ဆန္ဒပြသူများကို အမှုဖွင့်တရားစွဲဆိုခြင်း KNPP ကြားဝင်ညှိနှိုင်းမှုဖြင့် ကယားပြည်နယ်အစိုးရရုပ်သိမ်း

ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP)တပ်ဖွဲ့ ဝင်သုံးဦးနှင့် အရပ်သားသတ်ဖြတ် ခံရမှုနှင့်ပတ်သက်၍ လွိုင်ကော် မြို့ပေါ်တွင် ခွင့်ပြုချက်မယူဘဲ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အမှုဖွင့်တရားစွဲဆိုထားရာ KNPP ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ပြည် နယ်အစိုးရအဖွဲ့က အမှုများ ပြန် လည်ရုပ်သိမ်းခဲ့သည်။

တပ်မတော်ရိက္ခာပို့ယာဉ် တန်းကို တားဆီးခြင်းနှင့်ပတ် သက်၍ ဒီဇင်ဘာက လွိုင်ကော်မြို့နှင့်ခုနစ်မိုင်အကွာရှိ KNPP ကင်းစခန်းရှိ တပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦးသည် ဒေသကွပ် ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)လက်အောက်ခံတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံရပြီး သေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်အပေါ် ရှုတ်ချသည့် ဆန္ဒထုတ်ဖော်မှုကို အရပ်ဘက်အ ဖွဲ့မှ ပုဂ္ဂိုလ်များ၊ ဒေသခံများနှင့် နိုင်ငံရေးပါတီအချို့မှ ပုဂ္ဂိုလ်များ က မြို့ပေါ်တွင် ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း သုံးကြိမ်ဆန္ဒပြခဲ့ရာ  ရဲတပ်ဖွဲ့က ဦးဆောင်သူ ရှစ်ဦးကို တရားစွဲဆို ခဲ့ပြီး ၁၂ ဦးကို ဆက်လက်အရေး ယူရန် စီစဉ်ထားသည်။

ယင်းနှင့်ပတ်သက်၍ KNPP က ပြည်နယ်အာဏာပိုင်များသည် ပြည်နယ်၏တည်ငြိမ်အေးချမ်း ရေး  ရှေးရှုပြီး  ဆန္ဒပြသူများကို ဖမ်းဆီးအရေးယူခြင်းမှ သဘောထားကြီးစွာဖြင့် လွှတ်ပေးရန် တိုက်တွန်းကြောင်း ဇန်နဝါရီ ၂၀ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် သည်။ ထို့ပြင် KNPP အတွင်း ရေးမှူး ရွှေမျိုးသန့်ပါဝင်သည့် အဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် တွင် ပြည်နယ်အစိုးရအဖွဲ့တာဝန် ရှိသူများနှင့် သွားရောက်တွေ့ဆုံ ညှိနှိုင်းရာ တရားရုံးက ဖမ်းဆီးအမှု ဖွင့်ထားသူသုံးဦးကို ဇန်နဝါရီ ၂၃ ရက်တွင် အမှုပလပ်ခဲ့သည်။

‘‘အဓိကကတော့ ပြည်နယ် ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ထိ ခိုက်မှာစိုးရိမ်တယ်ပေါ့။ အဲဒီလို အခြေအနေမှာ KNPP တာဝန်ရှိသူတွေက ဝင်ရောက်စေ့စပ်ပြီးမှ ကျွန်တော်တို့ လူငယ်တွေက လည်း ပြည်နယ်ရဲ့ငြိမ်းချမ်းရေးကို ရှေးရှုပြီး အမှုပလပ်တာကို လက်ခံ လိုက်တယ်ဗျ’’ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ ခွန်းဘားနဒ်က ဆိုသည်။ ဇန်နဝါရီ ၁၉ ရက် ဆန္ဒ ပြပွဲတွင် ဦးဆောင်ပါဝင်သူ ၁၂ ဦးကို တရားစွဲဆိုခြင်းမပြုရန်လည်း ပြည်နယ်အစိုးရက သဘောတူ ပေးခဲ့ကြောင်း ၎င်းက ပြောသည်။ ဆန္ဒပြမှုဖြင့် ထောင်ဒဏ် ရက် ၂၀ ကျခံနေရသည့် လူငယ်ငါးဦးသည် ဇန်နဝါရီ ၂၄ ရက်တွင် ပြစ်ဒဏ်စေ့ပြီဖြစ်၍ ပြန်လည်လွတ်မြောက် မည်ဖြစ်သည်။

‘‘သူတို့က လူငယ်တွေကို ပြန်တောင်းဆိုတာက နောက်ပိုင်း ဆန္ဒပြမယ်ဆိုရင် တရားဝင်အ ကြောင်းကြားစာ တင်ဖို့ဆိုတာ လောက်ပဲ ကတိတောင်းတာရှိ တယ်’’ဟု ခွန်းဘားနဒ်က ဆို သည်။

ပြည်နယ်တည်ငြိမ်ရေးထိန်း သိမ်းရန် ရည်ရွယ်ကာ ပြည်နယ် အစိုးရနှင့် ညှိနှိုင်းခဲ့သည့်အပြင် ဆန္ဒပြလူငယ်များ ထပ်မံဆန္ဒပြ ခြင်းမပြုရန် ညှိနှိုင်းပေးခဲ့ကြောင်း KNPP အတွင်းရေးမှူး ရွှေမျိုးသန့် က ပြောကြားသည်။

‘‘ကျွန်တော်တို့က    အဲဒီ ကလေးတွေ လွှတ်လိုက်ပါလို့ ရေးထားတာပေါ့။ ဟုတ်ပြီတဲ့၊ ကျွန် တော်တို့က လွှတ်လိုက်ပြီဆို နောက်ထပ် ဒီလိုထပ်မလုပ်ဘူးဆို တာ ဘယ်သူအာမခံမလဲလို့ ပြော တယ်။ ဝန်ကြီးချုပ် တကယ်လွှတ် မလား၊ လွှတ်ရင် ကျွန်တော်တို့ အာမခံပါတယ်လို့ ပြောတော့ သူ က ဥပဒေကြောင်းအရ ဥပဒေအ ရာရှိကိုမေးတာပေါ့။ ဘယ်လိုလုပ်လို့ရမလဲပေါ့။ ဥပဒေအရာရှိက လည်း လုပ်လို့ရပါတယ်ပေါ့။ အဲဒါချက်ချင်းပဲ ရဲက စွဲတာဖြစ်တဲ့အ တွက်ကြောင့် ရဲရယ်၊ တရားရုံး ရယ်၊ ဥပဒေအရာရှိရယ် မျက်နှာ ချင်းဆိုင်ထိုင်ပြီးတော့ ညှိလိုက်လို့ ရှိရင် ပြန်လွှတ်လို့ရတယ်ပေါ့’’ ဟု ရွှေမျိုးသန့်က ပြည်နယ်အစိုးရအ ဖွဲ့နှင့်  ညှိနှိုင်းခဲ့မှုကို  ပြန်လည် ပြောကြားသည်။

အစိုးရ၏ ဆောင်ရွက်ချက် သည် အပြုသဘောဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း အမှုပလပ် လိုက်၍ ဇန်နဝါရီ ၂၃ ရက်တွင် ပြန်လွတ်လာသည့် ဆန္ဒပြပွဲဦး ဆောင်သူ ကယန်းအမျိုးသားပါ တီဥက္ကဋ္ဌ ခွန်းဘီထူးက ပြော သည်။ KNPP တပ်ဖွဲ့ဝင်များ အသတ်ခံရမှုဖြစ်စဉ် အမှုမှန်ပေါ် ပေါက်ရေးနှင့် လူထုသိရှိစေရန် သတင်းထုတ်ပြန်ပေးမှုများနှင့် ပတ်သက်၍ ပြည်နယ်အစိုးရ၏ ဆောင်ရွက်မှုများကို စောင့်ကြည့် ရမည်ဟု ၎င်းက ဆိုသည်။

KNPP တပ်ဖွဲ့ဝင်များ အ သတ်ခံရမှုနှင့်ပတ်သက်၍ တပ်မ တော်က စုံစမ်းစစ်ဆေးရေးခုံအဖွဲ့ ဖွဲ့စည်းစစ်ဆေးနေသည်။

More in News Section