‘ဒီပွဲအတွက်ဆိုပြီးတော့ ဖလော်ရီဒါကိုသွားပြီး ကမ္ဘာပေါ် မှာ အကောင်းဆုံးဆိုတဲ့လူတွေနဲ့ လေ့ကျင့်ထားတယ်။ ပြိုင်ဘက်ရဲ့ ကစားပုံကိုလည်း လေ့လာထား တယ်။ သူ (မာချာဒို) က ဂျူဂျစ် ဆုနဲ့ နပန်းမှာ တော်တဲ့အတွက် နပန်းကိုလည်း သေချာလေ့ကျင့် ထားပါတယ်။ နိုင်မယ်လို့ ၁၀၀ ရာခိုင်နှုန်းပြည့် ယုံကြည်ပါတယ်’’ ဟု အောင်လအန်ဆန်က ဇန်န ဝါရီ ၂၃ ရက်က မြန်မာပလာဇာ၌ ကျင်းပသည့် ပြိုင်ပွဲအကြို ကစား သမားတွေ့ဆုံပွဲတွင် ဆိုသည်။

MMA လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို မူလက အ သက် (၃၆)နှစ်ရှိ ဘရာဇီးနိုင်ငံ သား ရော်ဂျာကရေ့စ်က ရရှိထား သော်လည်း လက်ရှိတွင် အသက် အရွယ်ကြောင့် MMA ကစားသမားဘဝမှ အနားယူခဲ့သည်။

ယင်းအတွက်ကြောင့် လစ် လပ်နေသည့် MMA လိုက်ဟဲဗီး ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအ တွက် အောင်လအန်ဆန်နှင့် အ လက်ဇန္ဒားမာချာဒိုတို့ ယှဉ်ပြိုင် ထိုးသတ်ခြင်းဖြစ်သည်။

အဆိုပါ လိုက်ဟဲဗီးဝိတ်ချန် ပီယံပွဲကို အနိုင်ယူပြီး ချန်ပီယံခါး ပတ်နှစ်ခု ရရှိသည့် ပထမဆုံး မြန်မာနိုင်ငံသား MMA ကစားသမားတစ်ဦးဖြစ်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း လက်ရှိ မစ်ဒယ်ဝိတ် တန်း ကမ္ဘာ့ချန်ပီယံ အသက် (၃၂)နှစ်အရွယ် အောင်လအန်ဆန်က ပြောသည်။

ဘရာဇီးနိုင်ငံသား ကမ္ဘာ့ချန် ပီယံ အလက်ဇန္ဒား မာချာဒိုသည် MMA ပြိုင်ပွဲတစ်လျှောက် ၁၀ ပွဲ ကစား၊ ရှစ်ပွဲနိုင်၊ နှစ်ပွဲရှုံး ရလဒ် ရရှိထားပြီး အနီးစပ်ဆုံးပြိုင်ပွဲအ ဖြစ် ၂၀၁၆ က အလိန်းဂါလာနီကို အနိုင်ရရှိထားသည်။