ရိုက်တာသတင်းထောက်နှစ်ဦးကို ဒုသမ္မတ ဦးမြင့်ဆွေ ခွင့်ပြုချက်ဖြင့် တရားစွဲခဲ့ကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးထွက်ဆို

ရိုက်တာသတင်း ထောက် ကိုဝလုံးနှင့် ကိုကျော်စိုး ဦးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဖြင့် တရားစွဲဆိုရန် အဆိုပါရက်ပိုင်းတွင် ခေတ္တသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသော ဒုသမ္မတ (၁) ဦးမြင့်ဆွေ၏ ခွင့်ပြုချက်ဖြင့်    တရားစွဲဆိုခြင်းဖြစ် ကြောင်း တရားလိုဖြစ်သူ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး ယုနိုင်က တရားရုံးတွင် ထွက်ဆို သည်။ စွပ်စွဲခံရသူများ၏ရှေ့နေ ဦးသန်းဇော်အောင်၏ ပြန်လှန် မေးခွန်းများကြောင့် ဒုရဲမှူးကြီးက ယင်းသို့ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရိုက်တာသတင်း ထောက်နှစ်ဦးအမှုဖြင့် ဆက်စပ်ဖမ်းဆီးထားသည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသော ဒုရဲမှူး မိုးရန်နိုင်နှင့်     ရဲတပ်ကြပ်ကြီးခင်မောင်လင်းတို့ကိုလည်း ၎င်း၏ နယ်မြေဖြစ်သော    မြောက်ပိုင်း ခရိုင်အတွင်း ဖမ်းဆီးအရေးယူ ထားခြင်းမရှိကြောင်းတရားလို ဖြစ်သူ ဒုရဲမှူးကြီးက ထွက်ဆိုသည်။

ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် သတင်းမီဒီယာဥပဒေအတိုင်း ဆောင်ရွက်ခဲ့သည်ဟုသိထားပြီး၎င်းတို့နှစ်ဦးကို နိုင်ငံတော် လျှို့ဝှက်ချက်များဥပဒေဖြင့် တရားစွဲဆိုရန် ထိုစဉ်က ခေတ္တသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရသောဒုသမ္မတ(၁)ဦးမြင့်ဆွေက ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ဒုရဲမှူးကြီးယုနိုင်က ထွက်ဆိုခဲ့သည်။

ဇန်န၀ါရီ ၂၃ ရက်တွင် နိုင်ငံ တော်လျှို့ဝှက်ချက်များ အက်ဥပ ဒေဖြင့် တရားစွဲဆိုခြင်းခံရသော ရိုက်တာသတင်းထောက်နှစ်ဦးကို တတိယအကြိမ်ရုံးထုတ်စစ်ဆေး ရာ တရားလို ဒုရဲမှူးကြီး ယုနိုင်ကိုစတင်စစ်ဆေးရာတွင် အထက်ပါအတိုင်းထွက်ဆိုခဲ့သည်။

ရိုက်တာသတင်းထောက် ကိုဝလုံးထံမှ ၂၀၁၇ သြဂုတ် ၂၈ ရက်စွဲပါ ရခိုင်ပြည်နယ် မောင်တောဒေသ တိုက်ပွဲဖြစ်စဉ်တွင် ကျန်ရှိသော လက်နက်၊ ခဲယမ်း များပါ အစီရင်ခံစာမိတ္တူနှင့် ပူးတွဲ ပါစာစောင်သိမ်းဆည်းရမိပြီး သတင်းထောက် ကိုကျော်စိုးဦးထံ မှ ၂၀၁၇ မေလ ၂၅ ရက်မှ ဒီဇင် ဘာ ၁၃ ရက်အတွင်း ရခိုင်ပြည် နယ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီ တိုင်းရင်းသားကျေးရွာများ၏ မီး လောင်မှုအခြေအနေ၊ လူဦးရေ စာရင်းနှင့် လူနေထိုင်မှုအခြေအ နေများပါ မိတ္တူတစ်စောင်နှင့် ပူး တွဲပါစာတစ်စောင်ကို သိမ်းဆည်း ရမိကြောင်း တရားလို ဒုရဲမှူးကြီးက ထွက်ဆိုသည်။

ရိုက်တာ သတင်းထောက် နှစ်ဦးကို ဒီဇင်ဘာ ၁၂ ရက် ည ၉ နာရီတွင် ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲဆိုရမည် ဖြစ်သောကြောင့် ယင်းည ၁၀ နာရီ၌ သမ္မတရုံးသို့ ခွင့်ပြုမိန့်တောင်းခံခဲ့သည်။ထို့ကြောင့် ဒီဇင်ဘာ ၁၃ ရက်တွင် ခေတ္တနိုင်ငံတော်သမ္မတ ဦးမြင့်ဆွေက ခွင့်ပြုပေးခဲ့ပြီး သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်ဟန်က ခွင့်ပြုချက်ပေးပို့ခဲ့ကြောင်း ဒုရဲမှူးကြီးက ထွက်ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးထင်  ကျော်သည် ဒီဇင်ဘာ ၁၂ ရက် ညက ဂျပန်နိုင်ငံသို့ ထွက်ခွာသွား၍ သမ္မတတာဝန်ကို ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက ထိုအချိန်က ခေတ္တတာဝန်ယူထားခြင်း ဖြစ်သည်။

ထို့အပြင် ဦးမြင့်ဆွေသည် မောင်တောဒေသစုံစမ်းစစ်ဆေး ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။

ရိုက်တာ သတင်းထောက် ထောက်နှစ်ဦးကို အာမခံပေးရန် ၎င်းတို့၏ အကျိုးဆောင်ရှေ့နေများက ယမန်နေ့တွင် အာမခံ လျှောက်ထားခဲ့သည်။ ရိုက်တာ သတင်းထောက် နှစ်ဦးသည် မိသားစုများနှင့်အတူ နေထိုင်သူ များဖြစ်ခြင်း၊ ရုံးချိန်းများကို မပျက် မကွက်တက်ရောက်မည်ဖြစ်ခြင်း နှင့် အစိုးရသက်သေများကို ဖျောက်ဖျက်မည်မဟုတ်ခြင်းတို့ကြောင့် အာမခံပေးရန် လျှောက်ထားခဲ့ သည်။ အာမခံလျှောက်ထားမှုကို အစိုးရရှေ့နေများက ကန့်ကွက်မှု ကြောင့် ခရိုင်တရားသူကြီးက လာမည့်ရုံးချိန်းတွင် အာမခံပေး၊ မပေးဆုံးဖြတ်မည်ဖြစ်သည်။

ရိုက်တာသတင်းထောက်နှစ်ဦးကို ဖေဖော်ဝါရီ ၁ ရက်တွင် ရုံး ချိန်းထပ်မံချိန်းဆိုထားသည်။

‘‘ထူးခြားတာကတော့ သ တင်းသမားတွေက သတင်းမီဒီ ယာဥပဒေနဲ့အညီ သူတို့လုပ်သွား တာကို ဒီတရားလိုက ထွက်သွား တယ်။ နောက်တစ်ခါ ဖမ်းဆီးတဲ့ နေရာ ကွဲလွဲချက်တွေရှိတယ်။ ရှာ ဖွေပုံစံမှာ ကျော်စိုးဦးကို ဖမ်းတဲ့ နေရာက ဘီယာဆိုင်အပေါက်ဝ ဖြစ်ပြီးတော့ ကိုသက်ဦးမောင်ကို ဖမ်းတဲ့နေရာကတော့ အမှတ် (၃) နဲ့ နီလာလမ်းထောင့်မှာ ဖမ်းတယ် ဆိုပြီးတော့ နေရာကွဲလွဲချက်ကို ၀န်ခံသွားပါတယ်။ ထူးခြားတာ တစ်ခုက သမ္မတရုံးရဲ့ တရားဆွဲဖို့ ခွင့်ပြုမိန့်နဲ့ပတ်သက်ပြီးတော့ အဲဒီဟာကို စွပ်စွဲခံသူတွေကို ဖမ်းတာ က ၁၂ ရက် ည ၉ နာရီနီးပါးမှာ ဖမ်းတယ်။ ၁၀ နာရီမှာ သူတို့သမ္မတ ရုံးကို ခွင့်ပြုမိန့်တောင်းဖို့အတွက် စာတွေက အဆင်သင့်ဖြစ်နေ တယ်ဆိုတာ ထွက်ဆိုသွားတယ်။ တစ်နာရီအတွင်းမှာ ဒီဟာသည် အဆင်သင့်ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဆောင်တယ်’’ဟု စွပ်စွဲ ခံရသူများဘက်မှ လိုက်ပါဆောင် ရွက်သည့် တရားလွှတ်တော်ရှေ့ နေ ဦးသန်းဇော်အောင်က ပြော သည်။ အမှုနှင့်ပတ်သက်၍  မျှမျှ တတဆောင်ရွက်ပေးမည်ဟု ယုံ ကြည်ကြောင်း ဖမ်းဆီးခံ ရိုက်တာ သတင်းထောက် ကိုဝလုံးက တရားရုံးမှအထွက် သတင်း ထောက်များအား ပြောသည်။

‘‘တရားဥပဒေအတိုင်း မျှမျှ တတစီရင်ဆုံးဖြတ်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ တရားမျှတမှုကိုလည်း ကျွန်တော် တို့ အလိုရှိပါတယ်။ နောက် တစ်ခုကတော့ ကျွန်တော်တို့က ဒီအမှုနဲ့ပတ်သက်ပြီးတော့ အမှား လုပ်ခဲ့တာ ဘာမှမရှိဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ တုန်လှုပ်မှုလည်းမရှိပါဘူး။ ဒီအမှုအပေါ်မှာ မျှမျှတတဆုံးဖြတ်ဖို့ကို လည်း မျှော်လင့်ပါတယ်’’ဟု ကိုဝလုံးက ပြောသည်။

ယမန်နေ့ ညနေပိုင်းကလည်း ရိုက်တာသတင်းထောက်နှစ်ဦး အရေးနှင့် ပတ်သက်ပြီး မြန်မာ သတင်းသမား ကာကွယ်ရေး ကော်မတီ PCMJ အဖွဲ့က ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံ တွင် လှုပ်ရှားမှုများပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ချဉ်းကပ်စည်းရုံးဆက်သွယ်ပြီး အရေး ကြီးလုံခြုံရေးစာရွက်စာတမ်းအ ထောက်အထားများကို ပြည်ပ သတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမ၀င်သတင်း ရယူဆောင်ရွက်ခဲ့သည်ဟုဆိုကာ ရိုက်တာသတင်းဌာနမှ မြန်မာ သတင်းထောက် ကိုဝလုံးနှင့် ကို ကျော်စိုးဦးတို့ကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ် မ ၃ ဖြင့် ဒီဇင်ဘာ ၁၂ ရက်ညတွင် ဖမ်းဆီးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ကမူ ရိုက်တာသတင်းထောက်နှစ်ဦးသည် ထောင်ဖမ်းခံရသည်ဟု ယူဆကြောင်းပြောကြားထားသည်။

More in News Section