ရလဒ်ထက် ကစားပုံကို စိတ်ပျက်မိကြောင်း လီဗာပူးနည်းပြ ပြောကြား

Getty Images

လန်ဒန်- ပရီးမီးယားလိဂ် အမှတ် ပေးဇယား အောက်ဆုံးမှ ဆွမ်ဆီး ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ရလဒ်ထက် ကစားသမားများ၏ စွမ်းဆောင်ရည်ကို ပို၍စိတ်ပျက် မိကြောင်း လီဗာပူးနည်းပြ ဂျာဂန် ကလော့ပ်က ပြောသည်။

လီဗာပူးသည် ဂိုးသွင်းခွင့် အခွင့်အရေးအချို့ ရရှိသော် လည်း အဆုံးသတ်ညံ့ဖျင်းခြင်း၊ ဆွမ်ဆီးနောက်တန်း ကစားပုံ ကောင်းမွန်ခြင်းနှင့် ဂိုးသမား ဖေ ဘီယန်စကီးတို့၏ လက်စွမ်းပြမှု ကြောင့် ၎င်းတို့၏ ၁၈ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကျိုးပျက်ခဲ့ခြင်းဖြစ် သည်။ယခုရလဒ်ကြောင့် လီဗာပူး သည် အောက်တိုဘာနောက်ပိုင်း ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရပြီး အ ဆင့် (၅)ရှိ စပါးကို အမှတ်ပိုဖြတ် ခွင့် လက်လွှတ်ခဲ့ရသည်။

‘‘ရလဒ်ထက် စွမ်းဆောင် ရည်နဲ့ပတ်သက်ပြီး ပိုပြီးတော့ စိတ်ပျက်ရပါတယ်။ ကျွန်တော် တို့ မကောင်းခဲ့ဘူး။ အထူးသဖြင့် ပထမပိုင်းမှာပါ၊ ကိုယ့်စိတ်ကြိုက် ကစားချင်တဲ့ပုံစံကို မကစားနိုင်ခဲ့ ဘူး။ နေရာယူတွေ မမှန်ခဲ့သလို ပြိုင်ဘက်ကို ဒုက္ခမပေးနိုင်ခဲ့ပါ ဘူး။ သူတို့ (ဆွမ်ဆီး)ကို ဂိုးသွင်း ခွင့် အခွင့်အရေးပေးခဲ့ပြီး ဆွမ်ဆီး ဖြစ်စေချင်တဲ့အတိုင်း ကျွန်တော် တို့ ဖြစ်ခဲ့ရပါတယ်’’ဟု ဂျာဂန် ကလော့ပ်က ပြောသည်။

ယင်းပွဲတွင် ဂျာဂန်က လော့ပ်သည် ဆွမ်ဆီးပရိသတ် တစ်ဦးနှင့် အချေအတင်ဖြစ်ခဲ့ သည်။လီဗာပူးအတွက် အမှတ်ဆုံး ရှုံးခဲ့သော်လည်း တန်းမဆင်းရ ရေး ရုန်းနေရသော ဆွမ်ဆီးအ တွက် အဖိုးမဖြတ်နိုင်သည့် နိုင်ပွဲ ဖြစ်ခဲ့သည်။

‘‘လီဗာပူးဟာ တကယ့်ကို တောင့်တင်းတဲ့ အသင်းဖြစ်တယ် လို့ ကစားသမားတွေကို ကျွန် တော်ပြောခဲ့ပါတယ်။ လီဗာပူးက ဖော်မြူလာဝမ်းကားတစ်စီးလိုပဲ။ အဲဒီကား မောင်းခွင့်မသာအောင် လုပ်ဖို့ လိုအပ်ခဲ့ပြီး ဒါကို လုပ်နိုင် ခဲ့ပါတယ်’’ဟု ဆွမ်ဆီးနည်းပြ ကာဗယ်လ်ဟယ်လ်က ပြော သည်။ ဒီဇင်ဘာနှောင်းပိုင်းက ဆွမ်ဆီးကို ကိုင်တွယ်ခဲ့သူ ကာ ဗယ်လ်ဟယ်လ်သည် ၎င်းကြီး ကြပ်ခဲ့သည့် လိဂ်လေးပွဲတွင် ဆွမ် ဆီးအတွက် ခုနစ်မှတ်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

—Ref:BBC/AFP