လှိုင်သာယာမီး အိမ် ၈၀ ကျော်လောင်၊ အမျိုးသားတစ်ဦးသေဆုံး

လှိုင်သာယာမြို့နယ် စက်မှုဇုန် (၄) တွင် ထင်းမီးဖိုဖြင့် ရေနွေးအိုးတည်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျူးကျော်နေအိမ် ၈၀ ကျော် မီးလောင်ဆုံးရှုံးပြီး လေဖြန်းရောဂါခံစားနေရသည့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။ 

ဇန်နဝါရီ ၂၃ ရက် နံနက် ၁၁ နာရီခွဲကျော်က စတင်လောင်ခဲ့ရာ နေ့လယ် ၁၂ နာရီကျော်တွင်  မီးငြိမ်းခဲ့ပြီး ထင်းမီးဖိုဖြင့် ရေနွေးအိုးတည်ထားသည့် အချိန် အထက်ပါအမျိုးသားအိပ်ပျော်နေစဉ် အနီးပတ်ဝန်းကျင်သို့ မီးကူးစက်လောင်ခဲ့ခြင်းဖြစ်ကြောင်း  သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မီးလောင်မှုကြောင့် အနီး ဝန်းကျင်ရှိ ကျူးကျော်နေအိမ် ၈၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း ၇၀ ခန့်ရှိ ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦး စီးဌာနက သတင်းထုတ်ပြန်ထား သည်။ 

မီးလောင်မှုစတင်သည့်အိမ် မှ လေဖြန်းရောဂါခံစားနေရသည့် အမျိုးသားတစ်ဦး   သေဆုံးပြီး အမျိုးသမီးတစ်ဦး  မီးလောင်ဒဏ် ရာအနည်းငယ်ရရှိခဲ့ကာ သေဆုံး သည့် အမျိုးသားကို ပုဒ်မ ၂၈၅ ဖြင့် လှိုင်သာယာမြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားသည်။